Print

Benign prostatic hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း)

  26-Oct-2016
Preview Image

ဆီးကျိတ်ဟူသည် ဆီးအိမ်အဝတွင်ရှိသည့် သုက်ရည်ထုတ်ပေးသော အမျိုးသားအင်္ဂါဖြစ်သည်။ ဆီးကျိတ်ကြီးပါက ဆီးအိမ်အဝနှင့် ဆီးလမ်းကြောင်းတို့ကို ဖိခြင်းကြောင့် ဆီးသွားရခက်ခြင်း လက္ခဏာကို တွေ့ရသည်။ အသက် ၅၀ကျော် အမျိုးသားများတွင် အဖြစ်များသည်။

ရောဂါလက္ခဏာများ
- ဆီးသွားရာတွင် အစခက်ခြင်း
- ဆီးလုံးသေးခြင်း၊ ဆီးသွားရာတွင် ရပ်လိုက် သွားလိုက်ဖြစ်ခြင်း
- ဆီးသွားရာတွင် ညှစ်၍သွားနေရခြင်း
- မကြာခဏ ဆီးသွားလိုခြင်း
- ညဘက်တွင် ဆီးခဏခဏ သွားရခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးကျန်သည်ဟု ခံစားနေရခြင်း
- ဆီးတွင်း သွေးပါခြင်း တို့ဖြစ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
အသက်ရွယ်ကြီးချိန်တွင် dihydrotestosterone ဟော်မုန်းများလာခြင်းကြောင့် ဖြစ်သည်။ အသက် ၅၀ကျော် အမျိုးသားများနှင့် ဆီးချို၊ သွေးတိုးရောဂါရှိသူများတွင် အဖြစ်များသည်။

ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ
- ဆီးပိုးဝင်ခြင်းကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ဆီးသွားရာတွင် အန့ံဆိုးခြင်း၊ သွေးပါခြင်း
- ရုတ်တရက် ဆီးမသွားနိုင်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ ဆီးအိတ်တင်းလာခြင်း
- အချိန်ကြာမြင့်လာပါက ဆီးအိတ်အတွင်း ကျောက်တည်ခြင်း၊ ဆီးအိတ်ပိုးဝင်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်း တို့ဖြစ်နိုင်သည်။

စစ်ဆေးမှုများ
- ဆရာဝန်နှင့်ပြသ၍ ရောဂါလက္ခဏာများကို ရှာဖွေခြင်း
- ဆီးကျိတ်ကြီးခြင်းကို သိနိုင်ရန် စအိုတွင်းသို့ လက်ထည့်၍ စမ်းသပ်ခြင်း
- ဆီးပိုးဝင်ခြင်းကို သိနိုင်ရန် ဆီးစစ်ခြင်း
- သွေးတွင်းရှိ Prostate-specific antigen (PSA) ပမာဏကို တိုင်းတာခြင်း
- စအိုတွင်းမှတဆင့် တီဗွီဓာတ်မှန်ရိုက်ခြင်း
- ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း
- ဆီးအိတ်အတွင်း ဖိအားကို တိုင်းတာခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

ကုသခြင်း
(၁) စားသောက်နေထိုင်ပုံများကို ပြုပြင်ခြင်း
- အိ်ပ်ရာမဝင်မီ တစ်နာရီ၊နှစ်နာရီ အတွင်း ရေမသောက်ခြင်း
- ညဘက် ဆေးသောက်စရာရှိပါက အိပ်ချိန်နှင့် ခွာ၍သောက်ခြင်း
- အရက်၊ ကော်ဖီတို့ကို လျော့သောက်ခြင်း၊ ရှောင်ခြင်း
- တစ်နေ့လျှင် မိနစ် ၃၀မှ တစ်နာရီခန့် လေ့ကျင့်ခန်းလုပ်ခြင်း
- အနည်းဆုံး နှစ်နာရီခြားပြီးမှ ဆီးသွားခြင်း
(၂) ဆေးဖြင့် ကုသခြင်း
(၃) ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

ကာကွယ်ခြင်း
ဆီးကျိတ်ကြီးခြငး်ကို ကာကွယ်ရန် အဆီဓာတ်ကို လျှော့စားသင့်သည်။ ပရိုတင်းဓာတ်များများပါသော အစာများဖြစ်သည့် ဥ၊ နို့်၊ ပဲနို့၊ တို့ဖူး၊ ငါး၊ ချိစ်၊ ကြက်သားနှင့် အသီးအရွက်များကို များများ စားသင့်ပါသည်။

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18