Print

Infant reflux (တစ်နှစ်အောက်ကလေးနို့အန်ခြင်း၊အစာပြန်အန်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

နို့အန်ခြင်းမှာ အစာများသည်ကလေးအစာအိမ်မှအပေါ်သို့ဆန်ကန်ထွက်ခြင်းဖြစ်သည်။တခါတရံ infant reflux ကို gastroesophageal reflux(GER)ဟုလည်းခေါ်တတ်သည်။ဤအခြေအနေသည် ပြင်းထန်လေ့မရှိကြပေ။ကလေးအရွယ်ရောက်လာသည်နှင့်အမျှ မဖြစ်ပွားတော့ပေ။သို့သော်  အသက် ၁၈လ ကျော်သည်အထိ နို့အန်နေပါက ပုံမှန်ဖြစ်ပွားမှုမဟုတ်တော့ပေ။နို့အန်ခြင်းသည် ကျန်းမာသန်စွမ်းသော ကလေးများတွင်လည်းဖြစ်ပွားတတ်သည်။ထို့ကြောင့် ကလေးသည် ကျန်းမာသန်စွမ်းပြီး ပုံမှန်ဖွံဖြိုးတိုးတက်နေပါက နို့အန်ခြင်းကို စိုးရိမ်စရာမလိုပါ။အလွန်ရှားပါးသော အခြေအနေများအနေဖြင့် နို့အန်ခြင်းမှာဆေးပညာအရ ဓာတ်မတည့်ခြင်း၊အစာအိမ်နှင့်အူလမ်းကြောင်းပိတ်ဆို့ခြင်း ကဲ့သို့ တချို့သော ရောဂါများနှင့်ဆက်စပ်လေ့ရှိကြသည်။

လက္ခဏာများ

နို့အန်ခြင်းမှာ အများအားဖြင့် စိုးရိမ်စရာမဟုတ်ပါ။အစာအိမ်ရှိအက်စစ်ပမာဏနှင့် အစာပမာဏ မမျှတသည့်အစာ အစာသည် လည်ပင်း(သို့)အစာရေမျိုပြွန်လမ်းကြောင်းကို ထိရာမှ လက္ခဏာများဖြစ်ပေါ်လာသည်။

Infant reflux ၏ လက္ခဏာများမှာ - 

- နို့အန်ခြင်း၊အစာပြန်အန်ခြင်း(တစ်နေ့တည်းတွင် ခဏခဏဖြစ်နိုင်သည်။)

- အစာကျွေးရခက်ခြင်း ( အစာကိုငြင်းဆန်ခြင်း၊အစာနင်ခြင်း၊အစာတစ်နေခြင်း)

- ဆက်တိုက်ကျို့ထိုးခြင်း၊ဆက်တိုက်ချောင်းဆိုးခြင်း

- အဆက်မပြတ်ငိုခြင်း၊အစာကျွေးနေစဉ်ငိုခြင်း

- နားပိုးဝင်ခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

- တစ်နှစ်အောက်ကလေးများတွင် အစာရေမျိုပြွန်နှင့်အစာအိမ်ကြားရှိ Lower oesophageal sphincter ဟုခေါ်သော ကြားခံကြွက်သားမှာ အပြည့်အဝမဖွံဖြိုးသေးပေ။ထိုအခါ အစာအိမ်မှအစာများသည် အနောက်ရှိအစာရေမျိုပြွန်သို့ ပြန်ထွက်စေသည်။ပုံမှန်အခြေအနေတွင် ထိုကြွက်သားသည် အစာဖြတ်သန်းသော အချိန်တွင်သာပွင့်ရပြီး အစာသည်အစာအိမ်ထဲရောက်သွားသည်နှင့် ပြန်ပိတ်ရသည်။ထိုမှသာ အစာသည် အစာအိမ်ထဲတွင်သာ ကောင်းစွာ ချေဖျက်ခြင်းခံရမည်ဖြစ်သည်။အောက်ပါအချက်များသည်ကလေးများတွင်ဖြစ်လေ့ရှိသောအစာအန်ခြင်းနို့အန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

- ကလေးသည်များသောအားဖြင့်ပက်လက်(သို့)မှောက်လျှက် နေလျှင်

- စောမွေးသောကလေးဖြစ်လျှင်

ရံဖန်ရံခါ နို့အန်ခြင်း၊အစာပြန်အန်ခြင်းသည် အောက်ပါကဲ့သို့ ပိုမိုပြင်းထန်သောအခြေအနေများကြောင့်လည်းဖြစ်နိုင်သည်။

- GERD - အစာအိမ်ရှိအက်စစ်များပြန်ထွက်လာရာမှ အစာရေမျိုပြွန်လမ်းကြောင်းကို တိုက်စားသောရောဂါ

- Pyloric stenosis - အစာအိမ်နှင့်အူသိမ်ကြားရှိအဆို့ကျဉ်းရာမှ အူသိမ်ထဲမဝင်နိုင်သောအစာများသည် ပြန်ကန်ထွက်လာခြင်း

- Food intolerance - နွားနို့ထဲတွင်ပါသော ပရိုတင်းဓာတ်တမျိုးသည်လည်းအစာပြန်ထွက်ခြင်းဖြစ်စေနိုင်သည်။

- Eosinophilic esophagitis - သွေးဖြူဥအမျိုးအစားတစ်မျိုးသည် အစာရေမျိုပြွန်နံရံများကို ထိခိုက်စေသောရောဂါ

ဖြစ်နိုင်ချေများသူများ

နောက်ဆက်တွဲ ပြဿနာများ

- နို့အန်ခြင်း၊အစာပြန်အန်ခြင်းတို့သည် အများအားဖြင့် ကလေးကို မည်သည့်ပြဿနာမှမပေးချေ။အကယ်၍ သင့်ကလေးမှာ GERD ကဲ့သို့ပိုမိုပြင်းထန်သောအခြေအနေရှိပါက ကလေးသိပ်မထွားတတ်ပေ။သုတေသနပြုချက်များအရ ခဏခဏနို့ပြန်အန်တတ်သောကလေးများသည် နောက်ပိုင်းတွင် GERD ရောဂါဖြစ်လာတတ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

သင်၏ကလေးသည် အောက်ပါတို့ဖြစ်နေပါက ဆရာဝန်နှင့်ပြသသင့်သည်။

- ထွားသင့်သလောက်မထွားလျှင်

- အစာကိုအဆက်မပြတ်ကျွေးမိပြီး အစာအားလုံးထိုးအန်သလိုဖြစ်လျှင်

- အန်သည့်ထဲတွင် အစိမ်းရောင်အဝါရောင်အရည်များပါလျှင်

- သွေး(သို့)ကော်ဖီရောင်ပါသောအစာများအန်လျှင်

- ကလေးကိုအစာကျွေးတိုင်းငိုလျှင်၊အစာမစားလျှင်

- ကလေးမစင်ထဲတွင် သွေးပါလာလျှင်

- အသက်ရှူခက်ခဲလာလျှင် ၊ ရက်ရှည်ချောင်းဆိုးလျှင်

- အသက်၆လကျော်မှ အစာပြန်အန်ခြင်းစတင်လျှင်

- အစာစားပြီးနောက်ပုံမှန်မဟုတ်ဘဲဂျီကျလျှင်

စစ်ဆေးမှုများ

- ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီးစစ်ဆေးမှုများပြုလုပ်နိုင်ပါသည်။သင်၏ကလေးသည် ကျန်းမာသန်စွမ်းပါပြီး ပုံမှန်ကြီးထွားပါက အခြားစစ်ဆေးမှုများမလိုအပ်ပါ။အခြားစစ်ဆေးမှုများလိုအပ်သည့် ကလေးဖြစ်ပါက ဆရာဝန်လမ်းညွှန်ချက်အတိုင်းအောက်ပါတို့ကို စစ်ဆေးနိုင်ပါသည်။

- Ultrasound (အာထရာဆောင်း(သို့)တယ်လီဗွီးရှင်းဓာတ်မှန်) - အစာအိမ်နှင့်အူသိမ်ကြားရှိအဆို့ကျဉ်းခြင်းကို စစ်ဆေးနိုင်သည်။

- သွေးစစ်ဆေးခြင်း - အန်စေတတ်သော၊ ကလေးကိုမထွားစေသော အခြားရောဂါများကို ရှာဖွေဖော်ထုတ်နိုင်သည်။

- Esophageal pH monitoring (အစာရေမျိုပြွန်မှ အက်စစ်ပမာဏကို တိုင်းတာခြင်း) 

- X ray (ဓာတ်မှန်ရိုက်ခြင်း) - အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်ရောဂါများကို ရှာဖွေဖော်ထုတ်နိုင်သည်(ဥပမာ-အူပိတ်ခြင်း)။ဓာတ်မှန်မရိုက်ခင် Barium အရည်ကို သောက်ပြီးရိုက်ရလေ့ရှိသည်။

- Upper endoscopy ( အစာအိမ်မှန်ပြောင်းကြည့်ခြင်း) - အသားစပါတပြိုင်တည်းယူ၍ စစ်ဆေးလို့ရသည်။

ကုသခြင်း

- နို့အန်ခြင်း၊အစာပြန်အန်ခြင်းသည် အများအားဖြင့် အလိုလို ပျောက်ကင်းလေ့ရှိသည်။ အောက်ပါတို့ပြုလုပ်ခြင်းဖြင့် သက်သာအောင်ပြုလုပ်နိုင်သည်။

(၁) ကလေးကို အစာနည်းနည်းစီကို ခဏခဏကျွေးပေးပါ။

(၂) ကလေးအစာကျွေးချိန်မှာ ခဏရပ်ခြင်းဖြင့် ကလေးကို လေချဉ်တက်ဖို့ အချိန်ပေးပါ။

(၃) အစာကျွေးပြီးနောက် မိနစ် ၂ဝ မှ နာရီဝက်ခန့် မတ်မတ်ထားပေးပါ။

(၄) သင်သည် နို့တိုက်မိခင်ဖြစ်ပါက အသားနှင့်ဥများစားခြင်းကို ယာယီရပ်ထားပြီး သင့်ကလေးတွင် ထိုအရာများနှင့် ဓာတ်မတည့်မှုရှိမရှိ စစ်ဆေးပါ။

(၅) နို့မှုန့်တိုက်ကျွေးနေသူဖြစ်ပါက တိုက်ကျွေးနေသော နို့မှုန့်ကို ပြောင်းပါ။

(၆) နို့ဘူးမှ နို့သီးခေါင်းအရွယ်အစားပြောင်းလဲကြည့်ပါ။( နို့သီးခေါင်း အရမ်းသေးခြင်း၊ကြီးခြင်း တို့သည် ကလေးနို့စို့ချိန်တွင် လေဝင်စေသည်။)

(၇) နို့တိုက်သည့်ပမာဏကို ထပ်တိုးတိုက်ပါ။ဖြည့်စွက်စာကျွေးနေသော ကလေးဖြစ်ပါက ဆန်ဂျုံပြောင်းတို့ကို ပိုကျွေးကြည့်ပါ။

ဆေးဖြင့်ကုသခြင်းအနေဖြင့် 

- နို့အန်ခြင်း၊အစာပြန်အန်ခြင်းတွင် သောက်ရသော ဆေးများသည် ပုံမှန်ဖြစ်သော နို့အန်ခြင်း၊အစာပြန်အန်ခြင်းအတွက်မဟုတ်ပါ။ဤဆေးများသည် အစာအိမ်နှင့်အူလမ်းကြောင်းမှ ကယ်လ်ဆီယမ်ဓာတ်နှင့် သံဓာတ်များစုပ်ယူမှုကို လျှော့ကျစေသည်။ထို့ပြင် အူလမ်းကြောင်းနှင့်အသက်ရှူလမ်းကြောင်းတို့ကို ရောဂါပိုး ဝင်စေနိုင်သည်။

သို့သော် အစာအိမ်မှ အက်စစ်ကို ယာယီလျော့ကျစေသောဆေးများကို (ဥပမာ - တစ်နှစ်အောက်ကလေးများတွင် Ranitidine ဆေး၊ တစ်နှစ်အထက်ကလေးများတွင် Omeprazole ဆေး)တို့ကို အောက်ပါအခြေအနေမျိုးတွင် သောက်သုံးသင့်သည်။

- သင့်ကလေးသည် မထွားဘဲ အိမ်တွင်ကုသသော နည်းလမ်းများဖြင့်တောင်မသက်သာပါက

- သင့်ကလေးသည် နို့ နှင့် အစာမစားလျှင် 

- အစာရေမျိုပြွန်ယောင်ယမ်းသည်ကိုတွေ့ရှိလျှင်

- သင့်ကလေးမှာ ပန်းနာရင်ကျပ်ရောဂါ (သို့) GERD အစာအိမ်ရှိအက်စစ်များပြန်ထွက်လာရာမှ အစာရေမျိုပြွန်လမ်းကြောင်းကို တိုက်စားသောရောဂါ များရှိလျှင်

- ခွဲစိတ်ကုသခြင်း

ရှားရှားပါးပါးအနေဖြင့် အစာရေမျိုပြွန်၏အဆုံးရှိကြွက်သားအဆို့ရှင်ကို ခွဲစိတ်ကုသဖြင်းဖြင့် အက်စစ်များပြန်ကန်မထွက်စေအောင်ပြုလုပ်နိုင်သည်။Fundoplication ဟုခေါ်သည်။ နို့အန်ခြင်း၊အစာပြန်အန်ခြင်းသည် ကလေးကြီးထွားမှုကိုနှောင့်နှေးစေလျှင်၊အသက်ရှူခြင်းကိုဟန့်တားလျှင်မှသာ ပြုလုပ်လေ့ရှိသည်။

ကာကွယ်ခြင်း

အခြားသိသင့်သော အချက်များ (ရှိလျှင်)

Ref: Mayo clinic , NHS choices

Credit - Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18