Print

ကြက်ဥတွေကို ရေခဲသေတ္တာ တံခါးပေါက်အကန့်မှာ ထည့်ထားခြင်းအကျိုး

  06-Aug-2018
Preview Image


ကျွနု်ပ်တို့ အများစုက အစားအစာ သိမ်းထားတဲ့ ရေခဲသေတ္တာကို အရေးမပေးတတ်ကြပါဘူး။ သို့ပေမယ့် အစားအစာတွေကို လတ်လတ်ဆတ်ဆတ် သိမ်းထားချင်တယ်၊ အချိန်ကြာကြာ ကောင်းမွန်အောင် ထားချင်တယ်ဆိုရင် ဒါ သိပ်အရေးကြီးပါတယ်။ အစားအသောက်ကို လတ်လတ်ဆတ်ဆတ်နဲ့ အချိန်ကြာကြာ ကောင်းမွန်နေအောင် သိမ်းထားမယ်ဆိုရင် ရေခဲသေတ္တာ အပူချိန်ကို ဝ-၄ ဒီဂရီထိ ချိန်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနည်းဖြင့် ဘက်တီးရီးယား ဖွံ့ဖြိုးမှုကို တားဆီးပေးပါလိမ့်မယ်။

ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းမှာ ထမင်းကျန်တွေ၊ ဟင်းခတ်အမွှေးကြိုင်နဲ့ ချက်ချင်းစားသုံးလို့ ရနိုင်တဲ့ အစားအစာ သိမ်းထားရပါတယ်။ အဲ့နေရာမှာ ရေခဲသေတ္တာရဲ့ အပူအအေး တစ်သမတ်တည်း အကျဆုံးဖြစ်ပါတယ်။ တံခါးပေါက်နေရာတွေဟာ ရေခဲသေတ္တာ အတွင်းပိုင်းရဲ့ အပူဆုံးနေရာေတွေ ဖြစ်ပါတယ်။ အဲဒီနေရာဟာ သဘာဝအရ ကြာရှည်ခံသော ပစ္စည်းတွေကို သိမ်းထားသင့်တဲ့ နေရာဖြစ်ပါတယ်။ Mayonaise နဲ့ လိမ္မော်သီး ဖျော်ရည်တွေကို အဲ့နေရာမှာ သိမ်းထားနိုင်ပေမယ့် ကြက်ဥ၊ နို့နဲ့ပြုလုပ်တဲ့ အစားအစာတွေကိုတော့ မရပါဘူး။ အပူချိန်နည်းတဲ့ အတွက်ကြောင့် ကြက်ဥ၊ နို့နဲ့ ပြုလုပ်တဲ့ အစားအစာတွေကိုတော့ အောက်ထပ်မှာ သိမ်းထားသင့်ပါတယ်။ အောက်ထပ်တွေမှာ ပင်လယ်စာ၊ ငါး နဲ့ အသားစိမ်းတွေ သိမ်းထားနိုင်သေးတယ်။ ကြက်ဥက တခြားပစ္စည်းတွေရဲ့ အနံ့အသက်ကို စုပ်ယူနိုင်တာကြောင့် အနံ့ပြင်းတဲ့ ပစ္စည်းမျိုးထားမယ်ဆိုရင် ကြက်ဥတွေနဲ့ ဝေးဝေးနေရာမှာသာ ထားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို သီးခြား အကန့်မှာ သိမ်းထားပါ။

အများအားဖြင့် အခန်းနှစ်ခု ကန့်ထားတဲ့ အောက်ဆုံးအထပ်မှာ တစ်ခုကို သစ်သီးအတွက် လုပ်ပြီး နောက်တစ်ခုမှာတော့ ဟင်းသီးဟင်းရွက် ထားပါ။ မက်မွန်သီး၊ သစ်တော်သီးနဲ့ မက်မန်းသီးလို အသီးမျိုးတွေကို ဟင်းသီးဟင်းရွက်တွေနဲ့ နီးနီးကပ်ကပ် မထားသင့်ပါဘူး။ ဘာလို့လဲဆိုရင် ဟင်းသီးဟင်းရွက်တွေကို အပုပ်မြန်စေတဲ့ ဂက်စ်တွေ ထုတ်တာကြောင့်ဖြစ်တယ်။


Credit: Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18