Print

Jaundice (အသားဝါခြင်း)

  21-Nov-2016
Preview Image

 

အသားဝါ၊ မျက်လုံးဝါခြင်း ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းမှ  ထွက်သည့် ရောင်ခြယ်ပစ္စည်း တစ်မျိုးဖြစ်သည့် bilirubin ပိုများလာပြီး တစ်ရူးများတွင်ပုံလာသည့်အတွက်ကြောင့်ဖြစ်သည်။

 

လက္ခဏာများ
- အရေပြား၊ မျက်လုံး နှင့် ခန္ဓာကိုယ်၏ မည်သည့်အမြှေးပါးတွင်မဆို ဝါလာခြင်း
- ဝမ်းအရောင်ဖျော့သွားခြင်း
- ဆီးအရောင်ပို၍ရင့်လာခြင်း
အထက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက ခန္ဓာကိုယ်အတွင်းရှိလုပ်ငန်းဆောင်တာများပျက်ယွင်းနေပြီဖြစ်ပါသဖြင့် ဆရာဝန်နှင့်သွားရောက်ပြသင့်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
ကိုယ်ခန္ဓာအတွင်းရှိ ထွက်နေသည့် ရောင်ခြယ်ပစ္စည်း bilirubin ကို သွေးထဲမှတဆင့် အသည်းတွင်ဖျက်ဆီးရပြီး ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ရသည်။ ထို လမ်းကြောင်းပုံမှန်အတိုင်းမဟုတ်ဘဲ ပျက်နေပါက Jaundice ဆိုသည့် ဝါလာခြင်း လက္ခဏာကို ခံစားရနိုင်ပါသည်။ Bilirubin - Bilirubin ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိသွေးနီဥများပျက်စီးသည့် အခါထွက်လာပြီးသွေးထဲမှတဆင့် အသည်းတွင်ဖျက်စီးပြီး သည်းခြေအရည်မှတဆင့် ဝမ်းသွား၊ဆီးသွားရာတွင် ပါသွားသည်။

 

Types of Jaundice အမျိုးအစားများ
ဖြစ်စေသည့် အကြောင်းအရင်းများကိုမူတည်၍ သုံးမျိုးခွဲခြားနိုင်သည်။

 

 Prehepatic jaundice
- သွေးနီဥပေါက်ကွဲမှုများပြီး bilirubin အထွက်များလာသည့် အတွက်ကြောင့်ဖြစ်သည်။
- Malaria- ငှက်ဖျားရောဂါ
- Sickle cell anaemia- သွေးနီဥပုံမမှန်၍ပေါက်ကွဲလွယ်ခြင်း 
- Thalassaemia- သွေးရောဂါ
- Crigler-Najjar syndrome-မွေးရာပါ enzyme ချို့တဲ့သည့်အတွက် bilirubin ပုံခြင်း။
- Hereditary Spherocytosis - မွေးရာပါ သွေးနီဥပုံမမှန်၍ ပေါက်ကွဲလွယ်ပြီး bilirubin ပုံခြင်း။

 

Intra-hepatic jaundice
- Bilirubin ကိုဖျက်ဆီးပေးမည့် အသည်းမကောင်းသည့် အတွက်ကြောင့် ရောဂါဖြစ်စေသည်။
- Viral hepatitisအသည်းရောင်အသားဝါရောဂါ
- Alcoholic liver dieseaseအရက်ကြောင့်ဖြစ်သောအသည်းရောဂါ
- Leptospirosis ကြွက်သေးကြောင့်ညစ်ညမ်းပြီးဖြစ်သော အသည်းရောဂါ
- Glandular fever – Epstein-Barr ဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါ
- Drug misuse-စိတ်ကြွဆေး ၊ အကိုက်အခဲပျောက်ဆေး ပါရာစီတမောအသောက်များခြင်း
- Primary biliary cirrhosis-
- Gilbert’s syndrome-မွေးရာပါ bilirubin မဖျက်ဆီးနိုင်သည့်ရောဂါ
- Hepatocellular carcinoma- အသည်းကင်ဆာ
- အသည်းထိခိုက်စေသည့် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများပြီးအသည်းပျက်စီးခြင်း၊ဥပမာ-ပလပ်စတစ်လုပ်ငန်းတွင်အသုံးပြုသော phenol ကွန်ပေါင်း။
- Autoimmune hepatitis- ကိုယ်ပိုင်ခုခံအားပြန်တိုက်သော အသည်းရောင်ခြင်း
- Primary sclerosing cholangitis
- Dubin-Johnson syndrome 

* Post-hepatic Jaundice
- Bilirubin စွန့်ပစ်မည့် သည်းခြေပြွှန်လမ်းကြောင်းပိတ်ပြီး သွေးတွင်းbilirubin ပုုံခြင်း
- သည်းခြေအိတ်ကျောက်တည်ခြင်း
- သရက်ရွက်ကင်ဆာ
- သည်းခြေအိတ်နှင့် သည်းခြေပြွန်ကင်ဆာ
- သရက်ရွက်ယောင်ယမ်းခြင်း

 

စစ်ဆေးမှုများ
- ဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်း
- ဖြစ်စေသည့် အခြေခံရောဂါအရင်းအမြစ်အားရှာဖွေခြင်း
- ဆီးစစ်ခြင်း- ပုံမှန်ထက် Urobilinogen တက်မတက်စစ်ခြင်း
- Liver function test အသည်းပုံမှန်လုပ်ငန်းဆောင်တာကောင်းမကောင်း သွေးစစ်ခြင်း 
- Ultrasound scanတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း
- CT scan- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း
- MRI scan- သံလိုက်ဓာတ်မှန်ရိုက်ခြင်း
- Liver biopsy- အသည်းအသားစယူခြင်း

 

ကုသခြင်း
ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းကို ကုသခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။လိုအပ်ပါက သွေးသွင်းခြင်း၊ ခွဲစိတ်ကုသခြင်း။

 

ကာကွယ်ခြင်း
Jaundice အသားဝါခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတိုင်းကို ကာကွယ်၍မရပါ။ ကာကွယ်လို့ရသည့်အချက်များမှာ- အရက်သတ်မှတ်ထားသည့် ပမာဏထက်ပို၍ မသောက်သုံးသင့်ပေ။ကိုယ်အလေးချိန်ထိန်းခြင်းအသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးခြင်း။ ဘီပိုးကာကွယ်ဆေး။ အေပိုးကာကွယ်ဆေးအသည်းရောင်စီပိုးမှာကာကွယ်ဆေးမရှိသေးသည့်အတွက် ကူးစက်မခံရအောင်ကာကွယ်ခြင်း၊ 

 

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18