Print

Aplastic Anaemia (သွေးကင်ဆာ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

Aplastic anemia ဟုခေါ်သော သွေးကင်ဆာ အမျိုးအစားသည် ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥ သွေးနီဥများ ပုံမှန် မထုတ်တော့ခြင်းဖြစ်သည်။ အားမရှိခြင်း နုံးခွေခြင်း များ ဖြစ်နိုင်ပြီး ရောဂါပိုးများ ဝင်လွယ်ခြင်း နှင့် သွေးထွက်လွန်ပြီး သွေးမထိန်းနိုင်ခြင်းတို့ ဖြစ်တတ်ပါသည်။  အသက်အရွယ် မရွေးဖြစ်နိုင်ပြီး ယခင် သွေးနှင့်ပတ်သတ်သော ရောဂါအခံမရှိဘဲ ရုတ်တရက်ဖြစ်လာခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ တဖြည်းဖြည်းနှင့် ဆိုးလာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ Aplastic anemiaကို ကုသရာတွင် ဆေးဖြင့်ကုသခြင်း၊သွေးသွင်းကုသခြင်းနှင့် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း စသည့် ကုသခြင်းမျိုးလည်း ရှိနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ-

မောပန်းလွယ်ခြင်း။

နုံးချိခြင်း။

နှလုံးခုန် မြန်ခြင်း သို့မဟုတ် နှလုံးခုန် မမှန်ခြင်း။

အသားအရောင် ဖြူဖျော့နေခြင်း။

မကြာခဏ နှာစေးချောင်းဆိုးဖြစ်ခြင်း ဖျားခြင်း။

သွေးခြေဥလွယ်ခြင်း။

နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း။

ထိခိုက်ရှနာဖြစ်ပါက သွေးထွက်ချိန်ကြာခြင်း(သွေးမတိတ်ခြင်း)။

ခန္ဓာကိုယ် အရေပြားတွင် အနီစက်အနီကွက်များ ထွက်ခြင်း။

ခေါင်းမူးခြင်း။

ခေါင်းကိုက်ခြင်း။

Aplastic anemia ဖြစ်သော အချို့သောသူများတွင် ခေတ္တသာ ဖြစ်လေ့ရှိပြီး အချို့တွင်မူ နာတာရှည် ရောဂါအဖြစ် ဖြစ်လေ့ရှိသည်။ အချို့သောသူများတွင် ရောဂါအခြေအနေ ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နိုင်သည်။Aplastic anemiaသည် သင့်ရိုးတွင်ခြင်ဆီ အားထိခိုက်မှုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး တဖြည်းဖြည်းနှင့် သွေးဆဲလ်အသစ်ထုတ်လုပ်မှု လုံးဝရပ်သွားခြင်းဖြစ်သည်။ ပုံမှန်လူတစ်ယောက်တွင် ရိုးတွင်းခြင်ဆီမှ သွေးနီဥ သွေးဖြူဥနှင့် သွေးမွှားများ ထုတ်လုပ်ပေးခြင်းဖြစ်သော်လည်း Aplastic anaemia ရောဂါမှာမူ ရိုးတွင်းခြင်ဆီမှ သွေးနီဥ သွေးဖြူဥနှင့် သွေးမွှားများ ထုတ်ပေးနိုင်စွမ်း ပုံမှန်ထက် အလွန်တရာ နည်းသွားခြင်း သို့မဟုတ် လုံးဝ မထုတ်နိုင်တော့ခြင်းမျိုးဖြစ်သည်။ 


ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်များ မထုတ်ပေးနိုင်ရသော အကြောင်းအရင်းများမှာ-

ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်ပြ၍ ကုသမှု ခံယူခြင်း။

အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများခြင်း (ဥပမာ- Benzene၊ပိုးသတ်ဆေးနှင့် အင်းဆက်သတ်ဆေးများ)

အချို့သောဆေးပြင်းများသောက်ရခြင်း( ဥပမာ- သွေးလေးဖက်နာတွင် သောက်ရသော ဆေးများနှင့် အချို့သော ပဋိဇီဝဆေးများ။

Autoimmune disorder

ဗိုင်းရပ်စ်ပိုးဝင်ခြင်း (ဥပမာ- အသည်းရောင် အသားဝါ ဘီပိုး၊ HIV ပိုး၊Epstein-Barr Virus, cytomegalovirus, parvovirus B19 )

အချို့သော ကိုယ်ဝန်ဆောင်များ။

အခြား အမျိုးအမည် မဖော်နိုင်သေးသော အကြောင်းအရာများ။


Aplastic anemia သည် အခြားသော သွေးရောဂါများနှင့် တွဲ၍ ဖြစ်လေ့ရှိပြီး အဖြစ်များသော ရောဂါတစ်ခုမှာ paroxysmal nocturnal hemoglobinuria ခေါ် ဆီးတွင် သွေး(ဟေမိုဂလိုဘင်)ပါသော ရောဂါမျိုးနှင့် တွဲ၍ အဖြစ်များသည်။

အချို့သော ကလေးများတွင်မူ မွေးရာပါ Aplastic Anaemia သွေးကင်ဆာရောဂါ ဖြစ်ပြီး ကလေးဖွံဖြိုးမှုနှေးခြင်းများ ဖြစ်လေ့ရှိသည်။


စစ်ဆေးမှုများ

To diagnose aplastic anemia, your doctor may recommend:

သွေးစစ်ခြင်း( သွေးနီဥ သွေးဖြူဥ နှင့် သွေးဥမွှားပမာဏများ စစ်ဆေးခြင်း)။ Aplastic Anaemia တွင် သွေးနီဥ၊သွေးဖြူဥ နှင့် သွေးဥမွှားများ ပုံမှန်ထက် နည်းနေလေ့ရှိသည်။

ရိုးတွင်း ခြင်ဆီမှ အသားစယူ၍ စစ်ဆေးခြင်း(Bone Marrow Biopsy) ဖြင့် Aplastic Anaemia ရောဂါရှိမရှိ သေချာစွာ သိနိုင်ပါသည်။


Aplastic Anaemia သွေးကင်ဆာရောဂါရှိသည်ဟု ဆေးစစ်ချက်ရပြီးပါက ရောဂါဖြစ်ပွားရသော အကြောင်းရင်းကို စစ်ဆေးရှာဖွေရန်လိုအပ်ပါသည်။


ကုသခြင်း

Aplastic Anaemia သွေးကင်ဆာတွင် ရောဂါ အခြေအနေပေါ်လိုက်၍ သွေးသွင်းကုသရခြင်းမျိုးမှ ရိုးတွင်းခြင်ဆီ အစားထိုးကုသရခြင်းမျိုးထိ ကုသမှုပုံစံ အမျိုးမျိုးရှိနိုင်ပါသည်။ ေ သွးသွင်းကုသခြင်းသည်သွေးထွက်လွန်ခြင်း၊့ သွေးအားနည်းခြင်း ရောဂါလက္ခဏာများကြောင့်ဖြစ်သော ရောဂါခံစားရမှုကို ပိုမဆိုးလာစေရန်သာဖြစ်ပြီး ရောဂါပျောက်ကင်းစေနိုင်သော ကုသခြင်းမျိုးတော.မဟုတ်ပါ။


ရိုးတွင်ခြင်ဆီ အစားထိုးကုသခြင်း

ရိုးတွင်ခြင်ဆီ အစားထိုကုသခြင်းမှာမူ လုံးဝကုသပျောက်ကင်းနိုင်သော နည်းလမ်းဖြစ်သော်လည်း မွေးချင်း သို့မဟုတ် အမွှာအလှူရှင် မှသာ လှူ၍ရနိုင်သည်။ ရိုးတွင်ခြင်ဆီ အစားထိုးကုသ၍ မရနိုင်သော လူနာများတွင်မူ ကိုယ်တွင်း ကိုယ်ခံအားစနစ်ကို ကျစေနိုင်သော(စတီးရွိုက်) ဆေးများ၊ ရိုးတွင်းခြင်ဆီပိုထုတ်နိုင်ရန် အားပေးနိုင်သောဆေးများ ပေးရလေ့ရှိသည်။ Aplastic Anaemia သွေးကင်ဆာရောဂါဝေဒနာရှင်များတွင် နေထိုင်မကောင်း ဖျားနာခြင်းများဖြစ်ပါက သေချာစွာ ကုသမှု ခံယူရန်လိုအပ်ပါသည်။  Aplastic anemia သည် ကင်ဆာဓာတ်ရောင်ခြည်ပေး ကုသခြင်းကြောင့် ဖြစ်လေ့ရှိသော်လည်း ကင်ဆာဆေးသွင်း ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ 


ကာကွယ်ခြင်း

Aplastic Anaemia သွေးကင်ဆာကို ကာကွယ်ရန်မှာမူ ပိုးသတ်ဆေးများ၊ဓာတ်မြေသြဇာများ၊ အိမ်သုတ်ဆေးများ နှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် မထိတွေ့ခြင်းတို့ သာဖြစ်ပြီး အခြား ကာကွယ်ရန်နည်းလမ်းမ၇ှိပါ။


လူနေမှုပုံစံပြောင်းခြင်း

အကယ်၍ သင့်တွင် Aplastic Anaemia သွေးကင်ဆာ ခံစားနေရပါက အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။

အနားယူပါ။

ပြင်းပြင်းထန်ထန် အားကစားလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

ရောဂါပိုးများ မဝင်ရောက်နိုင်စေရန် မိမိကိုယ်ကို ဂရုစိုက်ပါ။

သင့်ရောဂါ၏ အခြေအနေနှင့် ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို မိသားစုအား အသိပေးပါ။

မိမိအားကုသပေးနေသော ဆရာဝန်နှင့် သေချာစွာကုသမှုခံယူပါ။ရောဂါနှင့် ပတ်သတ်၍ မရှင်းလင်းသည်များကို ဆရာဝန်အား သေချာစွာမေးမြန်းပါ။

မိမိခံစားနေရသော ဝေဒနာများကို ဆရာဝန်အား ပွင့်ပွင့်လင်းလင်း ပြောပြ၍ တိုင်ပင်ပါ။

မိသားစုဝင်များနှင့် နွေးနွေးထွေးထွေးနေပါ။ မိသားစုဝင်များ၏ အကူအညီကိုယူပါ။

မိမိကိုယ်ကို ဂရုစိုက်ပါ။ အာဟာရပြည့်အောင် စားသောက်ပြီး အိပ်ရေးဝအောင် အိပ်ပါ။


Ref: Mayo Clinic

Dr. Genius ( 7887 Healthcare call center)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18