Print

ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော နှလုံးရောဂါစု

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

   ဤရောဂါသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း(မိသားစုဝင် သို့မဟုတ် ချစ်ခင်ရသူ ရုတ်တရက် ဆုံးပါးသွားခြင်း)၊ စိတ်ဟော်မုန်းအတက်အကျမြန်ခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်း တို့ကြောင့်  ရုတ်တရက် ရင်ဘတ်အောင့်၍ နှလုံးကို ထိခိုက်သွားပြီး ဖြစ်ပေါ်လာသော နှလုံးရောဂါစုဖြစ်ပါသည်။


လက္ခဏာများ

- ရင်ဘတ်အောင့်ခြင်း

- အသက်ရှုမဝခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

- အဓိကဖြစ်ပွားစေသော အကြောင်းအရင်းကတော့ မသိရှိသေးပါ။

- အခြား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ-

. မိမိချစ်သော တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားသော သတင်းကို ကြားမိခြင်း

. မိမိတွင် ထိတ်လန့်ဖွယ်ရောဂါ တစ်ခုခုရှိနေပြီဟု ကြားသိရခြင်း ( ဥပမာ- ကင်ဆာရောဂါ၊ AIDS ရောဂါ )

. အိမ်တွင်း အကြမ်းဖက် ခံရခြင်း

. ရုတ်တရက် ထီပေါက်ခြင်း၊ ချမ်းသာခြင်း၊ အောင်မြင်ခြင်း ( သို့မဟုတ်)    ရုတ်တရက် ပိုက်ဆံများ ဆုံးရှုံး၍ 

  ဆင်းရဲသွားခြင်း၊ အလုပ်ပြုတ်သွားခြင်း

. ပြင်းထန်စွာ အငြင်းပွားခြင်း ၊ အလန့်တကြား ပါတီပြုလုပ်ပေးခြင်း

. မိသားစုပြိုကွဲသွားခြင်း

. ရုတ်တရက် ရင်ကြပ်ရောဂါ ပြင်းထန်လာခြင်း၊ ကားတိုက်မှုဖြစ်ခြင်း၊ အကြီးစားခွဲစိပ်မှု ပြုလုပ်ရခြင်း 

. ဖိစီးမှုဖြစ်စေသော ဟော်မုန်းများရုတ်တရက် ဆောင့်တက်စေသည့် ဆေးဝါးများ သုံးစွဲမိခြင်း  တို့ကြောင့်   ဖြစ်စေနိုင်ပါသည်။


ဖြစ်နိုင်ချေများသူများ

- အသက် ၅၀ ကျော်အမျိုးသမီးများ

- ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ အတက်ရောဂါ ရှိသူများ

- စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ တစ်ခုခု ခံစားနေရသောသူ  တို့တွင် ဖြစ်နိုင်ချေများပါသည်။


နောက်ဆက်တွဲ ပြဿနာများ

- အဆုတ်တွင် ရေအိုင်၍ အဆုတ်ယောင်ခြင်း

- သွေးပေါင်ကျခြင်း

- နှလုံးခုန်နှုန်း မမှန်ခြင်း

- နှလုံးတစ်ခုလုံး ယိုယွင်းပျက်စီးခြင်း အထိ ဖြစ်နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

   အချိန်ကြာရှည်စွာ ရင်ဘတ်အောင့်ခြင်း ၊ နှလုံးခုန်နှုန်း အရမ်းမြန်ခြင်း(သို့မဟုတ်) ပုံမမှန်ခြင်း၊ လှုပ်လှုပ်ရှားရှား အလုပ်တစ်ခုခု လုပ်ပြီးတိုင်း အသက်ရှုမဝခြင်း တို့ဖြစ်လာလျှင်  ဆရာဝန်နှင့်ချက်ချင်းသွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါဖြစ်စဉ်ကို သေချာမေးမြန်း၍ စစ်ဆေးခြင်း

- အီးစီဂျီ ဆွဲခြင်း

- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

- နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း

- နှလုံးသွေးကြောထဲသို့ ဆေးထိုးထည့်၍ နှလုံးသွေးကြောများကို ကြည့်ခြင်း


ကုသခြင်း

  ဤရောဂါအတွက်တော့ သီးသန့်ဆေးမရှိပါ။သို့သော် ဤရောဂါကို ဖြစ်စေနိုင်သော တခြား နှလုံးရောဂါအခြေခံ အကြောင်းအရင်း တွေကိုတော့ ဆေးဝါးများဖြင့် ကုသနိုင်ပါသည်။


ကာကွယ်ခြင်း

   ကာကွယ်ခြင်းအနေနဲ့ ဤရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ရှောင်ကြဉ်သင့်ပါသည်။


Credit       :  Dr. Tun Nandar Linn

Reference :  Mayo Clinic




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18