Print

Zollinger Ellison Syndrome /Gastrinoma (Gastrin ဟော်မုန်းထွက်သည့် အလုံ...

  21-Nov-2016
Preview Image

အူလမ်းကြောင်းအတွင်း မည်သည့်နေရာတွင်မဆို တစ်လုံး သို့မဟုတ် တစ်လုံးထက်ပိုသောအလုံးများ ဖြစ်ပွားပြီး ၎င်းအလုံးအကျိတ်မှ Gastrin ဆိုသည့် ဟော်မုန်းကိုထွက်စေကာ အစာအိမ်မှ အက်စစ်ထွက်မှုကို အဆမတန်ပိုများစေပြီး အစာအိမ်အနာဖြစ်ခြင်းများကို ဖြစ်ပေါ်ခံစားရနိုင်ပါသည်။


 


လက္ခဏာများ

- ဗိုက်အောင့်ခြင်း

- ဝမ်းလျှောခြင်း

- ဗိုက်ထဲတွင် ပူပြီးနာခြင်း၊ အောင့်ခြင်း

- ပျို့အန်ခြင်း

- အူလမ်းကြောင်းအတွင်း သွေးထွက်ခြင်း

- ကိုယ်အလေးချိန် ကျသွားခြင်း

- အစားအသောက်ပျက်ခြင်း




ဖြစ်ပွားရသောအကြောင်းရင်းများ

Z-E syndrome ကိုဖြစ်စေသည့် အဓိကအကြောင်းရင်းကို မသိသေးပါ။

အချို့လူများတွင် မွေးရာပါဗီဇပြောင်းလဲမှုများနှင့်လည်း သက်ဆိုင်နိုင်ပါသည်။




ဖြစ်နိုင်ချေများသူများ

မိမိ၏ မျိုးရိုး ၊ ဆွေမျိုး၊ မောင်နှမသားချင်းထဲတွင် ၎င်းရောဂါရှိပါက မိမိတွင်လည်းဖြစ်ဖို့များပါသည်။




စစ်ဆေးမှုများ

- ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း

- သွေးစစ်ခြင်း -သွေးထဲတွင် gastrin ပမာဏစစ်ဆေးခြင်း

- အစာအိမ်မှန်ပြောင်းကြည့်ခြင်း

- ဓာတ်မှန်ရိုက်ခြင်း- CT scan, MRI scan ရိုက်၍အခြားရောဂါများနှင့်တွဲ၍ ရှိမရှိစစ်ဆေးခြင်း၊ဥပမာ- pituitary and pancreatic tumor in MEN-1( Multiple endocrine neoplasia-1)




ကုသခြင်း

ကင်ဆာအလုံးအား ခွဲစိတ်နည်းဖြင့် ဖယ်ထုတ်ခြင်း- တစ်လုံးတည်းဖြစ်ပါက ခွဲစိတ်ရလွယ်ကူသော်လည်း များပြားစွာဖြစ်နေပါက (သို့) အခြားနေရာများသို့ပျံ့နေပါက ခွဲစိတ်ရခက်ခဲပါသည်။ ထို့အပြင် အက်စစ်အထွက်များပြီး အစာအိမ်အနာဖြစ်ပေါ်နေမှုအတွက် အက်စစ်ပြေဆေး၊ အနာသက်သာဆေးများ ပေးကာကုသပေးရပါမယ်။




Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18