Print

H. pylori infection (အိပ်ချ် ပိုင်လိုရီ ရောဂါပိုး)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

  H. pylori ဟုခေါ်သော ရောဂါပိုးသည် အစာအိမ်ကို ထိခိုက်စေသောရောဂါပိုးဖြစ်သည်။ အစာအိမ်အနာကို အဓိကဖြစ်စေသောရောဂါပိုးဖြစ်သည်။ကမ္ဘာပေါ်ရှိလူဦးရေထက်ဝက်ကျော်ကျော်ခန့်တွင် H. pylori ရောဂါပိုးရှိနေတတ်သည်။သို့သော်ရောဂါလက္ခဏာ မပြတတ်သောကြောင့် ရှိနေမှန်းမသိတတ်ကြပေ။  H.pylori ရောဂါပိုးသည် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသ၍ပျေုာက်သောရာဂါဖြစ်သည်။

လက္ခဏာများ

၁။ဗိုက်အောင့်ခြင်း အထူးသဖြင့် ရင်ခေါင်းတွင်ပူ၍အောင့်ခြင်း။

၂။အစာမရှိသည့်အချိန်တွင် ဗိုက်အောင့်ခြင်းမှာ ပို၍ဆိုးနိုင်ပါသည်။

၃။ပျို့ခြင်း။

၄။အစားအသောက်ပျက်ခြင်း။

၅။မကြာခဏလေချဉ်တက်ခြင်း

၆။လေပွခြင်း

၇။ကိုယ်အလေးချိန်ကျဆင်းခြင်း

ဖြစ်ပွားရသော အကြောင်းရင်းများ

     H. pylori ရောဂါပိုးဝင်ရောက်သည့် နည်းလမ်းအတိအကျကို မသိရသေးချေ။လူတစ်ယောက်မှတစ်ယောက်သိ့ု ရောဂါပိုးပါသည့် တံတွေး၊ အန်ဖတ်များ၊ မစင်များကို တိုက်ရိုက်ထိတွေ့ခြင်းမှ တဆင့်ကူးစက်နိုင်ပါသည်။     ရောဂါပိုးပါဝင်သည့် ရေ၊ အစားအသောက်များကို စားသုံးမိခြင်းမှတစ်ဆင့်လည်း ကူးဆက်နိုင်ပါသည်။

ဖြစ်နိုင်ချေများသူများ

၁။လူနေထူထပ်သည့် နေရာများတွင် နေထိုင်သည့်လူများ၊ အဆိုပါနေရာများတွင် နေထိုင်သည့် လူများတွင် ကလေးဘဝတည်းက ရောဂါပိုးရှိနေတတ်သည်။

၂။ရေကောင်းရေသန့်မရသည့် နေရာများတွင် နေထိုင်သည့်သူူများ

၃။ဖွံ့ဖြိုးဆဲနိုင်ငံတွင် နေထိုင်သည့်သူများ

၄။ရောဂါပိုးရှိသူနှင့် အတူတူနေထိုင်သောသူများ

နောက်ဆက်တွဲ ပြဿနာများ

၁။အစာအိမ်အနာဖြစ်ခြင်း၊ H.pylori ရောဂါပိုးသည် အစာအိမ်နှင့် အူသိမ်များကို ဖုံးအုပ်ထားသောအလွှာပါးကို ပျက်စီးစေသည်။ထိုသို့ ပျက်စီးရာမှတစ်ဆင့် အစာအိမ်ရှိ အက်စစ်များပုံမှန်ထက်ပို၍ ထွက်လာသည်။ ထိုအခါ အစာအိမ်အနာကိုဖြစ်စေသည်။

ရောဂါပိုးရှိသူ၏ ၁၀%သည်  အစာအိမ်အနာအဖြစ်သို့ ပြောင်းနိုင်သည်။

၂။အစာအိမ်အလွှာပါးရောင်ရမ်းမှုကြောင့် မကြာခဏဗိုက်အောင့်ခြင်း၊ အစာအိမ်ရောင်ခြင်းကို ဖြစ်စေသည်။

၃။H.pylori ရောဂါပိုုးသည် အစာအိမ်ကင်ဆာကို ဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

၁။ဗိုက်အောင့်ခြင်းသည် မခံမရပ်နိုင်အောင်ဆိုးရွားလာခြင်း၊ မကြာခဏအောင့့်ခြင်း

၂။အစာမျိုရခက်ခြင်း

၃။သွေးဝမ်းသွားခြင်း သို့မဟုတ် ကတ္တရာကဲ့သို့ဝမ်းမည်းမည်းသွားခြင်း

၄။သွေးအန်ခြင်း သို့ိမဟုတ် ကော်ဖီရောင်ကဲ့သို့ အရည်များအန်ခြင်း

စစ်ဆေးမှုများ

၁။သွေးစစ်ခြင်း

၂။လူနာကို ကာဗွန်ပါသော ဆေးလုံး၊ ဆေးရည်များသောက်သုံးစေပြီး ရှူထုတ်လိုက်သောလေထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါမပါကို စစ်ဆေးခြင်း(သောက်နေသော အစာအိမ်ဆေးများကို ထိုသို့မစစ်ဆေးခင် ၂ပတ်ခန့်ကြိုတင်၍ ရပ်ထားရန်လိုအပ်သည်။)

၃။ဝမ်းစစ်ခြင်း- ဝမ်းထဲတွင် H.pylori ထုတ်သောပဋိဓာတ်ကို စစ်ဆေးနိုင်သည်။

၄။အစာအိမ်မှန်ပြောင်းကြည့်ခြင်း-အဖျားတွင်ကင်မရာတပ်ဆင်ထားသော မှန်ပြောင်းဖြင့် ပါးစပ်ပေါက်မှတစ်ဆင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်းထိ အနာရိှိမရှိစစ်ဆေးခြင်း နှင့် အသားစယူခြင်းကိုပါ တစ်ခါတည်းပြုလုပ်နိုင်ပါသည်။

ကုသခြင်း

၁။ပဋိဇီဝပိုးသတ်ဆေးများဖြင့်ကုသခြင်း

၂။အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို လျော့ကျစေသော ဆေးဝါးများဖြင့် ကုသခြင်း

၃။အစာအိမ်အနာသက်သာစေသောဆေးများဖြင့် ကုသခြင်း

ကာကွယ်ခြင်း

၁။တစ်ကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ။ အထူးသဖြင့် လက်သန့်ရှင်းရေးကို အထူးဂရုပြုပါ။

၂။အစားအစာများကို သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်၍ စားသောက်ပါ။အစိမ်းစားခြင်းကို ရှောင်ကြဉ်ပါ။

၃။သောက်သုံးရေသန့်ရှင်းရေးကိုလည်း ဂရုပြုပါ။

၄။ရောဂါပိုးရှိသူသုံးစွဲထားသည့် အသုံးအဆောင်များကို သီးသန့်ထား၍ သုံးပေးပါ။ရောဂါပိုးရှိသူ၏ တံတွေးမှ တစ်ဆင့်ကူးဆက်နိုင်သောကြောင့်ဖြစ်သည်။

၅။ဆေးလိပ်နှင့် အရက်သောက်ခြင်းကိို ရှောင်ကြဉ်ပါ။

၆။အကိုက်အခဲပျောက်ဆေးများကို မလိုအပ်ဘဲသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။

Translated by Dr Khin Jyujyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18