Print

အခမဲ့ ဆေးကုသပေးမည်

  08-Mar-2018
Preview Image

 ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံ၌ ဇမ္ဗူအေးတောရ(အင်းဝိုင်း) ဆရာတော်၏ ဦးဆောင်မှုဖြင့် စင်ကာပူ၊ မလေးရှား၊ သြစတြေးလျနှင့် ပြင်သစ်နိုင်ငံတို့မှ ဆရာဝန်ကြီးများ ပါဝင်သော HUMANITARIAN WITH  LOVE အဖွဲ့က အခမဲ့ဆေးကုသပေးမည်ဖြစ်သဖြင့်  လူနာစာရင်း စတင်ကောက်ယူလျက် ရှိကြောင်း သိရသည်။


နိုင်ငံခြားမှဆရာဝန်ကြီးများ ပူးပေါင်းပြီး အခမဲ့ကုသပေးမည့် ရောဂါများမှာ မျက်စိ(အနီး/အဝေး) ပါဝါတိုင်းခြင်း၊ နေကာမျက်မှန်များ ပြုလုပ်ပေးခြင်း၊ အရေပြားနှင့် အထွေထွေရောဂါများ ကုသပေးခြင်း၊   သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားကြေးချွတ်ခြင်း၊ တရုတ်ရိုးရာအပ်စိုက်၊ စုပ်ခွက်ကပ်၊ အဆိပ်ထုတ်ကုသခြင်းများ ပါဝင်ကာ မတ် ၃ဝ ရက်မှ ဧပြီ ၁ ရက်အထိ သုံးရက်တိုင်တိုင် ကုသပေးမည်ဖြစ်သည်။


ကုသပေးရာတွင် သွားရောဂါလူနာ ၁ဝဝဝ ဦး၊ မျက်စိရောဂါလူနာ ၁၂ဝဝ ဦး၊ အရိုး/အကြော(တရုတ်တိုင်းရင်းဆေးဖြင့်) လူနာ ၁ဝဝဝ ဦးနှင့် အထွေထွေရောဂါ လူနာ ၂၅ဝဝ ဦး ကန့်သတ်ထားသည့်အတွက် မတ် ၅ ရက်မှ ၂ဝ ရက်အထိ ရုံးချိန်အတွင်း ကြိုတင်စာရင်း ပေးနိုင်ကြောင်း သိရသည်။


Credit : မြဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18