Print

ယခုနှစ်အတွင်း ဇီဝလုံခြုံမှုအဆင့် (၃) အမျိုးသားတီဘီ ရည်ညွှန်းပြု ဓာတ်ခွ...

  07-Mar-2018
Preview Image

ရန်ကုန်  မတ်  ၆ ရန်ကုန်မြို့၌  တည်ဆောက်နေသော ဇီဝလုံခြုံမှု အဆင့် (၃) အမျိုးသားတီဘီ ရည်ညွှန်းပြုဓာတ်ခွဲခန်းကို  ယခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။


အဆိုပါဓာတ်ခွဲခန်းများကို    ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ တည်ဆောက်မည်ဖြစ်ပြီး  ၂ဝ၁၆ ခုနှစ် အတွင်းကလည်း မြန်မာနိုင်ငံ၌ နှစ်စဉ်တီဘီရောဂါဝေဒနာရှင် သစ် နှစ်သိန်းခန့်အနက် လူနာဦးရေ တစ်သိန်းခွဲခန့်ကို   ရောဂါရှာဖွေကုသ ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင်  ယင်းမြို့များ၌  ဓာတ်ခွဲခန်းများ ရှိနေသဖြင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊  အဓိကအားဖြင့်   တီဘီရောဂါ ကွင်းဆင်းရှာဖွေ ကုသခြင်းလုပ်ငန်း များကို  အရှိန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ 3MDG Myanmar အနေဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် တီဘီရောဂါ ကူးစက်ပြန့်ပွားမှုကို လျှော့ချပေးရန်နှင့်  လူနာများ၏ အသက်ကိုကယ်တင်ရန်  ရည်ရွယ်၍ တီဘီရောဂါပြင်ပ လူနာဌာနများ   တည်ဆောက်ပေးလျက် ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံ၌  ၂ဝ၁၄ ခုနှစ်က လူဦးရေ တစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း ၄၅၇ ဦးဖြစ်ပွားပြီး သေဆုံးမှုနှုန်း ၅၃ ဦး ရှိကာ Global TB Report  2016 အရ မြန်မာနိုင်ငံ၌   လူဦးရေ  တစ်သိန်းတွင် တီဘီရောဂါလူနာသစ်ဖြစ်ပွားမှုနှုန်း  ၃၆၅ ဦးမှာ သေဆုံးမှုနှုန်း ၄၉ ဦးရှိကြောင်း၊ တီဘီ၊ HIV နှင့်  ဆေးယဉ်ပါးတီဘီ ရောဂါများသည်  ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်သည့်အတွက်   တီဘီဖြစ်သော လူနာများ  တိုးချဲ့ရှာဖွေခြင်း၊  တီဘီ၊ HIV နှင့်  ဆေးယဉ်ပါးတီဘီ ရောဂါရှာဖွေ ကုသရေး စီမံချက်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို အဓိက ဦးစားပေး စီမံချက်ချမှတ်ပြီး   မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုးချဲ့ ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဆေးယဉ်ပါး တီဘီလူနာ ၁ဝဝဝ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဆေးယဉ်ပါးတီဘီလူနာ ၁၂ဝဝ နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်  ဆေးယဉ်ပါးတီဘီလူနာ ၁၂ဝဝ အတွက် လိုအပ်သော ဒုတိယအဆင့် ဆေးဝါးများ  ကျခံသုံးစွဲခဲ့ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ    တီဘီရောဂါတိုက်ဖျက်ရေး အတွက် ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းပေါင်း ၁၄ သန်းခွင့်ပြုခဲ့ရာမှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၆၂၆ သန်း၊ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်းပေါင်း ၃၈ဝ၄  သန်းအထိ တိုးမြှင့်ပံ့ပိုးခဲ့ကြောင်း၊ တီဘီရောဂါ တိုက်ဖျက်ရေး အတွက်     3MDG အဖွဲ့မှ ၂ဝ၁၁-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် အမေရိကန် ဒေါ်လာ ၁ဝ၈ သန်းနှင့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှ ၂ဝ၁၄-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်း ရရှိပြီး   လုပ်ငန်းများ  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။             


Credit : မြဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18