Print

ဘာ့ကြောင့် ချစ်တင်းနှီးနှောခြင်း ပိုမိုလုပ်ပေးသင့်တယ်ဆိုတာ

  04-Aug-2018
Preview Image



ခေါင်းထဲ ဖိုမကိစ္စ မကြာခဏ ရောက်ရှိနေတတ်တာ ငြင်းဆိုစရာတော့ မရှိပါ။ ကံအားလျှော်စွာဖြင့် ဒါ အမြဲမကောင်းဘူးလည်း မဟုတ်ပါဘူး။ ချစ်တင်းနှီးနှောမှု ပိုမို လုပ်ပေးခြင်းဖြင့် မိမိခန္ဓာကိုယ်နဲ့ စိတ်ကို တကယ် အကျိုးဖြစ်စေတာပါ။ အောက်ပါအချက်များက ဖိုမကိစ္စ ပုံမှန်လုပ်ပေးခြင်းဖြင့် ခံစားရမယ့် အံ့အားသင့်ဖွယ် ကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။

၁။ တစ်နေ့ () ကြိမ် ချစ်တင်းနှီးနှောခြင်းက အစဉ်ကျန်းမာစေ
ပုံမှန် ကိုယ်လက်နှီးနှောခြင်းရဲ့ မရေမတွက်နိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ Gym ကစားရသလို ခံစားရပါက အထူးကောင်းမွန်တဲ့ အစားထိုးမှု တစ်ခု ဖြစ်ပါတယ်။ Sex က ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေတယ်။ ကြွက်သားများ ကြံ့ခိုင်စေပြီး နှလုံးရောဂါအန္တရာယ်တောင် လျော့ကျစေပါတယ်။

၂။ လက်တွဲဖော်နဲ့ ရင်းနှီးမှုပိုရှိစေ
ချစ်တင်းနှီးနှောခြင်းက ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ ရင်းနှီးမှု ရစေပါတယ်။ အတူနေတဲ့အခါ လူတွေမှာ သံယောဇဉ်တွယ်တာမှုနဲ့ နှီးနွယ်တဲ့ ဟော်မုန်းတစ်ခုဖြစ်သော oxytocin က ခန္ဓာကိုယ် လွှမ်းမိုးထားပါတယ်။ လက်တွဲဖော်ကို ချစ်တဲ့စိတ် ခိုင်မာစေပြီး ချစ်ခင်တွယ်တာမှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။

၃။ အသားအရေ ရွန်းပစေ
ကိုယ်လက်နှီးနှောခြင်းက ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှု တိုးမြင့်ပေးလိုက်တာကြောင့် အပိုအောက်ဆီဂျင်များက အသားရေကို ပိုမိုတောက်ပစေပြီး ကြည့်ကောင်းရှုကောင်း ပိုဖြစ်စေပါ တယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အတိုင်း ဟော်မုန်းတွေ ဟန်ချက်ညီစေပါတယ်။

၄။ ပိုမိုသွက်လက်ပေါ့ပါးခြင်း၊ အချိန်ကာလ ပိုမိုတိုးတောင်းခြင်း
အမျိုးသမီးတစ်ဦး လိင်ဆက်ဆံမှုလုပ်တဲ့အခါ မွေးလမ်းကြောင်း ကျုံ့တယ်။ ဒါကျွနု်ပ်တို့ သိတဲ့အချက် ဖြစ်ပါတယ်။ ကျွနု်ပ်တို့ မသိတဲ့အရာက ယင်း မွေးလမ်းကြောင်း ကျဉ်းမြောင်းလာမှုတွေက သွေးနဲ့ တစ်ရှူးကို ပိုမိုလျင်မြန်စွာ ပထုတ်ပေးပါတယ်။ ဆိုလိုတဲ့သဘောက အတူနေတာ ပိုများလေ ပို ပြီးမြန်လေပဲ ဖြစ်ပါတယ်။ ပြီးမြန်တာက နှစ်ဦးနှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ အရာပဲဖြစ်ပါတယ်။

၅။ စိတ်ပင်ပန်းမှု သက်သာစေ
ချစ်တင်းနှီးနှောနေစဉ်အတွင်း လေ့ကျင့်ခန်း လုပ်နေသလိုမျိုးပဲ ခန္ဓာကိုယ်မှ endorphin ထုတ်ပေးပါတယ်။ အဲဒါက တင်းမာမှုကို သက်သာစေကာ စိတ် ပိုငြိမ်သက်ခြင်း၊ သက်သောင့်သက်သာပိုရှိခြင်းနဲ့ ပိုမိုပျော်ရွှင်မှု ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ တင်းမာမှု လျော့နည်းလေ၊ မိမိနဲ့ မိမိလက်တွဲဖော်နှစ်ဦးကြား တင်းမာမှု ပိုနည်းပြီး တစ်ဦးနဲ့တစ်ဦး အဖော်ပြု သာယာကြည်နူးဖို့ အချိန်ပိုရလေ ဖြစ်ပါတယ်။

၆။ ဉာဏ်ရည် ပိုထက်မြတ်စေ
ချစ်တင်းနှီးနှောမှုပြုလုပ်ခြင်းက ဦးနှောက်အစိတ်အပိုင်းတစ်ခုလုံး သွေးစီးဆင်းလည်ပတ်မှု၊ အောက်ဆီဂျင် ပေးပို့မှုနဲ့ အာဟာရတွေ တိုးမြင့်ပေးတယ်လို့ လေ့လာမှုများက ဖော်ပြထားပါတယ်။ ဉာဏ်စမ်းပုစ္ဆာကဲ့သို့ တခြားသော စိတ်အလုပ်လုပ်စေမှုတွေက ဦးနှောက်ကို နိုးဆွပေးပေမယ့် ချစ်တင်းနှီးနှောခြင်းက အားလုံး သိမ်းကျုံး အကျိုးဖြစ်စေပါတယ်။

Healthcare.com.mm

Credit: Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18