Print

အိမ်ကရေခဲသေတ္တာထဲမှာ ဖရဲသီးအမြဲတမ်းရှိနေရင် ရရှိမယ့် အကျိုးကျေးဇူးများ

  31-Aug-2018
Preview Image

ဖရဲသီးလို့ဆိုလိုက်တာနဲ့ ရေဓာတ်ပြည့်ဝပြီး စားချင်စရာကောင်းနေတဲ့ အရည်ရွှမ်းတဲ့ အသီးနှံကိုပဲ အားလုံးက မြင်ကြပါတယ်။ ဖရဲသီးက စားကောင်းရုံတင်မဟုတ်ဘဲ ပုံမှန်စားသုံးပေးမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် အထောက်အကူတွေ အများကြီးဖြစ်စေတယ်ဆိုတာကို သိလိုက်ရပါတယ်။  အိမ်က ရေခဲခေတ္တာထဲမှာ အမြဲတမ်းထည့်ထားပေးပြီး စားချင်တဲ့အချိန်တိုင်းမှာ စားလို့ရတော့ပိုပြီးတော့ အဆင်ပြေတာပေါ့။ ဖရဲသီးကိုစားနေပြီးတော့ ခန္ဓာကိုယ်အတွက် ဘယ်လိုတွေ ထောက်ပံ့ပေးနိုင်တယ်ဆိုတာကို မသိထားလို့တော့ မရဘူးလေ။

    ရေဓာတ်ပြည့်ဝတဲ့ အချက်ကလည်း ကျန်းမာရေးအတွက် အသင့်တော်ဆုံးအကျိုးကျေးဇူးလို့ ပြောလို့ရပါတယ်။ ဖရဲသီးက စားလိုက်တဲ့အချိန်တိုင်းမှာ အရသာလည်း ပြည့်စုံပြီး အရည်ရွှမ်းတဲ့ အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်တွေကို ပြည့်ဝစေတာကြောင့် ရေဓာတ်ဆုံးရှုံးမှာတွေကိုလည်း မဖြစ်စေတော့ပါဘူး။ လေ့လာမှုတော်တော်များများမှာ ဖော်ပြထားတာကတော့ ဖရဲသီးအရည်မှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက ကြွက်သားနာကျင်တာတွေကိုလည်း သက်သာစေဖို့ အထောက်အကူပြုနေပါတယ်တဲ့။ 

     ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်တဲ့။ ဝိတ်ချဖို့စဉ်းစားနေတဲ့ ပျိုမေတို့အတွက်တော့ သတင်းကောင်းပဲပေါ့။ ဖရဲသီးကိုစားလိုက်လို့ ဝိတ်ကျသွားမှာမျိုးတော့ မဟုတ်ဘူးနော်။ ဖရဲသီးမှာ ကယ်လိုရီသိပ်မပါတဲ့အပြင် အရည်ရွှမ်းတဲ့ အသီးဖြစ်တာကြောင့် ဝိတ်လျော့နေတဲ့ အချိန်မှာ စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်လည်း မတက်စေဘဲ ဗိုက်လည်း ပြည့်နေစေမှာဖြစ်ပါတယ်။  အမြင်အာရုံကောင်းမွန်စေဖို့ လိုအပ်တဲ့ Vitamin A ဓာတ်ကိုလည်း ဖရဲသီးကနေ အပြည့်အဝရရှိနိုင်တာကြောင့် ပုံမှန်စားသုံးပေးမယ်ဆိုရင် အမြင်အာရုံကို ကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။ 


Credit: My Food



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18