Print

လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများ

  16-Jul-2018
Preview Image


သက်ငယ်မုဒိမ်းမှု၊ အမျိုးသမီးများကိုလိင်ပိုင်းဆိုင်ရာ အဓ္ဓမကျင့်မှု၊ ထိကပါးရိကပါးပြုမှု၊ လူကုန်ကူးမှု စတာတွေဟာ ပတ်ဝန်းကျင်တွင် ကြားနေရသော ပြဿနာများဖြစ်ပါတယ်။

- အားနည်းသူ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လုံခြုံမှုကဘယ်မှာလဲ?

- အနိုင်ကျင့်ခံရတဲ့ သူတို့တွေမှာရော ဘယ်လောက်တောင်မှ စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်သွားနိုင်ပါသလဲ?

- အဲဒီလိုတွေ မဖြစ်ရအောင် ဘာတွေလုပ်ကြမှာလဲ?

 

လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများတွင်

- သဘောတူညီမှု မပေးနိုင်သည့် သူများထံမှ မည်သည့်နည်းလမ်းဖြင့်မဆို ကာမရယူခြင်း ( သဘောတူညီမှု မပေးနိုင်သည့် သူဆိုသည်မှာ အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ သူများနည်းတူမလှုပ်ရှားနိုင်ဘဲ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းချို့တဲ့နေသူများ၊ သတိမေ့ သို့မဟုတ် အသိစိတ်ပျောက်နေသူများ အားလုံးအကျုံးဝင်ပါတယ်)

- မုဒိမ်းကျင့်ခြင်း

- မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်ခြင်း

- ခြိမ်းခြောက်၍ ကာမရယူခြင်း(ခြိမ်းခြောက်ခြင်းဟုဆိုရာတွင် ကိုယ်ထိလက်ရောက်သာမက မျက်နှာအမူအရာဖြင့် သော်လည်းကောင်း၊ စကားဖြင့်သော်လည်းကောင်း ခြိမ်းခြောက်ခြင်းများလည်း ပါဝင်ပါတယ်)

- သက်ငယ်မုဒိမ်းမှု၊ ကြံစည်အားထုတ်မှု

- မိသားစုဝင်အချင်းချင်းထဲမှသော်လည်းကောင်း၊ ဆွေမျိုးတော်သူတစ်ဦးတစ်ယောက်၏ မုဒိမ်းပြုခံရမှု

- သဘောတူညီမှုမပါဘဲ အရှက်နေရာများကို ထိတွေ့ကိုင်တွယ်ခံရခြင်းများ အားလုံးအကျုံးဝင်ပါတယ်

 

ထိုကဲ့သို့လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခံရသောသူများတွင် ကျန်းမာရေးဆိုးကျိုးများအနေဖြင့် -

- မကြာခဏခေါင်းကိုက်သည့်ဝေဒနာခံစားရခြင်း

- နှိပ်စက်ခံထားရသည့်နေရာမှာ နှစ်ပေါင်းများစွာကြာသည့်တိုင်နာကျင်နေခြင်း

- အိပ်၍ မပျော်ခြင်း

- ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးထိခိုက်ခြင်း

- အချိန်တိုင်းစိုးရိမ်ပူပန်နေရခြင်း၊ အရာရာကိုကြောက်လန့်နေခြင်း

- မူးယစ်ဆေး၊ အရက်စွဲသွားနိုင်ခြင်း

- စိတ်ဓာတ်ကျခြင်း

- လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများဖြစ်ပွားခြင်း

- ကိုယ်ဝန်ရသွားနိုင်ခြင်း

- မိမိကိုယ်ကို ထိခိုက်အောင်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်ခြင်း

 

ဒါတွေမဖြစ်ရအောင် -

- တစ်ယောက်တည်းသွားလာခြင်းကို ရှောင်ကြဉ်ပါ။ (မိဘများအနေဖြင့် သားသမီးများကို တစ်ယောက်တည်းစေလွှတ် ခိုင်းစေခြင်းများကို ရှောင်ကြဉ်ပါ)

- မိမိဖုန်းထဲတွင် အရေးပေါ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များ၊ Text message စာသားများ (အရေးပေါ် မက်ဆေ့စ်ပို့ပြီးအကူအညီ တောင်းခံလို့ရသည့် စာသားများကို ထည့်ထားပါ)

- သူငယ်ချင်းများ၊ မိသားစုများမှ မိမိကိုရှာနိုင်သည့် Application ကိုုဖုန်းထဲတွင်ထည့်ထားပါ။

- မသိတဲ့သူတစ်ယောက်မှကျွေးသော အစားအသောက်များကို အလွယ်တကူ မစားပါနှင့်။

- သင်စိတ်ကို သင်ယုံကြည်ပါ(ဆိုလိုသည်မှာ မိမိစိတ်ထဲတွင် အဆင်မပြေဖြစ်နေသောပတ်ဝန်းကျင်၊ အခြေအနေတွင် ဆက်မနေပါနှင့်။ ထိုနေရာမှာထွက်လာလိုက်ပါ။ ဥပမာ ဘတ်စ်ကားပေါ်တွင် ဆိုရင်လည်းကားပေါ်မှ ဆင်းလာလိုက်ပါ။ အကယ်၍ ဘာမှလုပ်လို့မရသည့် အခြေအနေဖြစ်ပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရန်မရှက်ပါနှင့်)

- မိမိသွားလာနေသည့် ပတ်ဝန်းကျင်ကို အမြဲအကဲခတ်ပါ။

- မိမိကိုယ်ကို ခုခံကာကွယ်နိုင်သည့် ပစ္စည်းတစ်ခုခုကို အမြဲဆောင်ထားပါ။

 

အမျိုးသမီးများနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာညှင်းပမ်းနှိပ်စက်မှုများလျော့နည်းသွားစေရန် ရည်ရွယ်ပါသည်။

Dr.Moon (7887 Healthcare Call Center)

Ref; Medline Plus



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18