Print

Acute lymphoblastic leukaemia (ALL) သွေးကင်ဆာ

  26-Oct-2016
Preview Image

Acute lymphoblastic leukaemia မှာ ဆိုးရွားသော အခြေအနေသို့ မရောက်မီ ရောဂါလက္ခဏာပေါ်နှုန်းမှာ အနည်းငယ်နှေးသည်။
ရောဂါလက္ခဏာအများစုမှာ သွေးထဲတွင် အရွယ်မရောက််သေးသော သွေးဖြူဥများ များနေပြီး ကျန်းမာသော သွေးဖြူဥများနည်းနေခြင်းကြောင့် ဖြစ်သည်။

ရောဂါလက္ခဏာများ 
- ဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊
- ပင်ပန်းလွယ်ခြင်း၊ မောခြင်း၊
- ဖျားခြင်း၊ ချေွးထွက်များခြင်း၊
- ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊
- ရောဂါပိုးများဝင်လွယ်ခြင်းကြောင့် နှာစီးချောင်းဆိုး ဖြစ်လွယ်ခြင်း၊
- သွားဖုံး၊ နှာခေါင်းတို့မှ သွေးယိုခြင်း၊
- ထိခိုက်မိပါက သွေးချည်ဥလွယ်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း၊
- အရိုးနှင့် အဆစ်များနာကျင်ခြင်း၊
- အသည်းနှင့် ဘေလုံးများကြီးလာခြင်းကြောင့် ဝမ်းဗိုက်တင်းခြင်း၊
- ရှားရှားပါးပါးအနေဖြင့် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အန်ခြင်း၊ အမြင်ဝါးခြင်း၊
- ခရမ်းရောင် အကွက်များ ပေါ်ခြင်း (purple skin rash) တို့ဖြစ်တတ်သည်။

Acute lymphoblastic leukaemia သည် သွေးထဲမှတဆင့် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းထဲသို့ရောက်ရှိကာ 

- ခေါင်းကိုက်ခြင်း
- တက်ခြင်း
- ခေါင်းမူးခြင်း
- ပျို့အန်ခြင်း
- အမြင်ဝေဝါးခြင်း တို့ဖြစ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
- သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားတို့ကို ထုတ်လုပ်ပေးသော ပင်မဆဲလ်တွင် DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် အရွယ်မတိုင်သေးသော သွေးဖြူဥ (Immature white blood cell) များစွာကို သွေးထဲသို့ ထုတ်ပေးသည်။ ထိုသွေးဖြူဥများသည် အရွယ်ရောက်ပြီးသော သွေးဖြူဥများ (mature white blood cell) ကဲ့သို့ ရောဂါပိုးများကို မတိုက်ခိုက်နိုင်ချေ။

ဖြစ်နိုင်ချေများသူများ
- ဓာတ်ရောင်ခြည်နှင့်ထိတွေ့နေရသူများ
- ဓာတ်ဆီ၊ ရော်ဘာစက်ရုံတို့တွင် သုံးသော benzeneနှင့် ထိတွေ့နေရသူများ
- ဆေးလိပ်သောက်သူများ
- ကင်ဆာရောဂါအတွက် ကုသမှုခံယူထားသူများ
- နယူကလီးယားစက်ရုံ၊ ဓာတ်အားလိုင်းများနှင့် ဖုန်းစင်တာကြီးများ အနီးတွင်နေထိုင်သူများ
- အဝလွန်သူများနှင့်
- HIV/AIDS ကဲ့သို့သော ကိုယ်ခံအားနည်းစေသော ရောဂါသည် များတွင် အဖြစ်များသည်။ 

နောက်ဆက်တွဲ ပြဿနာများ
- Immature cell များ များလာခြင်းကြောင့် သွေးနီဥနှင့် သွေးဥမွှားများ၏ အရေအတွက် လျော့နည်းလာပြီး နာတာရှည် သွေးဖြူဥကင်ဆာ (chronic leukaemia) ဖြစ်ခြင်း
- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း
- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း 
- မျိုးမအောင်ခြင်း တို့ဖြစ်နိုင်သည်။

စစ်ဆေးမှုများ
- သွေးစစ်ခြင်း- အရွယ်မရောက်သေးသော သွေးဖြူဥ အရေအတွက် အလွန်များနေ သည်ကို တွေ့ရှိပါက သွေးရောဂါအထူးကုနှင့် တိုင်ပင်ကာ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
- ရိုးတွင်းချဉ်ဆီကို ဓာတ်ခွဲစမ်းသပ်ခြင်း (Bone Marrow Biopsy)
- မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genatic test)
- Immunophenotyping
- Polymerase chain reaction
- ပြန်ရည်ကြော အကျိတ်များကို အသားစယူ စစ်ဆေးခြင်း (lymph node biopsy)
- ဓာတ်မှန် (X-ray)၊ တီဗွီဓာတ်မှန် (Ultrasound)၊ ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (CT)
- ခါးရိုးဆစ်မှတဆင့် ဦးနှောက်အတွင်း အရည်များကို ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) တို့ပြုလုပ်နိုင်သည်။

ကုသခြင်း
ကုသရာတွင်
၁. Induction - ရိုးတွင်းချဉ်ဆီနှင့် သွေးထဲရှိ ကင်ဆာဆဲလ်များကို သေစေပြီး သွေးများ ပုံမှန်အလုပ်ပြန်လုပ်နိုင်ရန် ကုသခြင်း။

၂. Consolidationg - ခန္ဓာကိုယ်တွင်း ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကို သေစေခြင်းဖြင့် နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကာကွယ်ခြင်း။

၃. Maintenanace - နောက်တစ်ကြိမ်ပြန်လည်မဖြစ်ပွားအောင် ကာကွယ်ခြင်း ဟူ၍ သုံးမျိုးသတ်မှတ်နိုင်သည်။

* Induction
Induction သည် chemotherapy တွင် ရိုးတွင်းချဉ်ဆီနှင့် သွေးတွင်းရှိ ကင်ဆာဆဲလ်များသေစေရန် ကင်ဆာဆေးများကို ပေးသည်။ ကုသမှုကို ဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဆေးရုံ သို့မဟုတ် သွေးရောဂါ အထူးကုဌာနတွင် ပြုလုပ်ရန်လိုအပ်သည်။ သွေးသွင်းရန်လည်း လိုသည်။ ရောဂါဖြစ်နေသူများသည် အခြားရောဂါများကူးလွယ် ဝင်လွယ်သဖြင့် အထူးသန့်ရှင်းသောနေရာတွင် နေရမည်။ လိုအပ်ပါက ပိုးသတ်ဆေးများ အသုံးပြုရမည်။ ကုသမှု ထိရောက်ခြင်းရှိမရှိပေါ် မူတည်၍ Induction ကာလသည် လေးပတ်မှ လပိုင်းထိကြာနိုင်သည်။

ကင်ဆာဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း၊ အစားအသောက်ပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးစပ်တွင် အနာပေါက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားတွင် အနီကွက်များဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် မျိုးအောင်ခြင်းတွင် အနှောက်အယှက်ဖြစ်ခြင်း တို့ကို တွေ့နိုင်သည်။ စတီးရွိုက်ဆေးများပေးခြင်း(Steroid therapy) Chemotherapy ကို ပိုမိုထိရောက်စေရန် steroid ဆေးများကို တွဲဖက် အသုံးပြုရသည်။

Imatinib - Philadelphia chromosome-positive acute lymphoblastic leukaemia တွင် ကင်ဆာဆဲလ်များကို သတ်ရန် Imatinib သောက်ဆေးကို သုံးနိုင်သည်။
ဆေး၏နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ မျက်နှာနှင့် ခြေလက်များ ဖောရောင်ခြင်း၊ ကြွက်တက်ခြင်း၊ အနီပြင်များထွက်ခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်နိုင်သည်။

* Consolidation
Induction အဆင့် အောင်မြင်ပါက Consolidation ဖြင့် ဆက်လက်ကုသရန် လိုအပ်သည်။ ဤအဆင့်သည် လပေါင်းများစွာ ကြာမြင့်နိုင်သည်။ကုသရာတွင် ကင်ဆာဆေးများကို ဆရာဝန်သတ်မှတ်ထားသည့်အတိုင်း လိုအပ်သလောက် ဆက်လက်ထိုးရမည်။

* Maintenance
နောက်တစ်ကြိမ်ထပ်မံ မဖြစ်ပွားအောင် ကာကွယ်ရန် ကင်ဆာဆေးများကို ပုံမှန်ဆက်လက်သောက်ရမည်။ ကုသမှု အောင်မြင်ခြင်း ရှိမရှိကို ပုံမှန်ဆေးစစ်ရန် လိုအပ်သည်။ ရောဂါကို ထိန်းသောအဆင့် (Maintenance) အဆင့်သည်နှစ်နှစ်မျှကြာနိုင်သည်။

အခြားသော ကုသမှုများ အနေဖြင့်
- ရောဂါလက္ခဏာများ သက်သာစေရန်နှင့် သက်တမ်းစေ့နေနို်င်ရန် Dasatinib ဆေးသုံးခြင်း။
- ဓာတ်ကင်ခြင်း။
- ရိုးတွင်းချဉ်ဆီနှင့် ပင်မဆဲလ် (stem cell) များ အစားထိုးခြင်းတို့ကို ပြုလုပ်နို်င်သည်။

ကုသမှု၏ ဘေးထွက် ဆိုးကျိုးများ
- ကိုယ်ခံအားကျဆင်းခြင်းကြောင့် ရောဂါပိုးများဝင်လွယ်ခြင်း။
- သွေးဥမွှားအရေအတွက် လျော့နည်းခြင်းကြောင့် အလွယ်တကူ သွေးချည်ဥခြင်း၊ အလွန်ဆိုးရွားပါက ဦးနှောက်တွင်း၊ အဆုတ်တွင်းနှင့် အစာအိမ်တွင်း သွေးယိုခြင်း 
- မျိုးမအောင်ခြင်း။
- စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်နိုင်သည်။

Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18