Print

Kernicterus (ကာနီးတရပ်စ် ဦးဏှောက်ထိခိုက်ရောဂါ)

  21-Nov-2016
Preview Image

 

Kernicterus ရောဂါဆိုသည်မှာ ခန္ဓာကိုယ်အတွငး်ရှိ bilirubin ဟုခေါ်သည့်ရောင်ခြယ်ပစ္စည်းတစ်မျိုး ပုံမှန်ထက်အလွန်အမင်းများလာပြီး ဦးနှောက်အတွင်းသို့ပုံသည့်အတွက်ကြောင့် ဦးနှောက်ပျက်စီးသွားစေသည်။အဖြစ်နည်းသော်လည်း ဖြစ်ပါကဆိုးရွားသော နောက်ဆက်တွဲများကိုခံစားရရှိနိုင်ပါသည်။ ထို့ကြောင့်ကလေးများအသားဝါပါက အချိန်မှီ ကုသပေးရန်လိုအပ်ပါသည်။ မကုသမိပါက အသားဝါခြင်းကိုဖြစ်ပေါ်စေသည့် Bilirubin များပုံလာကနောက်ဆက်တွဲ Kernicterus ရောဂါဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှုပို၍ များနိုင်သောကလေးအုပ်စုများမှာ 
- သွေးတွင်း bilirubin ဓာတ်အလွန်များနေသူများ။
- သွေးတွင်း bilirubinဓာတ်များလာမှု မြန်သူများ နဲ့ အသားဝါသည်နှင့် ထိရောက်စွာကုသမှုမခံယူသူများတွင်အဖြစ်များတတ််ပါသည်။

 

လက္ခဏာများ
စောစီးစွာသိနိုင်သည့် လက္ခဏာများ။
- မျက်လုံးဝါ၊ အသာဝါခြင်း၊ ဆီးဝါခြင်း
- အသံစူးစူးဝါးဝါး အော်ငိုခြင်း
- မှိန်းသွားခြင်း တနည်း ပတ်ဝန်းကျင် လှုံ့ဆော်မှုများကို ပြန်လည် တုံ့ပြန်မှုမရှိတော့ခြင်း။ 
- ပုံမှန်မဟုတ်ဘဲ ကလေးပျော့ခွေသွားခြင်း တနည်း အရုပ်ကြိုးပြတ်ဖြစ်သွားခြင်း။
- နို့ကောင်းကောင်း မစို့တော့ခြင်း
- ထို့အပြင် တက်ခြင်း။ တကိုယ်လုံးတောင့်သွားခြင်း တို့ဆက်၍ ဖြစ်ပွားနိုင်ပါသည်။


 
ဖြစ်ပွားရသော အကြောင်းရင်းများ
အမေနှင့်သွေးအုပ်စုမတူခြင်း-သဘာဝအလျောက်ဝါခြင်း Physiological jaundice
- ABO နှင့် Rh မျောက်သွေးအုပ်စု
- G6PD Enzyme အင်ဇိုင်းချို့တဲ့မှု
- မွေးရာပါရောဂါပိုး အမေဆီမှကူးလာခြင်း။
- မွေးပြီးမှရောဂါပိုးဝင်ခြင်း။
- မွေးစဉ်ထိခိုက်မှုဖြစ်ခြင်း။
- မိခင်နို့ထဲတွင်ပါသည့်ဓာတ်တစ်မျိုးကြောင့် ဝါရခြင်း။
- မွေးရာပါသိုင်းရွိုက် ဟော်မုန်း ချို့တဲ့မှုကြောင့်ဝါခြင်း။
- အသည်းရောင်၍အသားဝါခြင်း။
- မွေးရာပါ သည်းခြေပြွှန်ကျဉ်းပြီး bilirubin မစွန့်ထုတ်နိုင်၍ဝါခြင်း။
- Choledochal cyst သည်းခြေပြွှန်တွင်အိိတ်တည်ခြင်း။
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း။
- Alpha1 antitrypsin ဓာတ်ချို့တဲ့ခြင်း။

 

စစ်ဆေးမှုများ
- ကလေးမွေးပြီး ၇၂ နာရီအတွင်း မျက်လုံးဝါခြင်း၊ အသားဝါခြင်းမျိုး ရှိမရှိ စမ်းသပ်သင့်သည်။ ပြုလုပ်၍ရသည့်နည်းလမ်းမှာ လက်ဖြင့်ကလေး၏နှာခေါငး်သို့ နှာဖူးပြင်ကိုဖိကြည့်ပါ။ ဝါနေသည့် အစက်လေးများရှိမရှိစစ်ဆေးနိုင်ပါသည်။ ကလေး၏ ဆီးကိုလည်းဝါမဝါ စစ်ဆေးကြည့်သင့်ပါသည်။ ပုံမှန်ဆိုလျှင် ကလေးဆီးသည် ကြည်နေသင့်ပါသည်။
- သွေးတွင်း bilirubin ဓာတ်များမများစစ်ဆေးခြင်း။
- ကလေးသွေးအုပ်စုစစ်ခြင်း။
- ရောဂါပိုးရှိမရှိစစ်ဆေးခြင်း။
- ရောဂါပိုးကိုပြန်တိုက်နေသည့် antibodies ရှိမရှိ စစ်ဆေးခြင်း။
- သွေးတွင်း enzyme ဓာတ်ချိုတဲ့မှုရှိမရှိ စစ်ဆေးခြင်း။

 

နောက်ဆက်တွဲ ပြဿနာများ
- Cerebral palsy- ကလေး၏ လှုပ်ရှားမှုနှင့် အသိဉာဏ်ပညာချို့ယွင်းခြင်း။
- နားမကြားတော့ခြင်း။
- သင်ကြားရခက်ခြင်း။
- ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများ ခန္ဓာကိုယ်တွင်ပေါ်လာခြင်း။
- အမြင်ပြောင်းလဲလာခြင်း- ပုံမှန်ရှေ့တည့်တည့်ကိုမကြည့်မမြင်ဘဲ အပေါ်သို့ အောက်။ဘေးကိုသာစိုက်၍ ကြည့်နေခြင်း။
- သွားပေါက်နှေးခြင်းတို့ ဖြစ်တတ်ပါသည်။

 

ကုသခြင်း
အသားဝါသည့် ကလေးတိုင်းကို မီးပြစရာမလိုပါ။ သို့သော် သွေးတွင်း bilirubin ဓာတ်များနေသည့် အသားဝါကလေးများ ကုသမှုခံယူရန် လိုအပ်ပါသည်။
- မီးပြ၍ကုသခြင်း။
- သွေးအစားလဲ၍ကုသခြင်း။ 
- ဖြစ်စေသည့်အကြောင်းအရင်း ရောဂါအရင်းအမြစ်ကိုကုသခြင်း။

 

Kernicterus ဖြစ်ပွားပြီးပြီဆိုလျှင် ရေရှည်ပြုစုကုသပေးရန်မှာအရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပါသည်။
Physiotherapy လေ့ကျင့်ခန်းပုံမှန်လုပ်၍ တောင့်တင်းနေသည့် ခန္ဓာကိုယ်အရိုးအဆစ်များကိုပျော့ပြောင်းလာအောင်ပြုလုပ်ပေးခြင်း။

 

Ref: NHS Choices, UK
      Myanmar Paediatric society



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18