Print

Acute Liver Failure

  13-Aug-2018
Preview Image

ရုတ်တရက်အသည်းလုပ်ငန်းပျက်စီးခြင်း

အကျဉ်းချုပ်ရှင်းလင်းချက်

           လူတစ်ယောက် နဂိုကျန်းမာနေသော အသည်းသည် ရက်ပိုင်းအတွင်း (သို့) ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ၏ လုပ်ငန်းဆောင်တာများကောင်းကောင်းမလုပ်ဆောင်နိုင်တော့ခြင်းကို ရုတ်တရက် အသည်း (လုပ်ငန်း) ပျက်စီးခြင်းဟု ခေါ်သည်။


ရောဂါလက္ခဏာများ

·         အသားရောင်ဝါလာခြင်း၊ မျက်သားများဝါလာတတ်ခြင်း

·         ဝမ်းဗိုက်ဖောင်းလာတတ်ခြင်းနှင့်အတူ

·         ချက်အပေါ်ဗိုက်၏ ညာဘက်အခြမ်းတွင် နာလာတတ်ခြင်း

·         ပျို့ခြင်း၊ အန်ခြင်း

·         ကိုယ်လက်မအီမသာဖြစ်ခြင်း

·         ထင်ယောင်ထင်မှားဖြစ်ခြင်း

·         အိပ်ငိုက်နေတတ်ခြင်း

 

           အဆိုပါရောဂါဟာ ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်မှာ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတတ်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

           သင်ကိုယ်တိုင် (သို့) သင်နဲ့သိသောလူများမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်လာခဲ့မယ် (သို့) တွေ့လာခဲ့မယ်ဆိုရင်ဖြင့် ဆရာဝန်နှင့်အမြန်ဆုံး သွားရောက်ပြသဆွေးနွေးကာ လိုအပ်သော ကုသမှုခံယူသင့်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်း

·         ပါရာစီတမော အလွန်အကျွံသုံးစွဲခြင်း

·         အရက်အလွန်အမင်းသောက်သုံးခြင်း

·         အဆိပ်ရှိသောမှိုများစားသုံးမိခြင်း

·         သွေးအဆိပ်တက်၍ ရှော့ခ်ဝင်ကာ အသည်းသို့သွေးကောင်းကောင်းမရောက်ခြင်း

 

စစ်ဆေးမှုများ

           ဆရာဝန်များစမ်းသပ်ခြင်းများအပြင်-

·         သွေးစစ်ခြင်း သင့်အသည်းကောင်းကောင်းအလုပ်လုပ်/မလုပ် သွေးခဲရန်ကြာချိန်ကိုစစ်ခြင်း (Prothrombin time)

·         တီဗီဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း (USG, CT, MRI)

·         အသည်းအသားစယူကာ စစ်ဆေးခြင်း (Liver Biopsy)

 

ကုသမှုများ

           ကုသမှုများသည် ဒီရောဂါဖြစ်လာရသည့်အကြောင်းရင်းပေါ်မူတည်၍

·         Medication to reverse poisoning (အဆိပ်သင့်စေသောအရာ၏ ပြေဆေးပေး၍ကုသခြင်း)

·         အသည်းအစားထိုးကုသခြင်း


Reference: Mayo Clinic

Credit: Dr.Myat



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18