Print

Kernicterus (ကာနီးတရပ်စ် ဦးဏှောက်ထိခိုက်ရောဂါ)

  26-Oct-2018
Preview Image

Kernicterus ရောဂါဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ bilirubin ဟုခေါ်သည့်ရောင်ခြယ်ပစ္စည်းတစ်မျိုး ပုံမှန်ထက်အလွန်အမင်းများလာပြီး ဦးနှောက်အတွင်းသို့ပုံသည့်အတွက်ကြောင့် ဦးနှောက်ပျက်စီးသွားစေသည်။

အဖြစ်နည်းသော်လည်း ဖြစ်ပါကဆိုးရွားသော နောက်ဆက်တွဲများကိုခံစားရရှိနိုင်ပါသည်။ ထို့ကြောင့်ကလေးများအသားဝါပါက အချိန်မှီ ကုသပေးရန်လိုအပ်ပါသည်။ မကုသမိပါက အသားဝါခြင်းကိုဖြစ်ပေါ်စေသည့် Bilirubin များပုံလာကနောက်ဆက်တွဲ Kernicterus ရောဂါဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှုပို၍ များနိုင်သောကလေးအုပ်စုများမှာ 

- သွေးတွင်း bilirubin ဓာတ်အလွန်များနေသူများ။

- သွေးတွင်း bilirubinဓာတ်များလာမှု မြန်သူများ နဲ့ အသားဝါသည်နှင့် ထိရောက်စွာကုသမှုမခံယူသူများတွင်အဖြစ်များတတ်ပါသည်။


လက္ခဏာများ

စောစီးစွာသိနိုင်သည့် လက္ခဏာများ။

- မျက်လုံးဝါ၊ အသာဝါခြင်း၊ ဆီးဝါခြင်း

- အသံစူးစူးဝါးဝါး အော်ငိုခြင်း

- မှိန်းသွားခြင်း တနည်း ပတ်ဝန်းကျင် လှုံ့ဆော်မှုများကို ပြန်လည် တုံ့ပြန်မှုမရှိတော့ခြင်း။ 

- ပုံမှန်မဟုတ်ဘဲ ကလေးပျော့ခွေသွားခြင်း တနည်း အရုပ်ကြိုးပြတ်ဖြစ်သွားခြင်း။

- နို့ကောင်းကောင်း မစို့တော့ခြင်း

- ထို့အပြင် တက်ခြင်း။ တကိုယ်လုံးတောင့်သွားခြင်း တို့ဆက်၍ ဖြစ်ပွားနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ

အမေနှင့်သွေးအုပ်စုမတူခြင်း-သဘာဝအလျောက်ဝါခြင်း Physiological jaundice

- ABO နှင့် Rh မျောက်သွေးအုပ်စု

- G6PD Enzyme အင်ဇိုင်းချို့တဲ့မှု

- မွေးရာပါရောဂါပိုး အမေဆီမှကူးလာခြင်း။

- မွေးပြီးမှရောဂါပိုးဝင်ခြင်း။

- မွေးစဉ်ထိခိုက်မှုဖြစ်ခြင်း။

- မိခင်နို့ထဲတွင်ပါသည့်ဓာတ်တစ်မျိုးကြောင့် ဝါရခြင်း။

- မွေးရာပါသိုင်းရွိုက် ဟော်မုန်း ချို့တဲ့မှုကြောင့်ဝါခြင်း။

- အသည်းရောင်၍အသားဝါခြင်း။

- မွေးရာပါ သည်းခြေပြွှန်ကျဉ်းပြီး bilirubin မစွန့်ထုတ်နိုင်၍ဝါခြင်း။

- Choledochal cyst သည်းခြေပြွှန်တွင်အိတ်တည်ခြင်း။

- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။

- Alpha1 antitrypsin ဓာတ်ချို့တဲ့ခြင်း။


စစ်ဆေးမှုများ

- ကလေးမွေးပြီး ၇၂ နာရီအတွင်း မျက်လုံးဝါခြင်း၊ အသားဝါခြင်းမျိုး ရှိမရှိ စမ်းသပ်သင့်သည်။

ပြုလုပ်၍ရသည့်နည်းလမ်းမှာ လက်ဖြင့် ကလေး၏နှာခေါင်းသို့ နှာဖူးပြင်ကိုဖိကြည့်ပါ။ ဝါနေသည့် အစက်လေးများရှိမရှိစစ်ဆေးနိုင်ပါသည်။

ကလေး၏ ဆီးကိုလည်းဝါမဝါ စစ်ဆေးကြည့်သင့်ပါသည်။ ပုံမှန်ဆိုလျှင် ကလေးဆီးသည် ကြည်နေသင့်ပါသည်။

- သွေးတွင်း bilirubin ဓာတ်များမများစစ်ဆေးခြင်း။

- ကလေးသွေးအုပ်စုစစ်ခြင်း။

- ရောဂါပိုးရှိမရှိစစ်ဆေးခြင်း။

- ရောဂါပိုးကိုပြန်တိုက်နေသည့် antibodies ရှိမရှိ စစ်ဆေးခြင်း။

- သွေးတွင်း enzyme ဓာတ်ချိုတဲ့မှုရှိမရှိ စစ်ဆေးခြင်း။


နောက်ဆက်တွဲ ပြဿနာများ

- Cerebral palsy- ကလေး၏ လှုပ်ရှားမှုနှင့် အသိဉာဏ်ပညာချို့ယွင်းခြင်း။

- နားမကြားတော့ခြင်း။

- သင်ကြားရခက်ခြင်း။

- ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများ ခန္ဓာကိုယ်တွင်ပေါ်လာခြင်း။

- အမြင်ပြောင်းလဲလာခြင်း- ပုံမှန်ရှေ့တည့်တည့်ကိုမကြည့်မမြင်ဘဲ အပေါ်သို့ အောက်။ဘေးကိုသာစိုက်၍ ကြည့်နေခြင်း။

- သွားပေါက်နှေးခြင်းတို့ ဖြစ်တတ်ပါသည်။


ကုသခြင်း

အသားဝါသည့် ကလေးတိုင်းကို မီးပြစရာမလိုပါ။ သို့သော် သွေးတွင်း bilirubin ဓာတ်များနေသည့် အသားဝါကလေးများ ကုသမှုခံယူရန် လိုအပ်ပါသည်။

- မီးပြ၍ကုသခြင်း။

- သွေးအစားလဲ၍ကုသခြင်း။ 

- ဖြစ်စေသည့်အကြောင်းအရင်း ရောဂါအရင်းအမြစ်ကိုကုသခြင်း။


Kernicterus ဖြစ်ပွားပြီးပြီဆိုလျှင် ရေရှည်ပြုစုကုသပေးရန်မှာအရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပါသည်။Physiotherapy လေ့ကျင့်ခန်းပုံမှန်လုပ်၍ တောင့်တင်းနေသည့် ခန္ဓာကိုယ်အရိုးအဆစ်များကိုပျော့ပြောင်းလာအောင်ပြုလုပ်ပေးခြင်း။


Ref: NHS Choices, UK

      Myanmar Paediatric society

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18