Print

Chronic Myeloid Leukaemia (CML) သွေးကင်ဆာ

  26-Oct-2016
Preview Image

ပင်ပန်းနွမ်းနယ်ခြင်း၊ အရိုးများ နာကျင်ခြင်း၊ ညဘက်တွင် ချေွးထွက်ခြင်း၊ ဖျားခြင်းနှင့် အလွယ်တကူ သွေးချည်ဥခြင်းတို့ ပိုမိုသိသာလာတတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားတို့ကို ထုတ်လုပ်ပေးသော ပင်မဆဲလ်တွင် DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် အရွယ်မတိုင်သေးသော သွေးဖြူဥ (Immature white blood cell) များစွာကို သွေးထဲသို့ ထုတ်ပေးသည်။ ထိုသွေးဖြူဥများသည် အရွယ်ရောက်ပြီးသော သွေးဖြူဥများ (mature white blood cell) ကဲ့သို့ ရောဂါပိုးများကို မတိုက်ခိုက်နိုင်ချေ။
- Immature cell များ များလာခြင်းကြောင့် သွေးနီဥနှင့် သွေးဥမွှားများ၏ အရေအတွက် လျော့နည်းလာပြီး နာတာရှည် သွေးဖြူဥကင်ဆာ (chronic leukaemia) ဖြစ်သွားမည်။
- သွေးဆဲလ်များတွင် Philadelphia chromosome ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

နောက်ဆက်တွဲ ပြဿနာများ
- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း
- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း 
- မျိုးမအောင်ခြင်း 
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်နိုင်သည်။

ဖြစ်နိုင်ချေများသူများ
- ဓာတ်ရောင်ခြည်နှင့်ထိတွေ့နေရသူများ
- ဓာတ်ဆီ၊ ရော်ဘာစက်ရုံတို့တွင် သုံးသော benzeneနှင့် ထိတွေ့နေရသူများ
- ဆေးလိပ်သောက်သူများ
- ကင်ဆာရောဂါအတွက် ကုသမှုခံယူထားသူများ
- နယူကလီးယားစက်ရုံ၊ ဓာတ်အားလိုင်းများနှင့် ဖုန်းစင်တာကြီးများ အနီးတွင်နေထိုင်သူများ
- အဝလွန်သူများနှင့်
- HIV/AIDS ကဲ့သို့သော ကိုယ်ခံအားနည်းနေသူများ
- Ulcerative colitis၊ Chron’s disease တို့ကဲ့သို့သော အူရောင်ရောဂါရှင်များ 
- ပိုးသတ်ဆေးများနှင့် နေ့စဉ်ထိတွေ့နေကြသည့် စိုက်ပျိုးရေးသမားများတွင် အဖြစ်များသည်။ 

စစ်ဆေးမှုများ
- ရောဂါလက္ခဏာများကို စစ်ဆေးခြင်း
- သွေးစစ်ခြင်း- အရွယ်မရောက်သေးသော သွေးဖြူဥ အရေအတွက်အလွန်များနေသည်ကို တွေ့ရှိပါက သွေးရောဂါအထူးကုနှင့် တိုင်ပင်ကာ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုိ်င်သည်။
- ရိုးတွင်းချဉ်ဆီကို ဓာတ်ခွဲစမ်းသတ်ခြင်း (Bone Marrow Biopsy)
- မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genatic test)
- Immunophenotyping
- Polymerase chain reaction
- ပြန်ရည်ကြော အကြိတ်များကို အသားစယူ စစ်ဆေးခြင်း (lymph node biopsy)
- ဓာတ်မှန် (X-ray)၊ တီဗွီဓာတ်မှန် (Ultrasound)၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)
- ခါးရိုးဆစ်မှတဆင့် ဦးနှောက်အတွင်း အရည်များကို ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) တို့ပြုလုပ်နိုင်သည်။

ကုသခြင်း
Chronic Myeloid Leukaemia ရောဂါဖြစ်သည်ဟု သိလျှင်သိခြင်း ရောဂါလက္ခဏာများလျင်မြန်စွာ ဆိုးရွားလာမှုကို လျော့နည်းစေရန် Imatinib ဆေးကို နေ့စဉ်ပုံမှန်ဖြင့် တစ်သက်တာလုံးသောက်ရမည် ဖြစ်သည်။
Imatinib ဆေးသောက်စေခြင်းမှာ 
- ၃ လအကြာတွင် သွေးဆဲလ်အရေအတွက်များ ပုံမှန်ပြန်ဖြစ်စေရန်
- ၁၂ လအကြာတွင် ရိုးတွင်းချဉ်ဆီအတွင်းရှိ Philadelphia chromosome များသေစေရန်
- ၁၈ လအကြာတွင် သွေးဖြူဥကင်ဆာကို very sensitive molecular test နှင့် စစ်ဆေးမှ သိနို်င်သောအဆင့်သို့ရောက်စေရန် ဖြစ်သည်။

* ကင်ဆာ အစောပိုင်းကာလ (Early-stage)တွင်
- Imatinib
- Nilotinib စသော ဆေးများကို သောက်ရန်လိုသည်။

* ကင်ဆာ ရင့်သွားသော အဆင့် (advanced stage)တွင်
- ကင်ဆာဆေးများသွင်းခြင်း
- ပင်မဆဲလ် (stem cell)များ အစားထိုးခြင်းတို့ကိုပြုလုပ်နိုင်သည်။

Ref: NHS Choices, UK
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18