Print

အနီရောင် စပျစ်သီးနှင့် အစိမ်းရောင် စပျစ်သီး ဘာကွာခြားသလဲ

  21-Jul-2018
Preview Image


- ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေဟာ အနီ ရောင် စပျစ်သီးမှာ များစွာ ပါဝင်ပေမယ့် အစိမ်းရော င်စပျစ်သီးမှာ အနည်းငယ် သာ ပါဝင်ပါတယ်။


- ကယ်လိုရီပါဝင်မှု ပမာဏဟာ အစိမ်း ရောင်စပျစ်သီးမှာ အနီရောင်စပျစ်သီး ထက် အနည်းငယ်ပိုမြင့်မား ပါတယ်။

- အန်သိုဆိုင်ရာနင် ပမာဏဟာ အနီ ရောင်စပျစ်သီးမှာ မြင့်မားစွာ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အနည်း ငယ်သာ ပါဝင်ပါတယ်။

- အနီရောင် စပျစ်သီးမှာ ရီဗက်စထရော၊ ကတ်တချင်နဲ့ ကွာစီတင် လိုမျိုး ဖလေ ဗိုနွိုက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ ကတ်တချင် တစ်မျိုးတည်းသာ ပမာဏ အနည်းငယ် ပါဝင်ပါတယ်။

- အနီရောင်စပျစ်သီးဟာ သွေးဖိအားကို ကျဆင်းစေနိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးမှာမူ မကျဆင်းစေ နိုင်ပါ။

- အနီရောင် စပျစ်သီးက နှလုံးရောဂါ ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေး နိုင်ပြီး ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ကိုလက်စထရောတွေကို ကာကွယ်ထား နိုင်ပေမယ့် အစိမ်းရောင် စပျစ်သီးကတော့ မပြုလုပ် နိုင်ပါ။

- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီ ဗက်စထရောဟာ အယ်လ်ဇိုင်းမားရောဂါ ကို ကုသဖို့ ကူညီနိုင်ပေမယ့် အစိမ်း ရောင် စပျစ်သီး ကတော့ မပြုလုပ်နိုင်ပါ။

- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ ရီဗက် စထရောဟာ မှိုရောဂါနဲ့ ကင်ဆာရောဂါကို ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိ ရှိပေ မယ့် အစိမ်းရောင် စပျစ်သီးမှာ ရီဗက်စထ ရော မပါဝင်ပါ။

- အနီရောင် စပျစ်သီးမှာပါဝင်တဲ့ ကွာစိတင်ဟာ ဓာတ်မတည့်မှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် ဓာတ်မတည့် မှု ပြဿနာ အမျိုးမျိုးကို ကုသနိုင်ပြီး အစိမ်း ရောင်စပျစ်သီးမှာမူ ကွာစိတင် မပါဝင်ပါ။

- အနီရောင် စပျစ်သီးမှာ ပါဝင်တဲ့ အန်သိုဆိုင်ဆိုင်ရာနင်ဟာ ရောင်ရမ်းမှုကို လျော့ကျနိုင် တဲ့ ဂုဏ်သတ္တိရှိ ပေမယ့် အစိမ်းရောင် စပျစ်သီးမှာ အန်သိုဆိုင်ရာနင် မပါဝင်ပါ။

- ဒါကြောင့်မို့ အနီရောင် စပျစ်သီးဟာ အစိမ်းရောင် စပျစ်သီးထက် အာဟာရ တန်ဖိုး ပိုမိုမြင့်မားပါတယ်။

Healthcare.com.mm 
Ref:
Ko Zar Sat Khin 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18