Print

မာလာကာသီး

  31-May-2018
Preview Image


ဗီတာမင် စီ ကြွယ်ဝတဲ့ အစားအစာ အုပ်စုဝင်ထဲမှာ မာလကာသီးဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မာလာကာသီးဟာ အပူပိုင်းနှင့် သမပိုင်းဒေသတွေမှာ ရှင်သန်ပေါက်ရောက်လေ့ရှိပါတယ်။ မူရင်းဇာတိကတော့ မက္ကဆီကိုနှင့် အမေရိက အလယ်ပိုင်းမှ စတင်ပေါက်ရောက်ခဲ့ပြီး နောက်ပိုင်းမှသာ အပူပိုင်းသေတွေအထိ ပေါက်ရောက်စိုက်ပျိူးခဲ့ကြသည်။ ဥရောပရဲ့ အနောက်နှင့်တောင်ပိုင်းဒေသရဲ့ မြေနေရာတချို့မှာ စိုက်ပျိုးပေါက်ရောက်ကြသလို ၁၉ ရာစုလောက်မှာ ဖလော်ရီဒါပြည်နယ်နဲ့ ၎င်းဒေသရဲ့ မြောက်ပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပြန်ပါသေးတယ်။

 

 အသီးအရွယ်အစားဟာ ပုံမှန်အားဖြင့် တစ်လက်မခွဲကနေ လေးလက်မခွဲကျော်ကျော်ထိ အရွယ်ရှိပါတယ်။ အစိမ်းအနေနဲ့ အတန်ငယ် ခါးသက်ပြီး မှည့်လေချိုလေဖြစ်ပါတယ်။ အညာဒေသတွေမှာဆို မာလကာသီးကို ငှက်ကိုက်ထားတဲ့ အသီးကိုမှ မှည့်တယ်။ စားကောင်းတယ်လို့ ယူဆပြီး ငှက်ကိုက်သီးကိုမှ ဦးစားပေးရွေးချယ် စားသောက်ကြပါတယ်။ ငှက်ကိုက်သီးဆိုတာက ကျီးကန်း၊ စာ၊ ခို၊ ဆက်ရက် အစရှိတဲ့ ငှက်တွေက နှုတ်သီးဖြင့်ထိုးဆွ စားသုံးထားတဲ့ အသီးမျိုးကိုဆိုလိုတာပါ။ တစ်ခါတလေ ၎င်းအသီးဟာ ငှက်ကိုက်ထားတဲ့ အရှိန်ကြောင့် မြေကြီးပေါ် ကြွေကျနေတတ်ပါတယ်။ ကလေးတွေက ဒီအသီးကို ရေသေချာဆေးပြီး မက်မက်မောမော စားကြပါတယ်။ အချို့မာလာသီးကို အမှတ်တကယ် ကြိုက်နှစ်သက်တဲ့ သူတွေကတော့ မာလကာသီးကို ဖျော်ရည်အဖြစ် ဖျော်သောက်လေ့ရှိပါသေးတယ်။ 


 မာလကာသီးမှာ ကာဗိုဟိုက်ဒြိတ်၊ သကြားဓာတ်၊ အစာချေ အမျှင်ဓာတ်၊ လူ့ခန္ဓာကိုယ်ကို ကောင်းကျိုးပြုစေတဲ့ အဆီဓာတ်၊ အသားဓာတ် ကြွယ်ဝမျှတစွာ ပါဝင်ပါတယ်။ ဗီတာမင် A, C,K  ဗီတာကယ်ရိုတင်း၊ ဗီတာမင် B1, B2, B3, B5, B6, B9, စတဲ့ ဗီတာမင် အုပ်စုတွေလည်း ပါဝင်သလို အရိုးတွေနဲ့ သွားကိုတွေ ကြံ့ခိုင်ဖို့ အထောက်အကူပြုတဲ့ ကယ်ဆီယမ်၊ သက်သာစေမည့် မဂ္ဂနီဆီယမ်၊ သံဓာတ် ဒါ့အပြင် မဂ္ဂနီ(စ်)၊ ဖောစဖိတ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်တို့လည်း အချိုးကျ မျှတစွာပါဝင်ပါတယ်။


 မာလကာသီးမှာ ပါဝင်တဲ့ ဗီတာမင် C ဓာတ်ဟာ ဆိုရင်လည်း လိမ္မော်သီးမှာပါဝင်တဲ့ ဗီတာမင် C ထက် လေးဆခန့် ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။ အသားအရေ စိုပြေတင်းရင်းစေတဲ့အပြင် အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိမ္မော်သီးထက် ဗီတာမင် C လေးဆပိုမိုကြွယ်ဝစွာ ပါဝင်တဲ့ မာလကာသီးကို စားသုံးဖို့ အကြံပေးချင်ပါတယ်။ 


Credit: တုနှိုင်းမမှီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18