Print

Cervical Cancer (သားအိမ်ခေါင်းကင်ဆာ)

  09-May-2017
Preview Image


အကျဉ်းရှင်းလင်းချက်

    သားအိမ်ခေါင်းကင်ဆာသည် သားအိမ်၏အောက်ဘက်အဝနှင့် မိန်းမကိုယ်အဆက် နေရာရှိ ဆဲလ်များမှာ ဖြစ်သောကင်ဆာဖြစ်သည်။

    Human papilloma virus (HPV) ဟုခေါ်သော ကြွက်နို ့ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးသည် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေေသော အဓိကအကြောင်းရင်းဖြစ်သည်။

    HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ၁၀၀ကျော်ရှိပါတယ်။အနည်းဆုံး ၁၃မျိုးလောက်က ကင်ဆာဖြစ်စေပါတယ်။

    ဗိုင်းရပ်စ်ပိုးသည် လိင်ဆက်ဆံခြင်းမှ တဆင့်ကူးဆက်တတ်ပါတယ်။ လိင်အင်္ဂါအရေပြားချင်း ထိရုံနဲ ့တင် ရောဂါကူးနိုင်ပါတယ်။

    ရ၀%သော သားအိမ်ခေါင်းကင်ဆာသည် HPV အမျိုးအစား ၁၆နှင့်၁၈ ကြောင့်ဖြစ်သည်။

    HPVသည် စအိုကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မိန်းမကိုယ်အဝကင်ဆာ၊ လိင်တံကင်ဆာများ ဖြစ်ပွားခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။


လက္ခဏာများ

HPV ဗိုင်းရပ်စ်ပိုးဝင်ရောက်ခြင်းသည် တော်တော်များများတွင် လက္ခဏာမပြတတ်ပါ။

     

ကိုယ်ခန္ဓာ၏ ခုခံအားစနစ်မှကာကွယ်ပေးထားသောကြောင့် အမျိုးသမီး ၉၀%ခန် ့သည် ရောဂါပိုးဝင်ပြီး ၂နှစ်ခန် ့တွင် ကုသစရာမလိုဘဲပျောက်သွားလေ့ရှိသည်။      အနည်းစုတွင်သာ ရောဂါပိုးဆက်လက်ကျန်ရှိနေတတ်ပြီး နှစ်ပေါင်းများစွာကြာမှ ကင်ဆာအဖြစ်သို ့ပြောင်းသွားခြင်းဖြစ်သည်။

     

ကိုယ်ခံအားပုံမှန်ဖြစ်သော အမျိုးသမီးများတွင် ကင်ဆာမပြောင်းခင်အခြေအနေမှ ကင်ဆာအဆင့်သို ့ရောက်ရန် နှစ်ပေါင်း ၁၅-၂၀ထိကြာတတ်သည်။

     

ခုခံအားကျနေသောအမျိုးသမီးများ(ဥပမာ- HIV ပိုးရှိသူများ)တွင် ကင်ဆာအဆင့်သို ့ရောက်ရန် ၅-၁၀နှစ်အထိကြာတတ်သည်။ရောဂါအဆင့်မြင့်သည့်အချိန်မှသာ လက္ခဏာပြတတ်သည်။လက္ခဏာများမှာ-

- ပုံမမှန်သွေးဆင်းခြင်း၊ အမျိုးသားနှင့်အတူတူနေသည့်အခါ သွေးဆင်းခြင်း၊မီးယပ်သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ ရာသီတစ်လနှင့်တစ်လကြား ပုံမမှန်သွေးဆင်းခြင်း

- ခါးကိုက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ခြေထောက်များကိုက်ခြင်း

- အားအင်ချိနဲ ့ခြင်း၊ ကို်ယ်အလေးချိန်သိသိသာသာ ကျဆင်းခြင်း၊ အစားအသောက်ပျက်ခြင်း

- မိန်းမကိုယ်နာကျင်ခြင်း၊ အနံ ့နံသော အရည်များဆင်းခြင်း

- ခြေထောက်များဖောရောင်ခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

Human papilloma virus (HPV) ဗိုင်းရပ်စ်ပိုး ကူးဆက်ခံရသောကြောင့်ဖြစ်သည်။ သားအိမ်ခေါင်းကင်ဆာ၏ ရ၀%ခန် ့သည် HPV ဗိုင်းရပ်စ်အမျိုးအစား ၁၆နှင့်၁၈ကြောင့်ဖြစ်သည်။

       

ဖြစ်နိုင်ချေများသူများ

- အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် လိင်ဆက်ဆံမှုစတင်ခဲ့သူများ

- လိင်ဆက်ဆံဘက်များသောသူများ

- မိမိ၏ အိမ်ထောင်ဘက်တွင် လိင်ဆက်ဆံဘက်များခြင်း

- ကလေး သုံးယောက်နှင့် အထက်ပိုမွေးထားခြင်း

- အခြားလိင်မှတဆင့်ကူးစက်သော ရောဂါများရှိခြင်း( ကာလသားရောဂါ၊ ဆီးပူညောင်းကျ ရောဂါ၊ HIVပိုးကူးဆက်ခံထားရသူများ)

- ခုခံအားကျဆင်းနေသူများ(HIV ပိုးကူးဆက်ခံထားရသူများ၊ ကင်ဆာရောဂါသည်များ၊ ကင်ဆာဆေးသွင်းကာ ကုသမှုခံနေရသူများ စသည်ဖြင့်

- ဆေးလိပ်သောက်သူများ


နောက်ဆက်တွဲ ပြဿနာများ

- အရွယ်မတိုင်မီ သွေးဆုံးခြင်း( ကင်ဆာဖြစ်သည့် အခါ ဓာတ်ရောင်ခြည်များဖြင့် ကုသမှုခံယူရခြင်းကြောင့်ဖြစ်သည်)

- မိန်းမကိုယ် ကျဉ်းမြောင်းသွားခြင်း(ဓာတ်ရောင်ခြည်များဖြင့် ကုသရသောကြောင့်ဖြစ်သည်) 

- ပြန်ရည်ကြောများပိတ်ခြင်းကြောင့် ခြေလက်များ ဖောရောင်လာခြင်း

- စိတ်ကျန်းမာရေးကို ထိခိုက်စေခြင်း

- ရောဂါအဆင့်မြင့်လာသောအခါတွင် မခံမရပ်နိုင်အောင်နာကျင်ခြင်း

- ကျောက်ကပ်ပျက်စီးခြင်း

- သွေးပြန်ကြောများတွင် သွေးခဲပိတ်ခြင်း၊အဆုတ်သွေးကြောပိတ်ခြင်း

- ကိုယ်ခန္ဓာအနှံ ့အပြားမှသွေးယိုစိမ့်ခြင်း

- ကင်ဆာဆဲလ်များပျံ ့နှံ ့သွားခြင်းကြောင့် မိန်းမကိုယ်နှင့် ဆီးအိမ် သို ့မဟုတ် အစာဟောင်းအိမ်ကို ဆက်ထားသော ပုံမမှန်လမ်းကြောင်းများပေါ်လာခြင်း

- မိန်းမကိုယ် အလွန်အနံ ့ပြင်းသော အရည်များဆင်းခြင်း

- ကင်ဆာဆဲလ်သည် ကိုယ်ခန္ဓာ၏ အဓိက အစိတ်အပိုင်းများဖြစ်သော အဆုတ်၊ အသည်း၊ အရိုး၊ ဦးနှောက်နှင့် ကျောက်ကပ်များသို ့ပျုံ ့နှံ ့သွားပြီး အသက်သေဆုံးနိုင်ပါတယ်


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်တွင်ဖော်ပြခဲ့သော လက္ခဏာများပေါ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြသသင့်သည်။အမျိုးသမီးများအနေဖြင့် ရောဂါလက္ခဏာမပေါ်လည်း သားအိမ်ခေါင်းကင်ဆာရှိမရှိကို စစ်ဆေးသင့်သည့် အတွက်ကြောင့် ဆရာဝန်နှင့် တိုင်ပင်ပါ။


စစ်ဆေးမှုများ

ကာကွယ်ရန်အတွက် ပုံမှန်ပြုလုပ်ရသော စစ်ဆေးမှုများ

- သားအိမ်ခေါင်းချွဲယူစစ်ဆေးခြင်း

- ဖြစ်ပွားစေသည့် HPV ဗိုင်းရပ်စ်အမျိုးအစားကို ရှာဖွေခြင်း (သားအိမ်ခေါင်းချွဲ စစ်ဆေးရာမှ ပုံမမှန်ဖြစ်နေသောသူများတွင်ရှိသည့် ဗိုင်းရပ်စ်ကို အမျိုးအစားခွဲခြင်းဖြစ်သည်)


ရောဂါအမျိုးအမည်သတ်မှတ်ရန်အတွက် ပြုလုပ်ရသော စစ်ဆေးမှုများ

- သားအိမ်ခေါင်းအတွင်းဘက်ကို မှန်ပြောင်းကြည့်ခြင်း

- အသားစယူခြင်း (အသားစယူခြင်းကို မှန်ပြောင်းကြည့်ရင်းဖြင့် တစ်ခါတည်းပြုလုပ်လေ့ရှိသည်။)   

                                                           

ရောဂါပျံ ့နှံ ့မှုကို သိရှိရန်အတွက် ပြုလုပ်ရသော စစ်ဆေးမှုများ

- ရင်ဘတ်ဓာတ်မှန်ရိိုက်ခြင်း

- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

- သံလိုက်ဓာတ်မှန်ရိုက်ခြင်း   

- ကာလာဓာတ်မှန်ရိုက်ခြင်း (PET scan) 

- ဆီးအိမ်နှင့် အစာဟောင်းအိမ်သို ့ပျံ ့မပျံ ့ကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း

                                                   

 ကုသခြင်း


၁။ခွဲစိတ်ကုသခြင်း

ခွဲစိတ်ကုသခြင်းသည် ကင်ဆာဆဲလ်များ ပျံ ့နှံ ့နေသောနေရာများပေါ်တွင် မူတည်သည်။ကင်ဆာ၏ အစောပိုင်းအဆင့်တွင်သာ သားအိမ်နှင့် သားအိမ်ခေါင်းသာ ဖယ်ထုတ်ကုသခြင်းကို ပြုလုပ်လေ့ရှိသည်။ ကင်ဆာဆဲလ်များ ပျံံ ့နှံ ့နေပါက မိန်းမကိုယ် အစိတ်အပိုင်းအချို ့နှင့် အနီးအနားရှိပြန်ရည်ကြောများကိုပါ ဖယ်ရှားကုသလေ့ရှိသည်။


၂။ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

ဓာတ်ကင်ခြင်းတစ်ခုတည်းဖြင့် ကုသခြင်းရှိသလို၊ ကင်ဆာဆေးများဖြင့် တွဲ၍ကုသခြင်း၊ ခွဲစိတ်မှုမလုပ်ခင် ကင်ဆာဆဲလ်များနည်းသွားအောင်ပြုလုပ်သည့်အခါ၊ ခွဲစိတ်ပြီး ကျန်နေသောကင်ဆာဆဲလ်များကို သတ်သည့်အခါတွင်သုံးသည်။  

၃။ကင်ဆာဆေးသွင်းခြင်း


ကာကွယ်ခြင်း

သားအိမ်ခေါင်းကင်ဆာသည် ကာကွယ်၍ရသောရောဂါဖြစ်သည်။ကာကွယ်ဆေးလည်းပေါ်နေပြီဖြစ်သည်။

၁။လိင်ဆက်ဆံမှု မစခင်မှာ ကာကွယ်ဆေးထိုးပါ။

၂။ဖြစ်နိုင်ချေများတဲ့အပြုအမူများကိုရှောင်ကြဉ်ပါ။

၃။ကင်ဆာအဆင့်မပြောင်းခင် ပြုလုပ်သင့်သည့် စစ်ဆေးမှုများကို မှန်မှန်ပြုလုပ်ပါ။

၄။ရောဂါလက္ခဏာများပေါ်လာခဲ့ရင် ဆရာဝန်နှင့် အမြန်ဆုံးပြပါ။


သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်၉-၁၃ နှစ်အသက်အရွယ်အပိုင်းအခြားမှစ၍ ထိုးသင့်သည်။

အသက်၃၀ကျော်အမျျိုးသမီးများတွင် ကာကွယ်ဆေးထိုုးခြင်းကို ချက်ချင်းမပြုလုပ်ဘဲ HPV ပိုးရှိမရှိကို အကြိုစစ်ဆေးမှုလုပ်သင့်ပါတယ်။ ပိုးတွေ ့ပါက တစ်ခါတည်းကုသရမည်ဖြစ်သည်။ ပိုးမတွေ ့မှသာ  ကာကွယ်ဆေးထိုးသင့်သည်။

အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ ့အစည်း (FDA) အသိအမှတ်ပြုထားသော ကာကွယ်ဆေး ၃မျိုးရှိပါတယ်။ ၂မျိုးကို မြန်မာနိုင်ငံတွင် ရနိုင်ပါတယ်။ Cervarix,Gardasil နှင့် Gardasil 9 ဆိုပြီးရှိပါတယ်။


၁။Cervarix ကာကွယ်ဆေး

- သားအိမ်ခေါင်းကင်ဆာကို ရ၀%ကာကွယ်ပေးနိုင်သည်။ဗိုင်းရပ်စ်အမျိုးအစား ၁၆နှင့် ၁၈ ကိုကာကွယ်ပေးသည်။

- အမျိုးသမီးများတွင်သာ အသုံးပြုသည်။

- အသက် ၉နှစ်မှစ၍ထိုးနိုင်သည်။

- ပထမအကြိမ်၊ ဒုတိယအကြိမ်က ပထမအကြိမ်ထိုးပြီး ၁လအကြာ၊ တတိယအကြိမ်က ဒုတိယအကြိမ်ထိုးပြီး ၆လအကြာ ထိုးလေ့ရှိသည်။

- ပထမအကြိမ်ထိုးပြီး ၁မှ ၂လခွဲအတွင်းတွင် ဒုတိယအကြိမ်ထိုးသင့်သည်။

- ဒုတိယအကြိမ်ထိုးပြီး ၆လမှ ၁နှစ်အတွင်းတွင် တတိယအကြိမ်ထိုးသင့်သည်။


၂။Gardasil ကာကွယ်ဆေး

- HPV ဗိုင်းရပ်စ်ပိုး အမျိုးအစား၄မျိုး (၁၆၊၁၈၊၆၊၁၁)ကို ကာကွယ်ပေးသည်။

- အမျိုးသားရော၊အမျိုးသမီးပါထိုးနိုင်သည်။

- သားအိမ်ခေါင်းကင်ဆာအပြင် ဗိုင်းရပ်စ်ပိုး ၆နှင့် ၁၁ကြောင့်ဖြစ်သော စအိုကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ မိန်းမကိုယ်အင်္ဂါစပ်ကင်ဆာ၊ လိင်တံကင်ဆာများကိုပါ ကာကွယ်ပေးသည်။ထို ့ကြောင့်အမျိုးသားများတွင်ပါ ထိုးနိုင်ပါတယ်။

- ထိုးရမယ့်ရက်များနှင့် ထိုးပုံထိုးနည်းမှာ Cervarix နှင့်တူတူပင်ဖြစ်သည်။

- အသက် ၉နှစ်မှစထိုးနိုင်သည်။


၃။Gardasil 9 ကာကွယ်ဆေး

- HPVအမျိုးအစား ၉မိိျုးကို ကာကွယ်ပေးနိုင်သည်။(၁၆၊၁၈၊၆၊၁၁၊ ၃၁၊၃၃၊ ၄၅၊ ၅၂၊၅၈) ကို ကာကွယ်ပေးနိုင်သည်။

- ထိုးပုံထိုးနည်းကတော့ အထက်က ကာကွယ်ဆေးများနှင့်အတူတူပင်ဖြစ်သည်။

- ခုလောလောဆယ်တော့ မြန်မာနိုင်ငံတွင်မရသေးပါ။


Translated by-Dr Khin JyuJyu Ko

Ref: WHO, Mayo clinic, NHS choices



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18