Print

Mitral Regurgitation ( နှလုံးအဆို့ရှင် ကျယ်သောရောဂါ)

  21-Nov-2016
Preview Image

 

Mitral Regurgitation သည် နှလုံးအဆို့ရှင် မလုံသောကြောင့် သွေးများ နှလုံးဆီသို့ ပြန်၍စီးဆင်းကာ ခန္ဓာကိုယ်၏ အခြားနေရာများသို့ သွေးမရောက်ရှိသောကြောင့် မောပန်းခြင်း၊ အသက်ရှူမဝခြင်းကို ခံစားလာရသောရောဂါ ဖြစ်သည်။

 

လက္ခဏာများ
Mitral Regurgitation ရှိသူများတွင် အစပိုင်းတွင် များသောအားဖြင့် လက္ခဏာ မပြတတ်သော်လည်း တဖြည်းဖြည်း ဆိုးရွားလာလျှင်မူ 
-    မောခြင်း (အထူးသဖြင့် လှဲလိုက်ချိန်နှင့် ပြင်းပြင်းထန်ထန် အလုပ်လုပ်လျှင်)
-    ပင်ပန်းနွမ်းနယ်ခြင်း 
-    နှလုံးခုန် မြန်ခြင်း
-    ခြေလက်များ ဖောလာခြင်းတို့ ဖြစ်သည်။ Mitral Regurgitation သည် သိပ်မဆိုးရွားပါက ဆယ်စုနှစ်တစ်ခုအထိ လက္ခဏာမပြဘဲ နေတတ်သည်။ 

 

ဖြစ်ပွားရသောအကြောင်းရင်းများ
Mitral Regurgitation ဖြစ်စေသောအကြောင်းရင်းများမှာ
-    Mitral valve prolapse - အဆို့ရှင်များ တင်းကျပ်စွာ မပိတ်နိုင်ခြင်း
-    နှလုံးကြွက်သားများ ပျက်စီးသွားခြင်း
-    ပိုး လေးဖက်နာရောဂါ
-    နှလုံးရောင်ခြင်း
-    နှလုံး လေသင်တုန်းဖြတ်ခြင်း
-    နှလုံးကြွက်သား မူမမှန်ဖြစ်ခြင်း
-    ထိခိုက်ဒဏ်ရာရခြင်း
-    မွေးရာပါ နှလုံးချို့ယွင်းခြင်း
-    ဓာတ်ရောင်ခြည် ကုသမှု ခံယူသူများဖြစ်သည်။

 

ဖြစ်နိုင်ချေများသူများ
Mitral Regurgitation သည်
. နှလုံးအဆို့ရှင်ဆိုင်ရာရောဂါ ရှိသူများ
. နှလုံး လေသင်တုန်းဖြတ်ဖူးသူများ
. နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ
. Ergotamine ဆေးသောက်သူများ
. လေးဖက်နာရောဂါရှိသူများ
. မွေးရာပါနှလုံးရောဂါရှိသူများ
. လူလတ်ပိုင်းများတွင် ပို၍ အဖြစ်များသည်။

 

နောက်ဆက်တွဲပြဿနာများ
 Mitral Regurgitation သည် မပြင်းထန်လျှင် နောက်ဆက်တွဲရောဂါများ မဖြစ်နိုင်သော်လည်း ဆိုးရွားလျှင်မူ နောက်ဆက်တွဲရောဂါများဖြစ်သော
-    နှလုံးပျက်စီးခြင်း
-    Atrial fibrillation ဖြစ်ကာ သွေးခဲခြင်းနှင့် လေဖြတ်ခြင်း
-    Pulmonary hypertension - အဆုတ်ထဲရှိ သွေးကြောများတွင် သွေးတိုးလာခြင်းတို့ ဖြစ်စေနိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
အကယ်၍ ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် နှလုံးအဆို့ကျယ်ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် နီးစပ်ရာကျန်းမာရေးဆေးခန်း/ နှလုံးအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း (နှလုံးခုန်သံနားထောင်ခြင်း)များအပြင် လိုအပ်ပါက
. ECG - နှလုံးစက်ဆွဲခြင်း
. Echocardiogram - နှလုံးပုံရိပ်ဖမ်းခြင်း
. ရင်ဘတ်ဓာတ်မှန်ရိုုက်ခြင်း
. Cardiac MRI scan - နှလုံးကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း
. CT angiogram - ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် Mitral Regurgitation ကို ရှာဖွေတွေ့ရှိနိုင်သည်။

 

ကုသခြင်း
Mitral Regurgitation အား ကုသရာတွင် ရောဂါအခြေအနေပေါ်မူတည်၍ သောက်ဆေးများဖြစ်သော ဆီးဆေး၊ သွေးကြဲဆေးများဖြင့် ကုသခြင်း၊ နှလုံးအဆို့ရှင်အား ပြန်ပြင်ခြင်း/ အဆို့ရှင် အစားထိုးခြင်းများဖြင့် ကုသနိုင်သည်။

 

ကာကွယ်ခြင်း
Mitral Regurgitation အား ကာကွယ်ရန်အတွက် 
. သွေးတိုးရောဂါ မဖြစ်အောင် နေထိုင်ခြင်း
. ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
. ပုံမှန်ကိုယ်အလေးချိန်ဖြစ််အောင် ထိန်းထားခြင်း
. အရက်နှင့်ဆေးလိပ် ရှောင်ကြဉ်ခြင်း
. လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

 

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18