Print

Bartholin’s cyst (မိန်းမကိုယ် အရည်အိတ်)

  26-Oct-2016
Preview Image

ဘာသိုလင်ဂလင်း (Bartholin’s gland) ဆိုသည်မှာ မိ်န်းမကိုယ်အဝ အတွင်းပိုင်းတွင် တည်ရှိပြီး မိန်းမကိုယ်အချွဲထုတ်ပေးသောဂလင်း ဖြစ်သည်။ ထိုဂလင်း၏အဝကို အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိသွားပါက အတွင်းရှိအရည်များ အပြင်မထွက်နိုင်သောကြောင့် အရည်အိတ် (Bartholin’s cyst) ဖြစ်လာတတ်သည်။ ထိုအိတ်တွင်းသို ့ ရောဂါပိုးများဝင်ရောက်သွားပါက အတွင်းရှိအရည်များ ပြည်အဖြစ်သို့ ပြောင်းလဲသွားပြီး ပြည်အိတ် ( Bartholin’s abscess ) ဖြစ်သွားနိုင်သည်။

လက္ခဏာများ
ဘာသိုလင် မိန်းမကိုယ်အရည်အိတ်သည် ပုံမှန်အားဖြင့် နာကျင်လေ့မရှိသောကြောင့် ရောဂါပိုးဝင်ပြီး ပြည်အဖြစ်သို့မပြောင်းမီထိ သတိမထားတတ်ကြပေ။ အရည်အိတ်ကြီးလာပါက မိန်းမကိုယ်အဝတွင် အလုံးစမ်းမိတတ်သည်။ 
အချိန်ကြာလာပါက ရောဂါပိုးဝင်ရောက်သွားပြီး 
- နာကျင်ခြင်း
- လမ်းလျှောက်လျှင် သက်တောင့်သက်သာ မရှိခြင်း
- လိင်ဆက်ဆံစဉ် နာကျင်ခြင်း
- ဖျားခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ 
များသောအားဖြင့် မိန်းမကိုယ်အဝ၏ တဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။

ဆရာဝန်နှင့်သွားရောက်ပြသသင့်သော အချက်များ
မိန်းမကိုယ်အဝတွင် အကျိတ်ပေါ်ပါက ထိုအကျိတ်ကို ရေနွေးဖြင့်ဆေးခြင်း၊ သန့်ရှင်းခြင်းတို့ပြုလုပ်ပြီးစောင့်ကြည့်ပါ။ နှစ်ရက်၊ သုံးရက်ကြာသည်အထိ မပျောက်လျှင်၊ ပိုမိုနာကျင်လာလျှင် နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားရောက်၍ ဆေးကုသမှုခံယူသင့်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
ရောဂါပိုးတစ်ခုခု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုတို့ကြောင့် ဘာသိုလင် ဂလင်း၏အဝ ပိတ်ဆို့သွားပါက အတွင်းရှိအရည်များ အတွင်းတွင်များလာပြီး အရည်အိတ်ဖြစ်လာမည်။ အရည်အိတ်အတွင်း ပိုးဝင်ပါက ပြည်တည်နိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ
ကုသပျောက်ကင်းပြီးသော်လည်း မကြာခဏ ပြန်လည်ဖြစ်ပွားတတ်သည်။

စစ်ဆေးမှုများ
ဆရာဝန်နှင့်တိုင်ပင်ကာ လိုအပ်သော ရောဂါရာဇဝင် မေးမြန်းမှု၊ မိန်းမကိုယ်အတွင်း စမ်းသပ်မှုတို့အပြင် 
- လိင်မှတဆင့် ကူးစက်သောရောဂါပိုးများ ရှိ၊မရှိ မိန်းမကိုယ်တွင်း အချွဲကိုယူ၍ စစ်ဆေးခြင်း၊
- အသက် ၄၀နှင့် အထက်ဖြစ်ပါက အသားစယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။

ကုသခြင်း
ဘာသိုလင်အရည်အိတ်ဖြစ်ပွားပြီး နာကျင်ခြင်းနှင့် အခြားသော လက္ခဏာများ မဖြစ်ပေါ်ပါက ကုသမှုခံယူရန် မလိုအပ်ပေ။ အရည်အိတ်၏ အရွယ်အစား၊ နာကျင်မှုနှင့် ဝင်ရောက်နေသော ရောဂါပိုးအမျိုးအစားတို့ပေါ်တွင် မူတည်ကာ ကုသပုံ၊ ကုသနည်းများမှာလည်း ကွာခြားသည်။ 
• အရည်အိတ်ပေါက်သွားပြီး အတွင်းရှိ ပြည်များ ထွက်သွားစေရန် ရေနွေးစိမ်ခြင်း
• အရည်အိ်တ်ကို ခွဲစိတ်၍အရည်များ ဖယ်ထုတ်ခြင်း
• လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုခြင်း
• ပြန်လည်ဖြစ်ပွားခြင်းကို ကာကွယ်ရန် ခွဲစိတ်ပြီး အပေါက်ဖွင့်ထားခြင်း (Marsupialization) တို့ကို ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း
ဘာသိုလင် အရည်အိတ်ဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် မိန်းမကိုယ်တဝိုက်ကို သန့်သန့်ရှင်းရှင်းထားခြင်း၊ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုကာကွယ်ရန် ကွန်ဒုံးသုံးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18