Print

Pancreatitis (မုန့်ချိုအိတ်ရောင်ရမ်းခြင်း )

  16-Aug-2018
Preview Image

မုန့်ချိုအိတ်သည် ဝမ်းဗိုက်အထက်ပိုင်း အစာအိမ်၏ နောက်ဖက်တွင်ရှိသော ရှည်ရှည်ပြားပြား အင်္ဂါတစ်ခုဖြစ်သည်။ အစာချေ အင်ဇိုင်းများနှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးသော ဟော်မုန်း (Insulin) တို့ကို ထုတ်လုပ်ပေးသည်။

လက္ခဏာများ

မုန့်ချိုအိတ် လက်တလောရောင်ရမ်းခြင်း လက္ခဏာများအနေဖြင့်

ဝမ်းဗိုက်အထက်ပိုင်းနာကျင်ခြင်း

ထိုမှတဆင့် ကျောဘက်သို့ ပျံ့နှံ့၍ နာခြင်း

ဗိုက်နာ/ အောင့်ခြင်းမှာ အစာစားပြီးချိန်များတွင် ပို၍ဆိုးခြင်း

ပျို့ခြင်း၊ အန်ခြင်း

ဗိုက်ကို ထိမိပါက နာကျင်ခြင်း တို့ကို တွေ့ရသည်။


နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်းတွင်

ဝမ်းဗိုက်အထက်ပိုင်း နာကျင်ခြင်း

ပိန်သွားခြင်း

အဖြူရောင်၊ အနံ့ဆိုးသော ဝမ်းများသွားခြင်း၊ ရေလောင်းချပါက ကပ်တင်ကျန်နေတတ်ခြင်း၊ အဆီဝေ့တတ်ခြင်း တို့ကို ရောဂွလက္ခဏာများအဖြစ် တွေ့ရတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

မုန့်ချိုအိတ်အတွင်းမှထုတ်လုပ်ပေးသော အစာချေအင်ဇိုင်းများ ထကြွသောင်းကျန်းကာ မုန့်ချိုအိတ်ကို ပြန်လည်တိုက်ခိုက်သောကြောင့် မုန့်ချိုအိတ်ရောင်ရမ်းရခြင်းဖြစ်သည်။ လက်တလော ရောင်ရမ်းခြင်း (Acute) မကြာခဏဖြစ်ပွားနေပါက နာတာရှည်ရောင်ရမ်းခြင်း (chronic) သို့ ပြောင်းလဲသွားနိုင်သည်။

မုန့်ချိုအိတ်ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ

အရက်သောက်ခြင်း

သည်းခြေကျောက်တည်ခြင်း

မှန်ဘီလူး အသုံးပြုကာ သည်းခြေကျောက်ကို ကုသမှုခံယူထားခြင်း (ERCP)

ဝမ်းဗိုက်အတွင်း ခွဲစိတ်ထားခြင်း

အချို့ဆေးများကို စွဲသောက်နေရခြင်း

ဆေးလိပ်သောက်ခြင်း

Cystic fibrosis ရောဂါရှိခြင်း

မုန့်ချိုအိတ်ရောင်ရမ်းတတ်သော မျိုးရိုးရှိခြင်း

သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်များခြင်း ( Parathyroid အလွန်အကျွံ အလုပ်လုပ်ခြင်း)

သွေးတွင်းအဆီဓာတ်များနေခြင်း

ဝမ်းဗိုက်ကို ထိခိုက်မိခြင်းနှင့် 

မုန့်ချိုအိတ် ကင်ဆာတို့ ဖြစ်ကြသည်။


နောက်ဆက်တွဲ ပြဿနာများ

မုန့်ချိုအိတ်ရောင်ရမ်းခြင်း၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်

မုန့်ချိုအိတ်တွင် ရေအိတ်တည်ခြင်း

ပိုးဝင်ခြင်း

သွေးတွင်း အောက်ဆီဂျင်ဓာတ်လျော့နည်းခြင်း

ဆီးချိုရောဂါဖြစ်ခြင်း

ကျောက်ကပ်ပျက်စီးခြင်း

အာဟာရ ချို့တဲ့ခြင်း

မုန့်ချိုအိတ်ကင်ဆာဖြစ်ခြင်းတို့ကို တွေ့ရတတ်သည်။


စစ်ဆေးမှုများ

စစ်ဆေးမှုများအနေဖြင့် 

သွေးတွင်းရှိ မုန့်ချိုအိတ်မှထုတ်သော အင်ဇိုင်းများကို စစ်ဆေးခြင်း

ဝမ်းကို စစ်ဆေးခြင်း

ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း

ဝမ်းဗိုက်ကို တီဗွီဓာတ်မှန်ရိုက်ခြင်း

မုန့်ချိုအိတ်ပြွန်အတွင်း ရောင်ရမ်းခြင်း၊ ပိတ်ဆို့နေခြင်းတို့ကို သိနိုင်ရန် မှန်ပြောင်းဖြင့် စစ်ဆေးခြင်း

သည်းခြေအိတ်၊ မုန့်ချိုအိတ်နှင့် မုန့်ချိုအိတ်ပြွန်တို့၏ အနေအထားကို သိနိုင်ရန် သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

မုန့်ချိုအိတ်ရောင်ရမ်းခြင်းကို သက်သာစေရန် 

ရက်အနည်းငယ်ခန့် အစာမစားဘဲနေစေခြင်း (သက်သာသောအခါမှ ရေ၊ အရည် ၊ အဖတ်၊ ပုံမှန်အတိုင်း ပြန်လည် ကျွေးနိုင်ပါသည်)

နာကျင်ခြင်းကို သက်သာစေသော ဆေးများပေးခြင်း

အရည်ဓာတ်မခမ်းခြောက်စေရန် သွေးပြန်ကြောမှတဆင့် အရည်များသွင်းပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများကို ကုသနိုင်ရန်

သည်းခြေပြွန်ပိတ်နေပါက ပိတ်စေသော အရာများကို ဖယ်ရှားခြင်း၊ ပြွန်ကိုချဲ့ခြင်း

သည်းခြေအိတ်ကို ဖယ်ရှားခြင်း

မုန့်ချိုအိတ်အတွင်းရှိ အရည်များနှင့် ဆဲလ်အသေများကို ဖယ်ရှားပစ်ခြင်း

အရက်စွဲနေပါက ဖြတ်တောက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

မုန့်ချိုအိတ် နာတာရှည်ရောင်ရမ်းနေပါက အထက်ပါ နည်းလမ်းများအပြင်

နာကျင်မှုကို သက်သာစေသော ဆေးများပေးခြင်း

အစာချေအင်ဇိုင်းများကို ထပ်ဖြည့်ပေးခြင်း

အဆီနည်းသောအစာများကို ရှောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


အိမ်တွင်းကုထုံးများ

အရက်ဖြတ်ပါ၊ ဆေးလိပ်ဖြတ်ပါ

အဆီနည်းသော အစာများကို ရှောင်ပါ၊ အသီးအရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်များနှင့် အသားတို့ကို များများစားပါ

အရည်များများသောက်ပါ


Lei (Healthcare.com.mm)

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18