Print

Paracetamol Poisoning(ပါရာစီတမော အဆိပ်သင့်ခြင်း)

  19-Aug-2018
Preview Image

ပါရာစီတမောအဆိပ်သင့်ခြင်း အသောက်လွန်ခြင်းသည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်များသော အရေးပေါ်အခြေအနေ တစ်ခုပင်ဖြစ်သည်။ ပါရာစီတမော အဆိပ်သင့်ခြင်းသည် အသည်း၏ လုပ်ငန်းစဉ်များကို အဓိကထိခိုက်ခြင်း ဖြစ်စေ သည်။ပုံမှန်ခန္ဓာကိုယ်ရှိသော လူတစ်ယောက်တွင် ပျမ်းမျှ Paracetamol (ပါရာစီတမော) အလုံး 20 နှင့် အထက် တစ်နည်းအားဖြင့် 150 mg / kg သောက်မိပါက အသည်းထိခိုက်ခြင်း၊ အဆိပ်သင့်ခြင်း ဖြစ်နိုင်သည်။

သို့ရာတွင် အာဟာရ ချို့တဲ့နေသူများနှင့် ကလေး၊ သက်ကြီးရွယ်အိုများတွင်မူ ဆေးလုံးအရေအတွက်နှင့် ပမာဏအတိအကျမရှိ ဥပမာ ၈ လုံးမျှနှင့်ပင် အသည်းထိခိုက်နိုင်ပါသည်။ အဆိပ်သင့်သည့် လက္ခဏာများသည် အများအားဖြင့် ပထမ ၂၄ နာရီအတွင်း မသိသာပေ။ “ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း မျှသာရှိတတ်သည်။ အသည်းထိခိုက်သွားပြီဆိုလျှင်မူ အသားဝါခြင်း၊ Hepatic EncephaloPathy စသည့်တို့ ဖြစ်နိုင်ပါသည်။ သို့ပါ၍ အရေးပေါ်ကုသနိုင်ရန် အချိန်တိုအတွင်း လူနာအား နီးစပ်ရာ ဆေးရုံးဆေးခန်းသို့ ပို့ရပါမယ်။


Ref :
Dr:MHP

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18