Print

Paget’s disease of the bone

  16-Aug-2018
Preview Image

ပုံမှန်လူတစ်ဦးတွင် အရိုးဟောင်းများပျက်စီးသွားပါက အရိုးဆဲလ်အသစ်များ ပြန်လည်အစားထိုးဝင်ရောက်လေ့ရှိသည်။ Paget’s disease ရှိသူများတွင်မူ ထိုဖြစ်စဉ်ကို နှောက်ယှက်ခံရသောကြောင့် အရိုးများကျွတ်ဆတ်ခြင်း၊ ပုံစံပြောင်းခြင်းတို့ ဖြစ်ပေါ်တတ်သည်။ တင်ရိုးခွေ၊ ဦးခေါင်းခွံရိုး၊ ကျောရိုးနှင့် ခြေထောက်ရိုးများတွင် အဖြစ်များသည်။

လက္ခဏာများ

·         တင်ပါးရိုးခွေတွင် ဖြစ်ပွားပါက တင်ပါးရိုးနာကျင်ခြင်း

·         ဦးခေါင်းတွင် ဖြစ်ပွားပါက အကြားအာရုံချို့တဲ့ခြင်း၊ ခေါင်းကိုက်ခြင်း

·         ကျောရိုးတွင် ဖြစ်ပွားပါက အာရုံကြောများကို ဖိမိပြီး နာခြင်း၊ ကျင်ခြင်း၊ ထုံခြင်း

·         ခြေထောက်တွင် ဖြစ်ပွားပါက ခြေထောက်များကွေးသွားခြင်း၊ ပုံပျက်သွားခြင်း၊ အရိုးနှင့် အဆစ်များရောင်ရမ်းခြင်းတို့ကို ကြုံတွေ့ရတတ်သည်။

ဆရာဝန်နှင့် ပြသသင့်သော အချက်များ

·         အရိုးနှင့် အဆစ်များနာကျင်ခြင်း

·         ထုံကျင်ခြင်း၊ လှုပ်ရှားရာတွင် အားနည်းခြင်း

·         အရိုးများ ပုံပျက်ခြင်းတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် သွားရောက်ကာ စမ်းသပ်စစ်ဆေးမှုများကို ခံယူသင့်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသော အကြောင်းရင်းကို တိကျစွာ မသိရသေးပေ။ ပတ်ဝန်းကျင်နှင့် မျိုးရိုးတို့ပေါ်တွင် တည်မှီသည်ဟု ဆိုကြပြီး ဗိုင်းရပ်စ်ပိုးများနှင့် သက်ဆိုင်သည်ဟုလည်း ယူဆကြသည်။

အဖြစ်များသူများ

·         အသက် ၄၀နှစ်အထက်ရှိသူများ

·         အမျိုးသားများ

·         အနောက်တိုင်းလူမျိုးများ ( အင်္ဂလန်၊ စကော့တလန်၊ ဥရောပ အလယ်ပိုင်းနှင် ဂရိ)

·         အလားတူ ရောဂါ မျိုးရိုးရှိသူများတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ

·         အရိုးများ ကျိုးလွယ်ခြင်း၊ ပုံပျက်ပန်းပျက်ဖြစ်ခြင်း

·         အရိုးနှင့် အဆစ်များရောင်ရမ်းခြင်း

·         နှလုံး ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း ( Heart Failure )

·         အရိုးကင်ဆာဖြစ်ခြင်း တို့ကို နောက်ဆက်တွဲ ပြဿနာများအဖြစ် တွေ့ရတတ်သည်။

စစ်ဆေးမှုများ

·         ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးမှုများခံယူခြင်း

·         ဓာတ်မှန်ရိုက်ခြင်း

·         အရိုးဓာတ်မှန်ရိုက်ခြင်း ( Bone Scan )

·         သွေးတွင်းရှိ Alkaline phosphatase ကို စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း

သွေးတွင်း Alkaline phosphatase level တက်နေပြီး အရိုးများကို ထိခိုက်နိုင်သော အခြေအနေဖြစ်နေပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးဝါးများသောက်သုံုးခြင်း၊ လိုအပ်ပါက ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

အိမ်တွင်းကုထုံးများ

ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်နိုင်ရန်

·         ချော်လဲပါက အရိုးကျိုးလွယ်သဖြင့် ချော်မလဲအောင် ထိန်းသိမ်းခြင်း ( လိုအပ်ပါက တုတ်ကောက်၊ လမ်းလျှောက်အကူ ပစ္စည်းများကို သုံးခြင်း )

·         ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ တို့ပါဝင်သော အစာများကို စားသုံးပေးခြင်း

·         လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း တို့ကို ပြုလုပ်ပေးနိုင်ပါသည်။

Lei ( Healthcare.com.mm )

Ref: Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18