Print

Acromegaly ( လူ့ဘီလူးရောဂါ )

  26-Oct-2016
Preview Image

လူ့ဘီလူးရောဂါ ဆိုသည်မှာ ခန္ဓာကိုယ် ကြီးထွားစေသည့် ဟော်မုန်း Growth Hormone ပုံမှန်ထက်ပို၍ ထုတ်သောကြောင့် ခန္ဓာကိုယ် ပုံမှန်ထက် ကြီးထွားလာသောရောဂါ ဖြစ်သည်။ ကလေးဘဝ အရိုးနု မဆက်ခင်တွင် ဖြစ်ပွားလျှင် Gigantism ဟုခေါ်၍ အရိုးဆက်ပြီးမှ ဖြစ်လျှင် Acromegaly ဟုခေါ်သည်။

လက္ခဏာများ
- ခြေလက်များ ပုံမှန်ထက်ကြီးခြင်း
- မျက်နှာသွင်ပြင် လက္ခဏာ ကြီးမားကြမ်းတမ်းလာခြင်း ဥပမာ -မေးရိုး၊ မျက်ခုံးရိုး ငေါထွက်လာခြင်း၊ သွားကျဲခြင်း
- ပုံမှန်ထက် အရပ်ရှည်ထွက်လာခြင်း ( အပျို၊ လူပျိုဖော် မဝင်ခင် ဖြစ်လျှင်)
- ခန္ဓာကိုယ် အတွင်းကလီစာများ ကြီးခြင်း ဥပမာ- နှလုံးကြီးခြင်း၊ အသည်းကြီးခြင်း၊ ကျောက်ကပ်ကြီးခြင်း
- အရိုးအဆစ် နာကျင်ခြင်း
- Carpal tunnel syndrome - လက်ကောက်ဝတ် အတွင်းရှိ အာရုံကြော ဖိမိသည့်အတွက်ကြောင့် လက်ထုံကျင်မှု ခံစားရခြင်း
- အသံသြလာခြင်း
- Obstructive sleep apnoea - အိပ်နေစဉ် ဟောက်ခြင်း 
- အသက်ရှူကျပ်ခြင်း
- ချေွးထွက်များခြင်း
- မောပန်းလွယ်ခြင်း
- ခေါင်းကိုက်ခြင်း
- အမြင်ဝေဝါးခြင်း
- ကာမစိတ် လျော့နည်းခြင်း
- အမျိုးသမီးများတွင် ရာသီမမှန်ခြင်း အစရှိသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
ဦးနှောက်အတွင်းရှိ pituitary gland ဂလင်းတွင် အကျိတ်ဖြစ်ပြီး ထိုအကျိတ်မှ ကြီးထွားဟော်မုန်း Growth hormone ပို၍ ထုတ်နေသောကြောင့် ဖြစ်သည်။

နောက်ဆက်တွဲ ပြဿနာများ
Acromegaly သည် မကုသဘဲထားပါက နောက်ဆက်တွဲ ရောဂါများ အနေဖြင့်
- အမျိုးအစား ၂ ဆီးချိုရောဂါ
- သွေးတိုးခြင်း
- နှလုံးသွေးကြော ကျဉ်းခြင်း
- နှလုံးကြီးခြင်း
- အဆစ်ရောင်ခြင်း
- အူတွင် အလုံးအကျိတ် ဖြစ်ခြင်းမှတဆင့် ကင်ဆာသို့ ကူးပြောင်းသည်အထိ ဖြစ်ပွားနိုင်သည်။ 

စစ်ဆေးမှုများ
. သွေးစစ်ခြင်း - သွေးတွင်း ကြီးထွားဟော်မုန်းပမာဏ စစ်ဆေးခြင်း
. ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း - CT scan, MRI scan ရိုက်၍ ဦးနှောက်အတွင်းရှိ pituitary gland အကျိတ် အရွယ်အစား တိုင်းတာခြင်းတို ့ဖြင့် ရောဂါရှာဖွေနိုင်ပါသည်။
ထို ့ပြင် အူကင်ဆာ ဖြစ်ပွားမှုကို စောစီးစွာ သိရှိစေရန် လိိုအပ်သည့် စမ်းသပ်မှုများ ပြုလုပ်နေသင့်သည်။

ကုသခြင်း
ကုသခြင်းနည်းလမ်း အမျိုးမျိုး ရှိသည့်အထဲတွင် အကျိတ်အား ခွဲစိတ်ထုတ်ခြင်းသည် အကောင်းဆုံးသောကုထုံး ဖြစ်သည်။
- ခွဲစိတ်ကုသခြင်း - ဦးနှောက်အတွင်းရှိ Pituitary tumor အလုံးအား ခွဲထုတ်ခြင်း၊
- ဆေးပေးကုသခြင်း - ခွဲစိတ်ပြီးနောက် သို့မဟုတ် ခွဲစိတ်၍ မရသော လူနာများအား ဆေးပေးခြင်း၊
- ဓာတ်ရောင်ခြည်ပြ၍ ကုသခြင်း - ခွဲစိတ်ခြင်း၊ ဆေးဖြင့် ကုသခြင်းတို့နှင့် မပျောက်ပါက ကုသနိုင်သည်။
ထို Acromegaly လူ့ဘီလူးရောဂါသည် မကုသဘဲ ထားပါက နောက်ဆက်တွဲ လက္ခဏာများ ပေါ်ပေါက်လာပြီး လူ့သက်တမ်း တိုနိုင်သည့်အတွက် ဖြစ်ပွားပါက ကုသသင့်သော ရောဂါတစ်မျိုး ဖြစ်ပေသည်။

Ref : Mayo clinic
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18