Print

Nephrotic Syndrome (ကျောက်ကပ်ရောင်ရောဂါ)

  21-Nov-2016
Preview Image

 

ကျောက်ကပ်ရောင်ရောဂါဆိုသည်မှာ ကျောက်ကပ်သွေးကြောများစွာ ထိခိုက်ပျက်စီးမှုကြောင့် ကိုယ်ခန္ဓာအတွင်းမှ အသားဓာတ် (protein) များ ဆီးထဲမှ စွန့်ထုတ်မှု လွန်ကဲသည့် ရောဂါဖြစ်သည်။

 

လက္ခဏာများ
ဖောရောင်ခြင်း၊ အထူးသဖြင့်- မျက်လုံးဝန်းကျင်နှင့် ခြေထောက်ဖောရောင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဆီးအမြုပ်ထခြင်း။
ရေစုခြင်းကြောင့် ကိုယ်အလေးချိန်တက်ခြင်း။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
ကျောက်ကပ်အတွင်းရှိ သွေးကြောအသေးလေးများ ထိခိုက်မှုကြောင့်အဓိက ဖြစ်ပွားရသည်။
အခြားဖြစ်နိုင်သော အခြေအနေများမှာ- 
- Minimal change disease - (အသက်၂ နှစ်ခွဲနှင့် ၃နှစ်ကြားတွင်အဖြစ်အများဆုံးဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းလည်း အတိအကျမရှိဘဲ လွယ်ကူစွာပျောက်ကင်းနိုင်သည်)
- Focal segmental glomerulosclerosis - ကျောက်ကပ်၏ စစ်ထုတ်ရာနေရာရောင်ပြီးနောက် အမာရွတ်ကျန်ခဲ့ခြင်း။
- Membranous nephropathy - အသည်းရောင်အသားဝါ ဘီ၊ ငှက်ဖျား ၊ အရေပြား လေးဖက်နာနှင့် ကင်ဆာရောဂါတို့ နှင့်ဆက်စပ်ဖြစ်နိုင်သည်။
- Diabetic kidney disease - ဆီးချိုကျောက်ကပ်ရောင်ရောဂါ
- Systemic lupus erythematosus - အရေပြား လေးဘက်နာရောဂါ
- Amyloidosis- Amyloid protein အသားဓာတ် ကျောက်ကပ်အတွင်းစုပုံခြင်း
Blood clot in kidney vein - သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်း
Heart failure- နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း။

 

နောက်ဆက်တွဲပြဿနာများ
- သွေးခဲခြင်း
- သွေးတွင်းအဆီများခြင်း
- အာဟာရချို့တဲ့ခြင်း
- သွေးတိုးခြင်း

 

စစ်ဆေးမှုများ
- ဆီးစစ်ခြင်း - ဆီးထဲတွင် အသားဓာတ်( Protein) အမြောက်အမြားပါဝင်နေပါက ကျောက်ကပ်ရောင် ရောဂါဟုသတ်မှတ်နိုင်သည်။ ( စစ်ဆေးရာတွင် တိကျမှုရှိစေရန် ၂၄ နာရီတစ်ရက်စာလုံး ဆီးကိုယူ၍ စစ်ဆေးရမည်)


- သွေးစစ်ခြင်း - သွေးတွင်း အသားဓာတ်စစ်ဆေးခြင်း ( အသားဓာတ်များဆီးထဲတွင် စွန့်ထုတ်လိုက်၍ သွေးထဲတွင် နည်းသွားပေလိမ့်မည်)
ထို့အပြင် သွေးတွင်းအဆီဓာတ်များ တတ်နေနိုင်သည်။ ကျောက်ကပ်လုပ်ငန်းဆိုင်တာ ကောင်းမကောင်းသိနိုင်ရန် Creatinine and Urea ပမာဏကိုတိုင်းတာရမည်။


- လိုအပ်ပါကကျောက်ကပ်အသားစယူ၍ စစ်ဆေးရမည်။

 

ကုသခြင်း
- ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေသည့် အကြောင်းရင်း ရှာဖွေကုသခြင်း
- ခံစားနေရသည့် ရောဂါလက္ခဏာများ ကုသခြင်းနှင့်
- နောက်ဆက်တွဲဆိုးကျိုးများကိုကုသခြင်း
- သွေးပေါင်ချိန်လျော့ချခြင်း
- ဖောရောင်မှုကျစေရန် ဆီးဆေး
- သွေးတွင်းအဆီကျဆေး
- သွေးကျဲဆေး
- ခန္ဓာကိုယ်၏ ခုခံအားစနစ်ကိုပြန်လည် ကောင်းမွန်အောင်ပြုလုပ်ပေးသည့် စတီးရွိုက်အုပ်စုဝင် ဆေးများပေး၍ ကုသခြင်း။

 

လူနေမှုပုံစံနှင့် အိမ်တွင်းကုထုံးများ
-    ပရိုတင်းအသားဓာတ်ကို သင့်တင့်စွာ စားသုံးရမည်။
-    သွေးတွင်းအဆီလျော့ကျစေရန် အဆီလျော့စားရမည်
-    ဖောရောင်ခြင်းပိုမဆိုးစေရန် ဆား( အငန်ဓာတ်) လျော့စားရမည်။

 

Ref: Mayo clini



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18