Print

Neuroendocrine Tumor (ဦးနှောက်နှင့် ဟော်မုန်းဆိုင်ရာ အကျိတ်)

  21-Nov-2016
Preview Image

 

ဦးနှောက်နှင့် ဟော်မုန်းအကျိတ်ဆိုသည်မှာ ဦးနှောက်ဟော်မုန်း( Neuroendocrine cells) အဖွဲ့အစည်းဆဲလ်များအတွင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲကာ အကျိတ်ဖြစ်ခြင်းဖြစ်သည်။ ဦးနှောက်ဟော်မုန်းအကျိတ်ဆိုသည်မှာ အဖြစ်ရှားပြီးသော်လည်း ခန္ဓာကိုယ်အနှံ့ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။အဖြစ်များသောနေရာများမှာ - အဆုတ်၊ အူအတက်၊ အူသိမ်၊ အူဟောင်းအိမ်၊ နှင့်် သရက်ရွက်တို့တွင် အဖြစ်များသည်။
အကျိတ်ဟုဆိုရာတွင် Benign ( ရိုးရိုးကျိတ်) နှင့် Malignant ( ကင်ဆာ ) ကျိတ်ဖြစ်နိုင်သည်။
ဥပမာ-
- Carcinoid tumor
- Islet cell cancer
- Merkel cell carcionoma
- Medullary thyroid carcinoma
- Pheochromocytoma
- Adrenal cancer
- Small cell carcinoma, lung
- Large cell carcinoid tumor, lung
ရောဂါရှာဖွေပုံနှင့် ကုသပုံများမှာ ဖြစ်ပွားသည့် အကျိတ်အမျိုးအစား၊ နေရာပေါ်မူတည်သည့် အပြင် ထိုအကျိတ်မှထုတ်သည့် ဟော်မုန်းအမျိုးအစားပေါ်လည်း မူတည်ပါသည်။

 

လက္ခဏာများ
အူလမ်းကြောင်းအဖွဲ့အစည်းတွင်ဖြစ်လျှင် ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း ၊ ဗိုက်အောင့်ခြင်း။
အဆုတ်လမ်းကြောင်းတွင်ဖြစ်လျှင် ရင်ကျပ်ခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း။
အချို့အလုံးအကျိတ်များသည် ဟော်မုန်းများကို သွေးတွင်းသို့ထွက်စေပြီး ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း၊ ရင်ကျပ်ခြင်း၊ သွေးတွင်းအချိုဓာတ်ကျခြင်း၊ သွေးပေါင်ချိန် ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။  

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ဖြစ်ပွားရသော အဓိကအကြောင်းရင်း အသေအချာမရှိသေးပါ။

 

စစ်ဆေးမှုများ
- သွေးစစ်ခြင်း
- ဆီးစစ်ခြင်း
- အသားစယူ၍ စစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- အာထရာဆောင်း/တီဗွီဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို လိုအပ်သလိုပြုလုပ်ရမည်။

 

ကုသခြင်း
ဖြစ်ပွားနေသည့် အကျိတ်နေရာပေါ်မူတည်၍ ကုုသမှုကွာခြားနိုင်သည်။
မူတည်သောအချက်များမှာ-
- အကျိတ်တည်ရှိနေသောနေရာ
- အကျိတ်ရောက်ရှိနေသည့် အဆင့်
- ထိုသူ၏ ကျန်းမာရေးအခံပေါ်တွင် မူတည်သည်။
ကုသနည်းများမှာ
-    အကျိတ်ကိုခွဲစိတ်ထုတ်ခြင်း ( Surgery )
-    ခွဲစိတ်ရုံသာမက ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း( Radiotherapy)
-    အလုံးအကျိတ်အား သွေးထောက်ပံ့မှု ပြတ်တောက်ရန်ပြုလုပ်ခြင်း( Embolisation)
-    ဆေးသွင်းကုသခြင်း ( Chemotherapy )

 

Ref:     NHS choices
    Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18