Print

Latex Allergy (ရော်ဘာနှင့် ဓာတ်မတည့်သောရောဂါ)

  21-Nov-2016
Preview Image

 

ရော်ဘာနှင့် ဓာတ်မတည့်သူများတွင် သဘာဝရော်ဘာပင်မှာ ထုတ်ယူထားသော ရော်ဘာနှင့်ထိမိပါက အရေပြားယားယံခြင်းဖြစ်ပွားနိုင်သည်။ ရုတ်တရက် Shock ရခြင်းထိဖြစ်ပွားကာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်။

 

လက္ခဏာများ
အပျော့စား လက္ခဏာများ

• အရေပြားယားယံခြင်း
• အရေပြားနီရဲခြင်း
• အင်ပျဉ်များထွက်ခြင်း

 

ပို၍ပြင်းထန်သော လက္ခဏာများ
• နှာစေးခြင်း
• နှာရည်ယိုခြင်း
• မျက်လုံးများ ယားယံခြင်း၊ မျက်ရည်များကျခြင်း
• လည်ချောင်းများယားယံခြင်း
• အသက်ရှူရ ခက်ခဲခြင်း
• အသက်ရှူရာတွင် တရွှီရွှီမြည်ခြင်း
• ချောင်းဆိုးခြင်း

 

ဓာတ်မတည့်၍ Shock ရခြင်း၏ အကြောင်းအရာများ
အထက်တွင် ဖော်ပြထားသော လက္ခဏာများအပြင်
- အရေပြားများ ရောင်ရမ်းခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်မြန်ခြင်း
- ခေါင်းမူးဝေခြင်း
- စိတ်အာရုံဝေဝါးခြင်း
- သတိလစ်ခြင်း တို့ကို ဖြစ်ပွားစေသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
အများအားဖြင့် ရော်ဘာပါသော လက်အိတ်များ ဝတ်ဆင်ခြင်း၊ အခြားသူတစ်ဦးမှ ရော်ဘာလက်အိတ်ချွတ်လိုက်ချိန်တွင် ထွက်လာသော အမှုန်များရှူမိခြင်းတို့ကြောင့် အဖြစ်များသည်။ရော်ဘာလက်အိတ်များကို ဝတ်ဆင်ခြင်းကြောင့် ရော်ဘာနှင့် ဓာတ်မတည့်၍ အရေပြားရောင်ရမး်ခြင်းအပြင် လက်အိတ်ကို ကြာရှည်စွာ ဝတ်ဆင်ရခြင်း၊ လက်အိတ်အတွင်းမှ အမှုန့်များနှင့် ထိတွေ့ခြင်းတို့ကြောင့်လဲ အရေပြားရောင်ရမ်းခြင်း ( Irritant contact dermatitis ) ဖြစ်နိုင်သည်။ သဘာဝမှ ထုတ်လုပ်ထားသော ရော်ဘာမဟုတ်ဘဲ လူမှ ထုတ်လုပ်ထားသောရော်ဘာ ( Synthetic Latex) သည် ဓာတ်မတည့်ခြင်းဖြစ်ပွားမှုကို နည်းစေသည်။

 

ဖြစ်နိုင်ချေများသူများ
• မွေးရာပါ ကျောရိုးပြည့်စုံစွာ မဖွံ့ဖြိုးသူများ (Spinal bifida)
• ခွဲစိတ်ကုသမှုများ အကြိမ်ကြိမ်ပြုလုပ်ခံရ၍ ရော်ဘာလက်အိတ်နှင့် အကြိမ်ကြိမ်ထိတွေ့ရသူများ
• ကျန်းမာရေးလုပ်သားများ၊ ဆရာဝန်များ
• ရော်ဘာစက်ရုံမှ အလုပ်သမားများ
• မိသားစုတွင်းအလားတူ ဓာတ်မတည့်မှုရှိသူများ
• ထောပတ်သီး၊ ငှက်ပျောသီး၊ အခွံမာသီးများ၊ ကီဝီသီးနှင့် ပင်မှည့်သီးတို့နှင့် ဓာတ်မတည့်သူများတွင် အဖြစ်များသည်။

 

စစ်ဆေးမှုများ
• ရော်ဘာနှင့် ထိတွေ့ခဲ့ခြင်းရှိ၊ မရှိ မေးမြန်းခြင်း၊ 
• ဓာတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများကို စစ်ဆေးခြင်း၊ 
• အရေပြားအတွင်းသို့ ရော်ဘာဓာတ်အနည်းငယ်ထိုးထည့်ကာ စမ်းသပ်ခြင်း၊ 
• သွေးတွင်း ယားယံစေသော ဓာတ်များကို စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။

 

ကုသခြင်း
- ဓာတ်မတည့်ခြင်း၏ လက္ခဏာများကို သက်သာစေသော ဆေးဝါးများရှိသော်လည်း၊ လုံးဝ ပျောက်ကင်းစေသောဆေး မရှိပါ။ အကောင်းဆုံးနည်းလမ်းမှာ ရောဂါမဖြစ်ပွားစေရန် ကာကွယ်ခြင်းဖြစ်သည်။ 
- ရော်ဘာနှင့် ဓာတ်မတည့်ခြင်းကြောင့် Shock ဖြစ်ပွားပါက 
• အရေးပေါ် Adrenaline ထိုးခြင်း
• နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ပို့ဆောင်ခြင်း
• အောက်ဆီဂျင်ပေးခြင်း
• Corticosteroids များပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ 
- ပြင်းထန်သော အခြေအနေမဟုတ်သည့် ဓာတ်မတည့်ခြင်း ဖြစ်ပွားပါက Antihistamines များပေးနိုင်ပါသည်။

 

ကာကွယ်ခြင်း
ရော်ဘာပါသော ပစ္စည်းများဖြစ်သည့် အဝတ်လျှော်လက်အိတ်များ၊ အချို့ကော်ဇောများ ရော်ဘာလက်ပတ်များ၊ ပူဖောင်းများ၊ အရုပ်များ၊ လက်အိတ်များ စသည်တို့နှင့် မထိတွေ့မိအောင် ရှောင်ကျဉ်ရမည်။ ရော်ဘာမပါသော (Nonlatex) လက်အိတ်များကို အစားထိုး အသုံးပြုသင့်သည်။

 

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18