Print

Foetal Alcohol Syndrome (FAS) မွေးရာပါ အရက်သမား ရောဂါစု

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် အရက်သောက်သုံးပါက အရက်အာနိသင်များသည် မိခင်မှကလေးဆီသို့ အချင်းမှတဆင့်သက်ရောက်နိုင်ပါသည်။ နောက်ဆက်တွဲအနေနဲ့ ကလေးမွေးပြီးသောအခါ ကလေး၏အမြင်အာရုံ၊ အကြားအာရုံ၊ မှတ်ညဏ်၊ အာရုံစူးစိုက်မှုအားတို့တွင် ချို့ယွင်းမှုများဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားရသော အကြောင်းရင်းများ

အရက်နှင့်ထိတွေ့လာသောအခါ သန္ဓေသားလေး၏ ကိုယ်ခန္ဓာတုန့်ပြန်မှုသည် လူကြီးတစ်ယောက်နှင့်အဆများစွာ ကွာခြားပါသည်။ အရက်သည်ကလေး၏သွေးတွင် ပိုမိုစုမိတတ်ပြီး အာဟာရဓာတ်နှင့် အောက်စီဂျင်ဓာတ်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ မိမိတွင် ကိုယ်ဝန်ရှိနေမှန်းမသိနိုင်သေးခင် ကနဦးကိုယ်ဝန်ပတ်များမှစ၍ ကလေးအားထိခိုက်စေနိုင်ပါသည်။ မိခင်သည် အရက်အလွန်အမင်းသောက်သူဖြစ်ပါက ဖြစ်နိုင်ချေအလွန်များပါသည်။

FAS၏ရောဂါလက္ခဏာများ

FAS၏လက္ခဏာများမှာ အသေးအမွှားမှ ဆိုးဆိုးရွားရွားအထိ အမျိုမျိုးဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့်

·         ဦးခေါင်းသေးသိမ်နေခြင်း

·         ပုံမှန်မဟုတ်သော မျက်နှာသွင်ပြင်များ (အပေါ်နှုတ်ခမ်းနှင့် နှာခေါင်းကြား ပြောင်ချောကြီးဖြစ်နေခြင်း၊ အပေါ်နှုတ်ခမ်းအရမ်းပါးလွှနေခြင်း၊ အရွယ်အစားသေးငယ်၍ ၂ခုကြားကွာဟနေသော မျက်လုံးများ အစရှိသည်ဖြင့်)

·         သာမန်အလေးချိန်နှင့်် အရပ်တို့မပြည့်မှီခြင်း

·         သာမန်ထက်ပို၍ တက်ကြွနေခြင်း

·         အာရုံမစူးစိုက်နိုင်ခြင်း

·         ဖွံ့ဖြိုးတိုးတက်မှုနှေးကွေး၍ စကားပြော၊ ကိုယ်လက်လှုပ်ရှားမှု၊ လူမှုဆက်ဆံရေးချို့ယွင်းခြင်း

·         အမြင်အာရုံ၊ အကြားအာရုံချို့တဲ့ခြင်း

·         ညဏ်ရည်ဖွံ့ဖြိုးမှုအားနည်းခြင်း

·         နှလုံးထိခိုက်ခြင်း

·         ကျောက်ကပ်ထိခိုက်ခြင်း

·         လက်ချောင်း ခြေချောင်းများ ပုံပျက်ခြင်း

·         စိတ်ဂဏှာမငြိမ်ခြင်း


စစ်ဆေးမှုများ

အသိစောလေ ကုသမှုထိရောက်လေဖြစ်ပါသည်။ ကိုယ်ဝန်ရှိစဉ် အရက်သောက်မိပါက ဆရာဝန်အားပြောပြပါ။

ကလေးငယ်အား နှလုံးခုန်သံနားထောင်ပါက မူမမှန်သည်ကိုတွေ့နိုင်ပြီး ကလေးကြီးလာသည်နှင့်အမျှ အခြားလက္ခဏာများ ပေါ်ပေါ်လာပါသည်။ ဥပမာအားဖြင့် ကြီးထွားမှုနှေးကွေးခြင်း၊ မျက်နှာသွင်ပြင်နှင့် အရိုးပုံစံမူမမှန်ခြင်း၊ အကြားအာရုံ အမြင်အာရုံချို့ယွင်းခြင်းအစရှိသော အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ဖြစ်ပါသည်။


ကုသခြင်း

ရောဂါကို အရှင်းပျောက်အောင်မကုသနိုင်သော်လည်း အချို့ဝေဒနာများကို သက်သာအောင် ကုစွမ်းနိုင်ပါသည်။ အသိစောလေ ကုသမှုထိရောက်လေဖြစ်ပါသည်။

ကုသရာတွင် အိမ်ပတ်ဝန်းကျင်၏ပံ့ပိုးမှုသည်လည်း အရမ်းအရေးပါပါသည်။ အခြားကလေးတွေနှင့် နှိုင်းယှဉ်သောအခါ ပို၍စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိရှလွယ်တတ် အတိမ်းအစောင်းလွယ်တတ်ပါသည်။

FASရောဂါကို တိတိပပကုရန် ဆေးဝါးမရှိသေးသော်လည်း ခံစားနေရသောဝေဒနာအချို့အား သက်သာစေသည့်ဆေးဝါးများရှိပါသည်။ ဥပမာအားဖြင့်

·         စိတ်ကျရောဂါကုဆေးများ

·         အာရုံစူးစိုက်မှုတက်စေသောဆေးများ

·         စိတ်ငြိမ်ဆေးများ

ဆေးဝါးများအပြင် ဘေးပတ်ဝန်းကျင်၏စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နိုင်ရန် ဘဝတွက်တာသင်ခန်းစာများနှင့် လူမှုရေးကျင့်ထုံးများကိုလည်း သင်ကြားပေးသင့်ပါသည်။ ပညာရေးအထောက်အကူများလိုသလို ညဏ်ရည်ညဏ်သွေးမှီစေရန် အထူးလေ့ကျင့်ခန်းများအပြင် မိသားစုဝင်များရော ဆရာဆရာမများကပါ နွေးထွေးစွာ လက်တွဲခေါ်ရန် လိုအပ်ပါသည်။


ကာကွယ်ခြင်း

ကာကွယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းပဲဖြစ်ပါတယ်။


Credit – Dr. SN

Reference- Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18