Print

Fatigue (မောပန်းခြင်း)

  27-Oct-2016
Preview Image

မောပန်းခြင်းတွင် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ နှစ်မိျုးလုံး မောပန်းခြင်းဖြစ်စေ ခံစားရခြင်းကိုဆိုလိုပါသည်။ လူနာ၏ရောဂါရာဇဝင်ကို စနစ်တကျ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းဖြင့် ဖြစ်စေနိုင်သော အခြေခံရောဂါအကြောင်းကို သိရှိနိုင်သော်လညး် လူနာ၏ သုံးပုံတစ်ပုံတွင် အကြောင်းရင်းရှာမတွေ့ဘဲ ဖြစ်နေတတ်ပါသည်။

လက္ခဏာများ
- အသက်ရှုမဝ သကဲ့သို့ခံစားရခြင်း၊
- ရင်ဘတ်အောင့်ခြင်း၊
- အန်ခြင်း၊
- ဝမ်းသွားခြင်း၊
- ကိုယ်ခန္ဓာကြွက်သားများ နာကျင်ခြင်း၊ အားမရှိသကဲ့သို့ ခံစားရခြင်း၊
- စိတ်ဆိုးလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စသည်တို့ခံစားရနိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
များစွာသော အကြောင်းရင်း၊ ရောဂါများကြောင့် မောပန်းခြင်း လက္ခဏာကို ခံစားရနိုင်ပါသည်။ဥပမာ- သွေးအားနည်းရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ သိုင်းရွိုက်ဂလင်းရောဂါ၊ နှလုံးရောဂါ၊ ဗီတာမင်ချို့တဲ့သောရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊အိပ်စက်ခြင်း မူမမှန် ရောဂါများ၊ အအေးမိဖျားနာ ရောဂါ စသည်တို့ ဖြစ်လျှင်လည်း ထိုလက္ခဏာကို ခံစားရနိုင်ပါသည်။


ထို့အပြင် အလုပ်အလွန်ပင်ပန်းခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ လှုပ်လှုပ်ရှားရှားမရှိခြင်း၊ အထိုင်များခြင်း တို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါသည်။ 
သို့သော် အများစုသော မောပန်းခြင်းကိုခံစားနေရသည့်သူများသည် အထွေအထူးကုသစရာမလိုဘဲ ပျောက်ကင်းသက်သာပါသည်။
မောပန်းနွမ်းနယ်ခြင်းဆိုသည်မှာ အားအင်ကုန်ခန်းခြင်း၊ စိတ်အင်အားတက်ကြွမှု မရှိခြင်းတို့ကို ဆိုလိုပါသည်။


Drowsiness အိပ်ငိုက်ခြင်းနှင့် မတူညီ မသက်ဆိုင်ပါ။ Drowsiness မူးဝေအိပ်ငိုက်နေလျှင် အိပ်လိုက်ပါကသက်သာသော်လည်း Fatigue မောပန်းနွမ်းနယ်ခြင်းမှာ ထိုကဲ့သို့ ပြုလုပ်ရုံနဲ့ မရပါ။Fatigue မောပန်းခြင်းသည် လူတော်တော်များများတွင် ကြုံတွေ့ရတတ်ပြီး ၎င်းသည် ရောဂါလက္ခဏာမျှသာဖြစ်သည်။ ရောဂါ မဟုတ်ပါ။

စစ်ဆေးမှုများ
မောပန်းခြင်းအပြင် လူနာ၏ အခြားလက္ခဏာများကိုကြည့်၍ သက်ဆိုင်သည့် စစ်ဆေးမှုမျိုးကိုပြုလုပ်ရပါမည်။
- CBC (complete blood count)- သွေးစစ်ခြင်း
- Electrolyte -သွေးတွင်းဓာတ်များစစ်ဆေးခြင်း။
- သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း။
- သိုင်းရွိုက်ဟော်မုန်းများ စစ်ဆေးခြင်း။
- ဗီတာမင်ဓာတ်များ စစ်ဆေးခြင်း။
- ဓာတ်မှန်ရိုက်ခြင်း။ (X-ray)
- နှလုံးစက်ဆွဲခြင်း။ နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း။

ကုသခြင်း
ဖြစ်ပေါ်စေသည့် အကြောင်းရင်းရောဂါကိုရှာဖွေကုသခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ အချို့ရောဂါများသည် ကုသပြီးသည်နှင့် များမကြာမီ ပျောက်ကင်းသက်သာနိုင်သော်လည်း အချို့ရောဂါများသည် အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပြီးမှ သက်သာနိုင်ပါသည်။

ကာကွယ်ခြင်း
မောပန်းခြင်း လက္ခဏာသည် အခြားရောဂါအကြောင်းအရင်းကြောင့် ဖြစ်ပွားတတ်သောကြောင့် ရောဂါကိုစောစီးစွာရှာဖွေကုသခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

Ref: Medicine.Net.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18