Print

ပြည်နယ်တိုင်း ၅ ခုတွင် HIV/AIDS ကာကွယ်ကုသရေး ဒေါ်လာ ၁၀ သန်းဖြင့် ၂ နှစ...

  05-Mar-2018
Preview Image

ကူးစက်မှုနှုန်းများတဲ့ ပြည်နယ်တိုင်း ၅ ခုမှာ HIV/AIDS ရောဂါ ကာကွယ်ကုသရေး နည်းဗျူဟာအသစ်နဲ့ USAID အဖွဲ့ကြီးက အမေရိကန်ဒေါ်လာ ၁၀ သန်းအကုန်ကျခံပြီး ၂ နှစ်ကြာလုပ်ဆောင်မှာဖြစ်ပါတယ်။


HIV/AIDS နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်မယ့် USAID  အစီအစဉ်သစ်တစ်ခုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်မိတ်ဆက်ခဲ့တာပါ။


အမေရိကန်ဒေါ်လာ ၁၀ မီလီယံတန်ဖိုးရှိတဲ့ ဒီ USAID HIV/AIDS Flagship (UHF) အစီအစဉ်ဟာ ၂ နှစ် ကြာမြင့်မှာဖြစ်ပြီး HIV/AIDS ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


ဒီလုပ်ငန်းတွေကို ကူးစက်မှုနှုန်းများတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်း၊ ရန်ကုန်နဲ့ မန္တလေး စတဲ့ ပြည်နယ်နဲ့တိုင်း ၅ ခုမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။


ဒီစီမံချက်ထဲမှာ မိတ်ဖက်အဖွဲ့အစည်းတွေကြား ကွင်းဆင်းဆောင်ရွက်တာ၊ ဆေးသောက်မှန်ဖို့အတွက် နည်းဗျူဟာအသစ်အနေနဲ့ လူမှုမီဒီယာကနေ ကွင်းဆင်းတာ၊ စိတ်ကျန်းမာရေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးတာ၊ လိင်ပြောင်းလဲသူတွေကြား သုတေသနပြုလုပ်တာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18