Print

အသည်းမာ အသည်းခြောက်ခြင်း

  04-Oct-2018
Preview Image

ဘာကြောင့်ဖြစ်ရတာလဲ

• အရက်သောက်ခြင်း

• အသည်းရောင်ရောဂါဗိုင်းရပ်စ်များ B နှင့် C

• အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုန်းခြင်း

• ခုခံအားစနစ်ယိုယွင်းမှုဆိုင်ရာ ရောဂါများ

• အသည်းခြေလမ်းကြောင်းဆိုင်ရာ ရောဂါများ

• မျိုးရိုးဗီဇ

• နာတာရှည် သွေးပြန်ကြောပိတ်ဆို့ခြင်း

• ဇာစ်မြစ် အတိအကျမရှိခြင်း


ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်သလဲ

• အသည်းကြီးလာခြင်း

• အသားဝါခြင်း

• ရေဖျဉ်းစွဲခြင်း (ဝမ်းဗိုက်အတွင်း ရေစုခြင်း)

• လက်ဖဝါးနီရဲလာခြင်း

• အရေပြားပြာနှမ်းခြင်း

• အရေပြား၌ ပင့်ကူသဏ္ဍာန် သွေးကြောငယ်များ တွေ့ရခြင်း

• လိင်ဆန္ဒကုန်ခမ်းခြင်း

• ဆံပင်ကျွတ်ခြင်း

• အမျိုးသမီးများ၌ ရင်သားထွက်လာခြင်း 

• ဝှေးစေ့ သေးသိမ်လာခြင်း

• ပန်းသေ၊ ပန်းညှိုးခြင်း

• အမျိုးသမီးများတွင် ရင်သားသိမ်လာခြင်း

• မီးယပ်သွေး ကမောက်ကမဖြစ်ခြင်း

• မီးယပ်သွေးထိမ်ခြင်း

• နှာခေါင်းသွေးယိုခြင်း၊ အရေပြား၌ အနီအစက်အပြောက်ပေါ်ခြင်း၊ သွေးခြည်ဥခြင်း

• ဘေလုံးကြီးခြင်း

• ဝမ်းဗိုက်၌ သွေးကြောများ ထင်ရှားစွာပေါ်လာခြင်း

• အရေပြားအရောင်အသွေး ပျက်ယွင်းခြင်း

• ခြေချောင်း၊ လက်ချောင်းထိပ်၌ တင်းပုတ်သဏ္ဍာန်ဖြစ်ခြင်း

• လက်ချောင်းများ ကွေးလာခြင်း 

• ဦးနှောက်ယိုယွင်းခြင်း


ဘယ်လိုကုရမလဲ

• ရောဂါဇာစ်မြစ်ကို ရှာဖွေဖော်ထုတ် ဖယ်ရှားရမည်။

• အာဟာရပြည့်ဝအောင် ဆောင်ရွက်ပေးရမည်။

• ဖြစ်ပေါ်လာသော နောက်ဆက်တွဲအရှုပ်အထွေးများကို ကုသပေးရမည်။

• လိုအပ်ပါက အသည်းအစားထိုး ကုသရမည်။


Credit:

ဒေါက်တာအေးကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18