Print

လေဖြန်းခြင်း (Transient ischaemic attack)

  16-Aug-2018
Preview Image

လေဖြန်းခြင်းဆိုသည်မှာ ရုတ်တရတ် ဦးနှောက်သို့ ခဏတာသွေးမရောက်သောကြောင့် ကိုယ်တခြမ်းမလှုပ်နိုင်ခြင်း၊စကားမပြောနိုင်ခြင်း စသည်ဖြင့် လေဖြတ်ခြင်း၏ ရောဂါလက္ခဏာနှင့်တူသော်လည်း ဦးနှောက်ကိုအမြဲပျက်စီးစေခြင်းမရှိပဲ ယာယီသာဖြစ်သည်။ရောဂါလက္ခဏာမှာ ၂၄ နာရီထက်ကျော်ကြာခဲ့လျှင် လေဖြတ်သည်ဟုသတ်မှတ်နိုင်ပြီး မိနစ်ပိုင်း နာရီပိုင်းအတွင်းသာကြာခဲ့လျှင် လေဖြန်းသည်ဟုသတ်မှတ်နိုင်သည်။လေဖြန်းခြင်းသည် လေဖြတ်ခြင်း၏အကြိုလက္ခဏာရပ်တစ်ရပ်ဖြစ်ပီး လေဖြန်းဖူးသူသည် အချိန်မရွေးလေဖြတ်နိုင်ပါသည်။

လက္ခဏာများ

- မျက်နှာနှင့်ခြေလက် ကြွက်သားများ အားနည်းခြင်း

- မျက်နှာတစ်ခြမ်း ရွဲ့ခြင်း

- ကိုယ်တစ်ခြမ်း မလှုပ်နိုင်ခြင်း

- စကားပီသစွာ မပြောနိုင်ခြင်း၊စကား နားလည်ရန် ခက်ခဲခြင်း

- မျက်စိတစ်ဖက် သို့မဟုတ် နှစ်ဖက်မမြင်ရခြင်း၊ပုံရိပ်နှစ်ထပ်မြင်ခြင်း

- ခေါင်းမူးခေါင်းဝေဖြစ်ခြင်း

- ကြယ်သီးမတပ်နိုင်ခြင်းနှင့်ခဏတာ အသိအာရုံချို့ယွင်းခြင်းများ ဖြစ်နိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

- ဦးနှောက်သိုု့သွားရာသွေးကြောထဲတွင် သွေးခဲပိတ်ခြင်း

- နှလုံး သို့မဟုတ် ခြေထောက်မှပြုတ်ထွက်လာသော သွေးခဲသည် ဦးနှောက်သွေးကြောထဲတွင် ပိတ်ဆို့ခြင်း

- သွေးတွင်း ကိုလက်စ်ထရောအဆီ တက်သောကြောင့် ဦးနှောက်သို့သွားရာသွေးကြောတွင် အဆီစု၍ပိတ်ခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ချေများသူများ

- လေဖြန်းခြင်း၊လေဖြတ်ခြင်း မျိုးရိုုးရှိသူများ

- အသက် ၅၅ နှစ်ကျော်သူများ

- အရင် လေဖျန်းဖူးသူများ

- သွေးတိုး၊ဆီးချိုနှင့်နှလုံး ရောဂါ အခံရှိသူများ

- သွေးတွင်း (homocysteine) ဟုခေါ်သော ဓါတ်တမျိုးများနေသူများ

- အဝလွန်သူများ

- ဆေးလိပ်သောက်သူများ

- အရက်သောက်သူများ

- ကိုယ်လက်လှုပ်ရှားမှု နည်းသူများ

- အဆီအဆိမ့်နှင့်အငန်များ အလွန်အကျွံစားသုံးသူများ 

- (sickle cell disease) စသောသွေးနီဥ ပုံမှန်မဟုတ်သော ရောဂါရှိသူများ

- စိတ်ကြွဆေးသုံးသူများ

- ကိုယ်ဝန်တားဆေးသုံးသူများ

- ယောကျ်ားတွင်ပို၍ အဖြစ်များသောရောဂါဖြစ်သည်။

နောက်ဆက်တွဲ ပြဿနာများ

-လေဖြန်းဖူူးသူ သုံးပုံတစ်ပုံသည် လေဖြတ်နိုင်ချေများသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက အချိန်မဆွဲဘဲ သက်ဆိုင်ရာဆရာဝန်နှင့်အမြန်ဆုံး ပြသသင့်ပါသည်။

စစ်ဆေးမှုများ

- သွေးစစ်ခြင်း

- လည်ပင်းအထက်တွင် Ultrasound ထောက်၍သွေးကြောပိတ်မပိတ်အဖြေရှာခြင်း

- ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း

- သံလိုက်ဓါတ်မှန်ရိုက်ခြင်း

- သွေးကြောကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း

- နှလုံးဓါတ်မှန်ရိုက်ခြင်း

- သွေးကြောဓါတ်မှန်ရိုက်ခြင်း

- သွေးတွင်းအဆီဓါတ်၊သွေးတွင်းသကြားဓါတ်များစစ်ဆေးခြင်း တို့ပြုလုပ်နိုင်ပါသည်။

ကုသခြင်း

- ဆေးဝါးဖြင့်ကုသခြင်း

- ခွဲစိတ်ကုုသခြင်း (သွေးကြောကိုဖွင့်၍အထဲမှပိတ်နေသောသွေးခဲ (သို့) အဆီကိုဖယ်ရှားခြင်း)

- သွေးကြောတွင်းသို့ ပြွန်ချောင်း( stent )ထည့်၍လမ်းကြောင်းချဲ့ခြင်းများဖြင့်ကုသနိုင်ပါသည်။

ကာကွယ်ခြင်း

- ဆေးလိပ်ဖြတ်ခြင်း

- အရက်ဖြတ်ခြင်း

- အဆီအဆိမ့်နှင့်အငန်များ လျှော့စားခြင်း

- အသီးအနှံနှင့်အရွက်များများစားသုံးခြင်း

- လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ခြင်း

- ဝသောသူများ ကိုယ်အလေးချိန် လျှော့ချခြင်း

- ဆီးချို၊သွေးတိုး ရောဂါများရှိပါက ဆေးမှန်မှန်သောက်၍ထိန်းခြင်း

- စိတ်ကြွဆေးသုံးစွဲမူှများရှောင်ကြဉ်ခြင်းတို့ဖြင့်ကာကွယ်နိုင်ပါသည်။

Ref:  Mayo Clinics

Credit: Dr Toe 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18