Print

Frozen Shoulder (ပခုံးကြွက်သားတောင့်တင်းနာကျင်ခြင်း)

  27-Oct-2016
Preview Image

 

လက်မောင်းကွင်းရိုး ပတ်လည်တွင် အုပ်ပေးထားသည့် အကာ Capsule ယောင်ယမ်းလာသည့်အတွက် နာကျင်ခြင်း၊ တောင့်ခြင်း၊ လက်မောင်း၏လှုပ်ရှားမှုများ မလုပ်နိုင်ခြင်း ဖြစ်ပေါ်ခံစားရသည့် ရောဂါဖြစ်သည်။ရောဂါဖြစ်ပွားခြင်းတွင် အဆင့် ၃ဆင့်ရှိသည်။

Freezing - ထိုအဆင့်တွင် ပို၍ပို၍ နာကျင်လာပြီး လက်မောင်း၏လှုပ်ရှားမှု ခက်ခဲလာနိုင်ပါသည်၊ ၆ပတ်မှ ၉လအထိ ခံစားရနိုင်ပါသည်။
Frozen - ထိုအဆင့်တွင် နာကျင်မှုများသက်သာသွားသော်လည်း တောင့်တင်းပြီးမလှုပ်နိုင်ခြင်းများကျန်နေသေးသည်၊ ၄လမှ ၆လအထိကြာနိုင်သည်။
Thawing - ထိုအဆင့်တွင် နာကျင်တောင့်တင်းခြင်းများသက်သာသွားပြီး လှုပ်ရှားမှုများလည်း ပုံမှန်ပြန်ဖြစ်သွားသည့် ကာလဖြစ်သည်၊ ပြန်လည်ကောင်းမွန်ရန် ၆လမှ ၂နှစ် အထိကြာနိုင်ပါသည်။



လက္ခဏာများ
လက်မောင်းထိပ်နှင့် လက်ဖျံနေရာတို့တွင် တောင့်တင်းနာကျင်ခြင်းသည် အဓိကခံစားရသော လက္ခဏာဖြစ်သည်။ နေ့စဉ်ပြုလုပ်နေကျ နိစ္စဓူဝအလုပ်များဖြစ်သည့် ရေချိုးခြင်း၊ အဝတ်ဝတ်ခြင်း၊ ကားမောင်းခြင်း၊ အိပ်ခြင်းစသည့် ပြုလုပ်ခြင်းများကိုပါ ထိခိုက်နိုင်ပါသည်။



ဖြစ်ပွားရသော အကြောင်းရင်းများ
- ဆီးချိုရောဂါ၊ လေဖြတ်ရောဂါရှိသူများ၊
- ခွဲစိတ်မှုပြုလုပ်ပြီး (သို့) နာကျင်မှုတစ်ခုခုကြောင့် ကြာရှည်စွာ မလှုပ်ရှားဘဲ နေသူများ၊
- များသောအားဖြင့် အသက် ၄ဝ မှ ၇ဝ ကြားတွင် ဖြစ်ပေါ်တတ်သည်၊ အသက် ၄ဝအောက် လူများတွင် အဖြစ်နည်းသည်။



စစ်ဆေးမှုများ
ဆရာဝန်၏ စမ်းသပ်မှုတွင် လက်မောင်းအကွေးအဆန့် လှုပ်ရှားရာတွင် နာခြင်း၊ တောင့်ခြင်း၊ ကောင်းမွန်စွာ မလှုပ်ရှားနိုင်ခြင်းတို့ ရှိနိုင်သည်။
- ဓာတ်မှန် ရိုက်ခြင်း (X-ray)
- သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI)
- တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း (USG Scan)



ကုသခြင်း
- ရှေးဦးစွာ အနာသက်သာနိုင်မည့် NSAID အကိုက်အခဲပျောက်ဆေးဝါးများဖြင့် ကုသခြင်း၊
- မသက်သာပါက Corticosteroids ဆေးများအရိုးထဲအတွင်းသို့ ထိုး၍ကုသခြင်း၊
- အပူအိတ်ကပ်ခြင်း၊ အပူအိတ်ကပ်ပြီးလျှင် ညင်သာစွာ လက်ဆန့်တန်းကြည့်ခြင်း၊
- သက်သာစေမည့်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊
သက်သာပျောက်ကင်းရန်သည် နှစ်နှင့်ချီ၍ ကြာမြင့်နိုင်ပါသည်။
အထက်ကုထုံးများဖြင့် ကုသနေလျှက် ၆လကြာသည်အထိ မသက်သာပါက သို့မဟုတ် ရောဂါလက္ခဏာများပိုဆိုးလာပါက ခွဲစိတ်နည်းဖြင့်ကုသခြင်းများ ပြုလုပ်နိုင်ပါသည်။



ခွဲစိတ်နည်းများ

- Manipulation under anaesthesia မေ့ဆေးပေးပြီး တောင့်နေသည့် အရိုးကွင်း တနည်း အကာ Capsule ကိုဆန့်ထုတ်ခြင်း
- Shoulder arthroscopy အရိုးတွင်းသို့ မှန်ပြောင်းထည့်ကြည့်ပြီး မာခဲနေသည့် အရွတ်များကိုဖယ်ထုတ်ခြင်း



ပြန်လည်ကောင်းမွန်ရန်
အပြီးတိုင် သက်သာပျောက်ကင်းရန်မှာ ခွဲစိတ်ပြီးနောက်ပိုင်းတွင် လေ့ကျင့်ခန်း Physiotherapy ပုံမှန်ဆက်လုပ်ရန် အရေးကြီးသည်။ ၆ပတ်မှ ၃လအထိ ကြာမြင့်နိုင်ပါသည်။ အများစုတွင် နောက်တစ်ခေါက်ပြန်၍ ရောဂါလက္ခဏာများ မဖြစ်ပေါ်တတ်ပါ။



Ref: WebMD
NHS choices
Ortho info



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18