Print

Cervicsl spondylosis (လည်ပင်းကျီးပေါင်းတက်ခြင်း)

  16-Aug-2018
Preview Image

အရိုးကျီးပေါင်းတက်ခြင်းသည် အသက်အရွယ်ကြီးသော လူကြီးပိုင်းများတွင် အလွန်အဖြစ်များသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ရောဂါလက္ခဏာ ပိုဆိုးတတ်သည်။ အသက် ၆၀ ကျော် အမျိုးသား၊ အမျိုးသမီးများ၏ ၈၅ ရာခိုင်နှုန်းတွင် ဤလည်ပင်းကျီးပေါင်းတက်ခြင်းရောဂါရှိနေသည်။ 

တချို့သော လူများတွင် ရောဂါရှိနေသော်လည်း မည်သည့်လက္ခဏာမှမခံစားရချေ။ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါကလည်း ခွဲစိတ်စရာမလိုသော နည်းလမ်းများဖြင့်လည်း ထိထိရောက်ရောက် ကုသနိုင်သည်။


ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ နာကျင်ခြင်းနှင့် ဇက်ကြောတက်ခြင်းများပင်ဖြစ်သည်။ တစ်ခါတစ်ရံ လည်ပင်းရိုးနှစ်ခုကြားရှိ ဆက်ထားသော နေရာလွတ်ကျဉ်းမြောင်းလာခြင်းနှင့်အတူ ထိုနေရာရှိ အာရုံကြောများကို ဖိမိသည်။ ထိုသို့အာရုံကြောများ ဖိမိပါက

လက်၊ လက်ဖျံ၊ ခြေထောက်နဲ့ ခြေဖဝါးများ ထုံကျဉ်ခြင်း၊ စူးရှရှခံစားချက်မျိုးရရှိခြင်း

လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း

•            ဆီးသွားရာ အခက်အခဲရှိခြင်း၊ ဝမ်းသွားရာတွင် ဝမ်းမနိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းများ ဖြစ်နိုင်သည်။

ထို့ကြောင့် အရိုးကျီးပေါင်းရှိသူများ အနေနှင့် အထက်ပါရောဂါလက္ခဏာများ ရုတ်တရက်ခံစားလာရပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသ၍ကုသရမည်။


ဖြစ်ပွားရသောအကြောင်းအရင်းများ

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကိုယ်ခနွာရှိ အရိုးများ သည်လည်း ပျက်စီးလာသည်။ ပျက်စီးရသော အကြောင်းအရင်းများ

အရိုးနုများခြောက်သွေ့လာခြင်း။ အရိုးနုများသည် အရိုးနှစ်ခုကြား ကူရှင်းလုပ်ပေးသော ပစ္စည်းဖြစ်သည်။ အသက် ၄၀ ခန့်ရောက်လာသောအခါ ထိုအရိုနုများသည် ခြောက်သွေ့ပျက်စီးလာသည်။ 

အရိုးနုကျွံခြင်း၊ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးနု၏ အပြင်မျက်နှာပြင်သည် ကွဲအက်ခြင်းများ ဖြစ်လာကာ အရိုးကျွံခြင်းများ ဖြစ်လာသည်။

အရိုးအတက်ထွက်ခြင်း၊ အရိုးပျက်စီးလာခြင်းအား ခနွာကိုယ်မှ အလိုအလျောက် ဖာထေးသော လုပ်ငန်းစဉ်ဖြင့် ပြန်လည်ဖာထေးသည်။ ထိုလုပ်ငန်းစဉ်ကြောင့် အရိုး၏ မျက်နှာပြင်ပေါ်တွင် မလိုအပ်သော အတက်အလက်များ ပေါ်ထွက်လာသည်။ ထိုအရိုးအတက်များသည် ကျောရိုးအာရုံကြောမကြီးနှင့် အာရုံကြောငယ်များကို ဖိမိစေကာ အာရုံကြောလက္ခဏာများ ပေါ်ပေါက်လာစေသည်။

အရွတ်များလာခြင်း၊ အရွှတ်ဆိုသည်မှာ အရိုးနှစ်ခုအား ဆက်ပေးသောကြွက်သား၏ အစိတ်အပိုင်းဖြစ်သည်။ ထိုအရွှတ်များသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ မာလာနိုင်သည်။ ထိုကြောင့် လည်ပင်းလှုပ်ရှားနိုင်မှုများ လျှော့ကြလာကာ လည်ပင်းတောင့်တင်း (ဇက်ကြောတက်သော) ဝေဒနာများခံစားလာရသည်။ 


ဖြစ်နိုင်ခြေများသူများ

အသက်အရွယ်ကြီးသူများ

ကွန်ပျူတာ အသုံးပြုသူများ၊ စာဖတ်သူများတွင် လည်ပင်းပုံစံမမှန်ဘဲ ဖတ်ပါက လည်ပင်းတွင် ဒဏ်ဖြစ်ကာ ကျီးပေါင်းဖြစ်နိုင်သည်။

လည်ပင်းတွင်ထိခိုက်ဒဏ်ရာရသူများ

မျိုးရိုးထဲတွင် ကျီးပေါင်းဖြစ်သောမိဘ၊ ဆွေမျိုးများရှိခြင်း

ဆေးလိပ်အလွန်မကျွံသောက်သုံးများ


နောက်ဆက်တွဲပြဿနာများ

အာရုံကျောမကြီး (သို့) အာရုံကြောများကို ဆိုးရွားစွာ ဖိမိပါက အာရုံကြောပျက်စီးနိုင်သည်။


စစ်ဆေးမှုများ

ဆရာဝန်မှ သင်၏လည်ပင်းအား စစ်ဆေးခြင်း

ဓာတ်မှန်ရိုက်ခြင်း

CT စကင်ရိုက်ခြင်း

MRI စကင်ရိုက်ခြင်း

အာရုံကြောလုပ်ငန်းများစစ်ဆေးခြင်း


ရောဂါကုသခြင်း (ဆေးဝါးများဖြင့်)

အကိုက်အခဲပေါက်ဆေးများ

ကြွက်သားပျော့ပျောင်းဆေးများ

စတီးရွိုက်များ

စိတ်ဓာတ်ကျရာတွင် အသုံးပြုသောဆေးဝါးများ


လေ့ကျင့်ခန်းများပြုလုပ်ခြင်း

လေ့ကျင့်ခန်းဆရာများမှ သင့်အား လည်ပင်းမှကြွက်သားများ ကျန်းမာအောင် ပြုလုပ်ပေးသော လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးနိုင်သည်။


အပ်စိုက်ကုသခြင်း

သင်၏ဆရာဝန်မှ နာကျင်မှုသက်သာစေရန် အပ်စိုက်ကုသမှုခံယူခိုင်းနိုင်ပါသည်။  ထိုဆရာဝန်မှ ကျွမ်းကျင်သော အပ်စိုက်ကုပညာရှင်ကို လွှဲပေးမည်။


ခွဲစိတ်ကုသခြင်း

အရိုးအကြောခွဲစိပ်ကုဆရာဝန်မှ သင်၏ ကျောရိုးကိုခွဲစိပ်ပေးနိုင်သည်။


ကာကွယ်ကုသခြင်း

လမ်းလျှောက်ပေးပါ။

လည်ပင်းလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။

ကွန်ပျူတာအသုံးများ/ စာဖတ်ပါက မကြာခဏ ခေါင်းနှင့်ကိုယ်လက် လေ့ကျင့်ခန်းပြုလုပ်ပေးပါ။






Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18