Print

မုန်လာဥနီဖျော်ရည်ရဲ့ကောင်းကျိုးများ

  13-Jul-2018
Preview Image


 လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်တွေကို ကုန်စုံဆိုင်တွေ supermarket တွေမှာ ဝယ်ယူရရှိနိုင်သလို ဖျော်ရည်စက်ကို အသုံးပြုပြီး မိမိတို့အိမ်မှာ ကိုယ်တိုင်ပြုလုပ်သောက်သုံးနိုင်ပါတယ်။

ဖျော်ရည်တွေထဲမှာ

ဒါ့အပြင် မုန်လာဥနီဖျော်ရည်ဟာ မုန်လာဥနီဟာ အသုံးများတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အခြားသောအသီးအနှံတွေနဲ့ ရောစပ်ရာမှာ ကောင်းမွန်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ များပြားတဲ့ကျန်းမာရေး အကျိူးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါသေးတယ်။

မုန်လာဥနီဖျော်ရည်တစ်ခွက် (1 cup) မှာ ပါဝင်တဲ့ အာဟာရတွေကတော့

-2.24g of protein

-0.35g of fat

-21.90g of carbohydrate

-1.90g of fiber

-689mg of potassium

-20.1mg of vitamin C

-0.217mg of thiamin

-0.512mg of vitamin B6

-2256mcg of vitamin A

-36.6mcg of vitamin K တို့ပဲ ဖြစ်ပါတယ်။

မုန်လာဥနီဖျော်ရည်ဟာ အာဟာရဓာတ်ပြည့်ဝသလို အချို့သော ကျန်းမာရေး အခြေအနေတွေအတွက်လဲ ကောင်းကျိူးတွေ ပေးပါသေးတယ်။


(၁) အစာအိမ်ကင်ဆာ

မုန်လာဥနီတွေမှာ ကင်ဆာကာကွယ်နိုင်တယ်လို ့ဆိုကြတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (anti-oxidant) တွေ ပါဝင်ပါတယ်။ လေ့လာမှုတစ်ခုမှာတော့ လေ့လာစမ်းသပ်သူတွေက မုန်လာဥနီစားသုံးခြင်းဟာ အစာအိမ်ကင်ဆာဖြစ်နိုင်စွမ်းကို ၂၆%လောက် လျော့ကျစေနိုင်တယ်လို့ ပြောပါတယ်။ဒါပေမယ့် ဒီလို လျော့ကျနိင်ဖို့ ဘယ်လောက်ပမာဏစားသုံးရမယ် ဆိုတာကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။

 

(၂) ရင်သားကင်ဆာ

ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ လေ့လာမှုတစ်ခုမှာတော့ ရင်သားကင်ဆာပျောက်ကင်းသွားတဲ့လူနာတွေကို မုန်လာဥနီဖျော်ရည် ၈ အောင်စ ကို နေ့စဉ် ၃ ပတ်တိတိ သောက်ခိုင်းပြီး မုန်လာဥနီဖျော်ရည်မှာပါတဲ့ Carotenoids ဓာတ်နဲ့ လူနာတွေရဲ့သွေးထဲက ဓာတ်တိုးပစ္စည်းတွေ၊ ယောင်ယမ်းစေတဲ့ ဓာတ်ပစ္စည်းတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ လေ့လာသူတွေကတော့ သွေးထဲမှာ carotenoids level မြင့်တက်လာခြင်းဟာ ရင်သားကင်ဆာပြန်ဖြစ်နိုင်ခြေလျော့နည်းခြင်းနဲ ့ ဆက်စပ်နေတယ်လို့ တင်ပြခဲ့ကြပါတယ်။

 

(၃) နာတာရှည် အဆုတ်ရောင်ရောဂါ (COPD)

 မုန်လာဥနီဖျော်ရည်မှာ Vitamin C ဓာတ် အများအပြားပါဝင်ပါတယ်။ လေ့လာသူတွေဟာ အသက် ၄၀ နဲ့အထက် ကိုရီးယားလူမျိူးတွေမှာ COPD ရောဂါနဲ့ အစားအသောက်ကရတဲ့ vitamin C နဲ့ဆက်နွယ်မှုကို ရှာဖွေစူးစမ်းခဲ့ကြပါတယ်။

 

COPD ရောဂါရှိတဲ့သူတွေမှာ potassium, vitamin A, vitamin C ကဲ့သို့ မုန်လာဥနီဖျော်ရည်မှာတွေ့ရတဲ့ အာဟာရဓာတ်တွေစားသုံးမှုဟာ ရောဂါမရှိတဲ့သူတွေထက် သိသိသာသာလျော့နည်းနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ထည့်သွင်းစဉ်းစားရမည့်အချက်များ မုန်လာဥနီဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းကျိူးတွေပေးနိုင်ပေမယ့် သောက်သုံးတဲ့အချိန်မှာ ဂရုပြုရမှာတွေ ထည့်သွင်းစဉ်းစားပေးရမယ့် အချက်တွေလဲ ရှိပါသေးတယ်။ ကင်ဆာရောဂါ ကုသမှုခံယူနေသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ အစရှိတဲ့ ကိုယ်ခံအားလျော့နည်း နေသူတွေအဖို့ အစားအသောက်ကနေတစ်ဆင့် ရောဂါပိုးမွှားကူးစက်နိုင်ခြေရှိနေပါက တချို့သော အစားအသောက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုပါတယ်။

လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ (သို့) အထူးပိုးသတ်ခြင်း မပြုလုပ်ထားတဲ့ အသီးအနှံဖျော်ရည်တွေဟာ ရောဂါပိုးမွှားတွေ ရှိနေနိုင်ခြေများတတ်ပါတယ်။ အမေရိကန်အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ ပြောကြားချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထူးပိုးသတ်ထားတာ (သို့) ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အသီးဖျော်ရည်တွေကိုသာ ရွေးချယ်သင့်တယ်လို့ ဆိုပါတယ်။ ရပ်ကွက်ဈေးတွေမှာ (သို့) ဖျော်ရည်ဆိုင်တွေမှာ ရောင်းချတဲ့ လက်ငင်းဖျော်ပေးတဲ့ အသီးဖျော်ရည်တွေကို ရှောင်ကြဉ်သင့်တယ်လို့လဲ ဆိုပါတယ်။

မုန်လာဥနီမှာ ပါဝင်တဲ့ Beta-carotene လို့ခေါ်တဲ့ carotenoid တမျိုးဟာ ခန္ဓာကိုယ်ထဲရောက်သွားတဲ့ အခါ vitamin A အဖြစ် ပြောင်းလဲသွားပါတယ်။ Beta-carotene ဓာတ်တွေ အများအပြား စားမယ်ဆိုရင်တော့ အရေပြားအရောင်ဟာ ပြောင်းလဲသွားနိုင်ပြီး အဝါရောင်ပြောင်းသွားနိုင်ပါတယ်။ ဒါကိုတော့ carotenoderma လို့ ခေါ်ပါတယ်။ Standford ကျန်းမာရေးစင်တာကတော့ မုန်လာဥနီဖျော်ရည်တစ်ခွက် (1cup) မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်အာဟာရတွေက လှီးစိတ်ထားတဲ့ မုန်လာဥငါးခွက်စာ (5 cups) နဲ့ညီမျှတယ်လို့ ဆိုပါတယ်။

အသီးဖျော်ရည်တွေမှာ အာဟာရဓာတ်များစွာ ပါဝင်ပေမယ့် လတ်ဆတ်တဲ့ အသီးနဲ့ဟင်းသီးဟင်းရွက်တွေလို အမျှင်ဓာတ်များစွာ ပါဝင်ခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် ဖျော်ရည်တွေဟာ သကြားဓာတ်လဲ ပိုမိုပါဝင်ပါသေးတယ်။ ကိုယ်တိုင်အိမ်မှာပဲ မုန်လာဥနီဖျော်ရည်လုပ်သောက်မယ်ဆိုရင် ဖျော်ရည်စက်လေးတစ်လုံးတော့ လိုပါလိမ့်မယ်။ ဖျော်ရည်စက်ကို အသုံးပြုတဲ့အခါမှာ ထုတ်လုပ်သူရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပြီး အသုံးပြုပြီးတိုင်း သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။  မုန်လာဥနီဖျော်ရည်ဟာ အာဟာရဓာတ်များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးနိုင်ပေမယ့် ရိုးရိုးမုန်လာဥနီထက်စာရင်တော့ အမျှင်ဓာတ်နည်းပါးပြီး သကြားဓာတ်ပိုများပါတယ်။ အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ ကိုလက်စထရောလျှော့ချခြင်းတို့နဲ့ သက်ဆိုင်နေပါတယ်။

မုန်လာဥနီဖျော်ရည်ဟာ ဘယ်လိုပြင်ဆင်ပြုလုပ်ထားတယ်ဆိုတာအပေါ် မူတည်ပြီး လူတိုင်းအတွက်တော့ မသင့်တော်ပါဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ၊ အသက်ကြီးသူတွေနဲ့ အချို့သော ရောဂါရှိနေသူတွေအဖို့ မသင့်တော်ပါဘူး။ မုန်လာဥနီဖျော်ရည် အသင့်အတင့် သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဖျော်ရည်သောက်သုံးခြင်းဟာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းကိုတော့ အစားထိုးလို့မရပါဘူး။

 

Credit : ဒေါက်တာယမုံ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18