Print

Disease name in English (ရောဂါအမည် မြန်မာလို)

  16-Aug-2018
Preview Image

Head lice (ခေါင်းသန်းတွယ်ခြင်း)

အကျဉ်းရှင်းလင်းချက်

    -ခေါင်းတွင်တွယ်သော သန်းသည် သေးငယ်သော အင်းဆက်ပိုးတစ်မျိုးဖြစ်ပြီး ဦးရေပြားရှိသွေးကို စုပ်ယူစားသုံးသည်။ဆေးပညာလို Pediculosis capitis ဟုခေါ်သည်

-ကလေးများတွင် အတွေ့ရများသည်။လူတစ်ယောက်မှတစ်ယောက်သို့ ဆံပင်များမှ တိုက်ရိုက်ကူးဆက်သည်။

-ခေါင်းတွင်သန်းတွယ်ခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိုခြင်း၊ မသန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင်ခြင်းတို့ကြောင့်မဟုတ်ပေ။ သန်းများသည် မည့်သည့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးကို မျှမသယ်ဆောင်တတ်ပါ။

လက္ခဏာများ

(၁) ယားယံခြင်း--- ဦးရေပြား၊ လည်ပင်းနှင့် နားများယားယံခြင်းသည် အတွေ့ရများသည်။ ယားယံခြင်းသည် သန်းမ မှထွက်သော တံတွေးရည်ကြောင့် ဖြစ်သည်။ သန်းစတွယ်ပြီး ၂ ပတ်မှ ၆ပတ် အထိ ယားယံခြင်းမျိုးမရှိပေ။

(၂) ဦးရေပြားပေါ်ရှိသန်းများကို မျက်စိနှင့်မြင်နိုင်သော်လည်း အလွန်သေးငယ်ခြင်း နှင့် အလင်းရောင်နှင့်ထိတွေ့ပါက လျှင်မြန်စွာပြေးနိုင်ခြင်းတို့ကြောင့် ဖမ်းရခက်သည်။

(၃) သန်းဥများကို ဆံသားတစ်လျှောက်တွင်တွေ့ရသည်။အကောင်မပေါက်သေးသောသန်းဥများသည် သေးငယ်ပြီး ဆံသားအရောင်နှင့် မကွဲသောကြောင့် ရှာရခက်သည်။ နားအနောက်ဖက်နှင့် လည်ကုတ်ဆံစနားတွင်အတွေ့ရများသည်။ အကောင်ပေါက်ပြီး သန်းဥခွံများမှာ အရောင်ဖျော့ခြင်း၊ ဆံဖျားများတွင် တွေ့ရများသောကြောင့် အလွယ်တကူတွေ့နိုင်သည်။ 

ဖြစ်ပွားရသော အကြောင်းရင်းများ

    -ခေါင်းတွင်တွယ်သောသန်းသည် အနက်ရောင် သို့  မီးခိုးရောင်ရှိသည်။

    -စတော်ဘယ်ရီသီး စေ့အရွယ်အစားရှိသည်။

    -ဦးရေပြားရှိသွေးကို စုပ်ယူစားသုံးသည်။

    -သန်းမသည် သန်းဥများအား ဆံပင်တွင်တွယ်ကပ်စေနိုင်သော စေးကပ်သည့် ပစ္စည်းတစ်မျိုးကို ထုတ်ပေးသည်။

    -သန်းဥကို ဆံပင်အရင်းမှ ၄ မီလီမီတာ အကွာတွင် ဥတတ်သည်။ ထိုနေရာသည် သန်းတစ်ကောင် ပေါက်ပွားရန် အကောင်းဆုံးအပုူချိန်ရှိသည့်နေရာဖြစ်သည်။  

    -သန်းဥမှအကောင် ပေါက်ရန်  ၈- ၉ ရက်ကြာတတ်သည်။ အရွယ်ရောက်သန်းတစ်ကောင် ဖြစ်ရန် ၉- ၁၂ ရက် ခန့်ကြာတတ်သည်။ အရွယ်ရောက်သန်းသည် ၃-၄ ပတ် အထိ အသက်ရှင်နိုင်သည်။

ကူးစက်ပုံ 

    -သန်းသည် တွားသွားသည်။ မခုန် မပျံနိုင်ပေ။ လူတစ်ယောက်နှင့် တစ်ယောက် တိုက်ရိုက် ထိတွြေခြင်း မှကူးစက်သည်။- ဦးထုပ် ၊ မာဖလာ များ၊ ဘီး ၊ ခေါင်းတွင်တပ်ဆင်သည့် အသုံးဆောင် ပစ္စည်းများ( ကလစ် ၊ ဘီးကုတ် စသည်) နားကြပ်များ၊ ခေါင်းအုံး၊ ထိုင်ခုံဆက်တီများ၊ မျက်နှာသုတ်ပဝါများ မှတစ်ဆင့်လည်း ကူးဆက်နိုင်သည်။

ဖြစ်နိုင်ချေများသူများ

    -သန်းသည် တစ်ယောက်မှ တစ်ယောက်သို့တိုက်ရိုက်ထိတွေ့မှုမှ တစ်ဆင့်ကူးဆက်သောကြောင့် သန်းရှိသော သူနှင့် လက်ပွန်းတတီးနေသူ များတွင်တွေ့ရသည်။

နောက်ဆက်တွဲ ပြဿနာများ

    -ခေါင်းသန်းတွယ်ခြင်းကြောင့်အရေပြားယားယံမည်။ ကုတ်မိလျှင် အရေပြားစုတ်ပြဲမည်။ ထိုဒဏ်ရာမှ တစ်ဆင့် အခြားရောဂါပိုးများထပ်မံဝင်ရောက်နိုင်သည်။ 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

    -သင့်ကလေးခေါင်းတွင် သန်းမတွယ်ခင်ကတည်းက သို့ တွယ်သည်ဟု သံသယရှိလျှင် ပြသသင့်သည်။ သန်းဥများသည် ဗောက် ၊ ခေါင်းလိမ်းဆီ ။ခေါင်းလျှော်ရည် စသည့် ပစ္စည်းများ၏ အကြွင်းအကျန်များ၊ ဖုန်မှုန့် အမှိုက်စများ၊ ဆံပင်ဆဲလ်သေများ၊ ဦးရေပြားဆဲလ်သေများ၊ အခြားသေးငယ်သော အင်းဆက်များနှင့်မှားနိုင်သည်။

စစ်ဆေးမှုများ

    -သန်းတွယ်ခြင်းရှိမရှိကို ခေါင်းတွင် အရွယ်ရောက်ပြီးသန်းနှင့် သန်းပြ(အကောင်ပေါက်များ)ရှိမရှိစစ်ဆေးရမည်။

    -ခေါင်းလျှော်ပြီး ဆံပင် မခြောက်သေးသည့်အချိန်တွင် ဘီးစိပ်စိပ်နှင့် ဖြီးချကြည့်ုခြင်းဖြင့် သန်းများကျလာနိုင်သည်။

    -သန်းဥများကို ဓတ်မီးအလင်းရောင် သို့  မှန်ဘီလူး ကိုသုံးပြီးရှာနိုင်သည်။- သန်းဥခွံများသည် ဦးရေပြားမှ ၆မီလီမီတာ အကွာတွင်ရှိတတ်သည်။-----------

ကုသခြင်း

Permethrin လိမ်းဆေး

    -ပထမဆုံး ခေါင်းကို  ရှာလကာရည်အဖြူဖြင့် ဆေးချရမည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် သန်းဥများကိုကွာကျစေသည်။ပြီးလျှင်ပေါင်းဆေးမသုံးဘဲခေါင်းလျှော်ပေးရမည်။ပြီးလျှင် ဘီးစိပ်စိပ်ဖြင့်ဖြီးချပေးပါ။

    -ခေါင်းလျှော်ပြီးလျှင် ဆေးကို တစ်ခေါင်းလုံးအနှံ့လိမ်းပေးရမည်-။ 

    -ဆေးကို ၁၀ မိနစ်ခန့်ထားပြီး နောက်ရေဖြင့်ဆေးချပေးပါ။

    -ဆေးဓာတ်မတည့်လျှင် ဦးရေပြားယားယံခြင်းနှင့် နီရဲခြင်းကို ဖြစ်စေသည်။

အခြားဆေးများ

   -Benzyl alcohol -- အဆိုပါဆေးသည် သန်းများကို အောက်ဆီဂျင် ပြတ်လတ်ပြီးသေစေနိုင် သည် ။ဓာတ်မတည့်လျှင် ဦးရေပြားယားယံခြင်း နှင့် နီရဲခြင်းကို ဖြစ်စေသည်။အသက်ခြောက်လအောက် ကလေးများတွင် တက်ခြင်းနှင့် အခြားပြင်းထန်သော ဆိုးကျိုးများဖြစ်နိူင်၍ အသက် ၆လအောက်ကလေးများတွင်အသုံးမပြုပါ

    -Malathion (ovide)  malathaion ဟုခေါ်သော ပိုးသတ်ဆေးပါသည့် ခေါင်းလျှော်ရည်သုံးပေးနိုင်သည်။ထိုဆေးရည်ကိုခေါင်းတွင်လိမ်းပြီး ၈-၁၂ နာရီအကြာတွင်ရေဆေးချပေးပါ။အသက်၆နှစ်နှင့် အထက်ကလေးများတွင် အသုံးပြုနိုင်သည်။

    -Lindane-- lindane ဟုခေါ်သော ပိုးသတ်ဆေးပါဝင်သည့် ခေါင်းလျှော်ရည်ကို အခြားဆေးများလုံးဝမတိုးသောအခါမှသာသုံးသင့်သည်။အဆိုပါဆေးသည်လည်း တက်ခြင်း နှင့် အခြားပြင်းထန်သော ဆေးတုံ့ပြန်မှုများဖြစ်နိုင်သည်။အဆိုပါဆေးကို ပေါင် ၁၁၀ အောက်ရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ အတက်ရောဂါရှိသူများ သို့  တက်ဖုူးသူများ၊ HIV ပိုးရှိသူများတွင် အသုံးမပြုရန်တားမြစ်ထားသည်။

ကာကွယ်ခြင်း

    -ခေါင်းလျှော်ပြီး ဆံသားမခြောက်ခင်အချိန်တွင် ဘီးစိပ်စိပ်ဖြင့့် ဖြီးချပေးခြင်းကို လျှော်ပြီးတိုင်းနှစ်ကြိမ် အနည်းဆုံးနှစ်ကြိမ်လုပ်သင့်သည်။ထိုသို့တစ်ပတ်တွင် ၃-၄ ရက်ပြုလုပ်ပေးရမည်။ သနူ်းများမတွေ့တော့သည် အထိပြုလုပ်ပေးရမည်။

    -အချို့သော အပင်နှင့် အပွင့်များမှ ရရှိသော အဆီများ(လက်ဖက်ဆီ၊ စမုန်စပါးဆီ၊ ylang ylang ပနု်းပွင့်အဆီ) များကိုလိမ်းပေးနိုင်သည်။ ထိုအဆီများသည် သန်းနှင့် သန်းဥ များကိုသေစေနိုင်သည်။

    -မီးဖိုချောင်တွင်ရနိုင်သော မရိုးနိစ် ၊ သံလွင်ဆီ ၊ ထောပတ်ဆီ၊ ရေနံဆီဂျယ်လီ များကို လိမ်းပေးနိုင်သည်။ ထို အဆီများကိုလိမ်းပြီး ခေါင်းစွပ်စွပ်ကာ တစ်ညအိပ်လိုက်ပါ။ မနက်တွင် ခေါင်းလျှော်ချပေးရမည်။

    -သန်းများသည်  ဦးရေပြားပေါ်မှလွဲ၍အခြားနေရာများတွင် တစ်ရက်ထက်ပို၍ အသက်မရှင်နိုင်ပေ။

    -သန်းရှိသူအသုံးပြုသွားသည့် ပစ္စည်းများကိုနှစ်ရက်အတွင်းသတိထားကိုင်ရမည်။

    -အိပ်ရာခင်း၊ ခေါင်းအုံး၊ အဝတ်အစား၊  ဘီး နှင့် အခြားဆံပင်အသုံးအဆောင်ပစ္စည်းများ၊ စသည်တို့ကို ၁၃၀ဒီဂရီဖာရင်ဟိုက်ရှိသော ရေတွင်ပြုတ်လျှော်ရမည်။

    -မလျှော်နိုင်လျှင် ပလတ်စတစ်အိတ်တွင် ထုတ်ပြိး ၂ ပတ်ထားပေးရမည်။

    -ကျောင်းနေအရွယ် ကလေးများသည်  အချင်းချင်း နီးနီးကပ်ကပ် နေသောကြောင့် သန်းအကူးမခံရအောင် နေရန် အလွန်ခက်ခဲသည်။

    -အသုံးအဆောင်ပစ္စည်းများ ဥပမာ အဝတ်အစား၊ ဘီး ။ ဦးထုပ် ၊ မာဖလာများစသည်တို့ကို အချင်းချင်း လဲလှယ်မသူံးမိစေရန်အလေ့အကျင့်လုပ်ပေးရမည်။


 Dr Khin Jyu Jyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18