Print

နွားနို့အစွမ်း

  31-Mar-2018
Preview Image

 နွားနို့သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ အရိုးကျန်းမာရေးကြံ့ခိုင်စေနိုင်သည်။ အိပ်ရေးပျက်ခြင်း မဖြစ်စေရန် ကူညီပေးနိုင်သည်။ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သည်။ နွားနို့ကို အသက်ကြီးငယ်မရွေး သောက်သုံးနိုင်သည်။ အသက်ကြီးသူများအတွက် အဆီထုတ်ပြီးသား နွားနို့သောက်ပါက ပိုသင့်လျော်ပါသည်။ လူငယ်များ၊ ကလေးငယ်များ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေရန် ပိုသောက်ပေးသင့်ပါသည်။ 


သောက်သုံးရန်မသင့်သူများ

 နွားနို့ကို အစာအိမ်အူမကြီး ရောဂါရှိသူ၊ အလာဂျ်ီဖြစ်တတ်သူများ မသောက်သုံးသင့်ပါ။ နွားနို့ထဲတွင် ခယ်လီယမ်၊ မဂ္ဂနိဆီးယမ်၊ မီးစုန်းဓာတ်တို့ ပါသောကြောင့် နွားနို့ မကြာခဏ သောက်ပေးပါက လူ့ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေပါသည်။ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါတို့၏ ဒုက္ခပေးမှုကို လျှော့ချပေးနိုင်သည်။ ဦးနှောက်သွေးကြောရောဂါ၊ နှလုံးသွေးကြောရောဂါတို့ မဖြစ်စေရန် ကြိုတင် ကာကွယ်ပေးသည်။ သွေးကြောစနစ်ကို ကောင်းမွန်စေ၍ ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေနိုင်သည်။ ညအိပ်ရာမဝင်ခင် နွားနို့သောက်ပေးပါက အိပ်ပျော်စေရန် ကူညီပေးနိုင်သည်။ နွားနို့ထဲတွင် ကယ်လ်ဆီယမ်ဓာတ်ပါသောကြောင့် အရိုးနှင့် သွားများကို သန်မာစေသည်။ အာဟာရချို့တဲ့မှုကို လျှော့ချပေးနိုင်သည်။ 


 နွားနို့ထဲတွင် ဗီတာမင် B ဓာတ် ပါသောကြောင့် အာဟာရပျက်စီးမှုများကို ပြန်လည်အစားထိုးပေးနိုင်သည်။ အာရုံကြောစနစ်ကို အားကောင်းစေမည်။ စိတ်နှင့်ကိုယ်ခန္ဓာကို ကာကွယ်ပေးသည်။ ပင်ပန်းနွမ်းနယ်မှုကို ပျောက်စေမည်။ နွားနို့ထဲတွင် ပရိုတင်း ပါသောကြောင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရန် အထောက်အကူပြုပါသည်။ အရေပြားကို ကာကွယ်ပေးသည်။ နေလောင်ကွက်၊ အမည်းကွက်များကို ပျောက်စေနိုင်သည်။ နွားနို့ထဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် B2 ၊ ဗီတာမင် D၊ ကယ်လ်စီယမ်၊ မီးစုန်းဓာတ်၊ ခယ်လီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။ 


တွဲဖက်စားသုံးရန်

၁။ နွားနို့ ပျားရည်ဖျော်ရည်

 နွားနို့နှင့် ပျားရည်ကို  ဖျော်ရည်အဖြစ်ပြုလုပ်၍ သောက်ပါက သွေးအားနည်းခြင်းကို ကောင်းမွန်စေမည်။ 


၂။ နွားနို့သရက်သီးဖျော်ရည်

 သရက်သီးနှင့် နွားနို့တို့ကို ဖျော်ရည်အဖြစ် ပြုလုပ်၍ သောက်ပေးပါက မျက်လုံးကို ကာကွယ်ပေးသည်။ ကင်ဆာနှင့် အိုမင်းရင့်ရော်မှုကို ကြိုတင်ကာကွယ်ပေးသည်။ 


၃။ နွားနို့ ပေါင်မုန့်

 နွားနို့ကို ပေါင်မုန့်နဲ့အတူ တွဲစားပေးပါက ကောင်းကျိုးများ ရရှိနိုင်ပါသည်။ 


၄။ နွားနို့ သစ်ကြားသီး

 နွားနို့နှင့် သစ်ကြားသီး တွဲစားပါက သွေးကြောမာခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးသည်။ အရေပြား၊ အမွေးအမှင်နှင့် လက်သည်းခြေသည်းများကို ကျန်းမာစေနိုင်သည်။ 


တွဲဖက်မစားရန်

၁။ နွားနို့ရေနွေးကြမ်း

 ရေနွမ်းကြမ်းနှင့် တွဲသောက်မိပါက အစာအိမ်အူမကြီးက ကယ်လ်စီယမ်ဓာတ် စုပ်ယူမှုကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ အာဟာရတန်ဖိုးများပါ ကျစေနိုင်ပါသည်။ 


၂။ နွားနို့၊ လိမ္မော်သီး

 နှစ်ခုတွဲစားမိပါက ပါဝင်သောဓာတ်များပြောင်းသွားပြီး ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ 


၃။ နွားနို့၊ ရှောက်ချိုသီး

 နှစ်ခုတွဲစားပါက လူ့ခန္ဓာကိုယ်က အာဟာရစုပ်ယူမှုကို ဖျက်ဆီးလိုက်ကာ အစာခြေစနစ်ပါ ပျက်စီးစေနိုင်သည်။ ထို့ကြောင့် နှစ်ခုတွဲ မစားသင့်ပါ။ 


Credit: ယမုံအေး (စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18