Print

ကိုယ်ဝန်ဆောင်နှင့် သွေးအားနည်းရောဂါ

  15-Jun-2018
Preview Image


          အသက်ငယ်လွန်းတဲ့ ကိုယ်ဝန်ဆောင်များ၊ အသက်ကြီးလွန်းတဲ့ မိခင်များ၊ ကလေးအများအပြား မွေးဖွားထားတဲ့မိခင်၊ ကိုယ်ဝန်ဆောင်များ ကိုယ်တွင်းရောဂါအခံရှိတဲ့ ကိုယ်ဝန်ဆောင်များ၊ အာဟာရပြည့်ဝစွာ မစားသုံးနိုင်တဲ့ ဆင်းရဲသူ၊ ဆင်းရဲသားများ စသူတို့ဟာ ဒီအန္တရာယ်ကို ကြုံကြရလေ့ရှိပါတယ်။ သံဓာတ်ချို့တဲ့ပြီဆိုတာနဲ့ မောပန်းလွယ်ခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကိုယ်အမူအရာ ပြောင်းလဲခြင်း၊ Leaming Disabilites ခေါ်တဲ့ သင်ကြားမူစွမ်းရည်များပင် လျော့နည်းလာခြင်းတို့ ကြုံရတတ်ကြောင်း သိရပါတယ်။



          ကိုယ်ဝန်ဆောင်စဉ် မိခင်နှင့်သန္ဓေသားတို့ကို အချင်းနဲ့ ဆက်သွယ်ပေးထားပါတယ်။ မိခင်ထံမှ သွေးအစာအာဟာရများဟာ ကလေးငယ်ထံသို့ အဲဒီအချင်းကနေ သွားရပါတယ်။ တခြားလိုအပ်တဲ့ ပစ္စည်းများပို့ပေးမှု၊ မလိုအပ်တဲ့ အညစ်အကြေးများ စွန့်ပစ်မှု စတာတွေကိုလည်း ဒီအချင်းကနေပဲ ပေးပို့ဆက်သွယ်ပေးရပါတယ်။ ဒီလိုနည်းနဲ့ မိခင်ရဲ့ ဝမ်းကြာတိုက်ထဲက သန္ဓေသား ကလေးငယ်လေးဟာ တဖြည်းဖြည်း ကြီးထွားလာရပါတယ်။ ကလေးငယ် သန္ဓေသားလေးအတွက် အစစအရာရာ အချိန်ကိုက်ဖွံ့ဖြိုးဖို့က အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်တည်ဆောက်ရာမှာ အဓိကလိုအပ်တာက “သံဓာတ်” ဖြစ်ပါတယ်။ သံဓာတ်ကို အခြေခံပြီး သွေးနဲ့သွေးအဖွဲ့အစည်းကို တည်ဆောက်ရတာဖြစ်ပါတယ်။


          သံဓာတ်ကို အစားအစာများမှ အဓိကရရှိနိုင်ပါတယ်။ အသည်း၊ အသား၊ ပင်လယ်စာ၊ ဥများ၊ ပဲတောင့်များ၊ အသီးအနှံများ၊ သစ်သီးခြောက်များ၊ အစေ့အဆံများ၊ အစိမ်းရောင်အရွက်များ၊ အစေ့များမှရရှိနိုင်ပါတယ်။ နေ့စဉ်သံဓာတ်လိုအပ်ချက်က အမျိုးသား 8mg၊ အမျိုးသမီး  18mg (19-50 year), 8mg 51+ အလွန်ဆုံး (Upper Limit) က 45mg ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အသက် ၁၉ နှစ်ကနေ ၅၀ နှစ်အထိ 8mg, ၅၁ နှစ် အထက်ကိုတော့ 8mg ခန့်သာ လိုအပ်သဘောတွေ့ရပါတယ်။



          သံဓာတ်ဟာ ကိုယ်ဝန်ဆောင်အတွက် အထူးလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ မိခင်ရဲ့ ကြံ့ခိုင်ရေး၊ ကောင်းစွာမွေးဖွားနိုင်ရေးအတွက် ကလေးငယ်သန္ဓေသားလေး ကျန်းကျန်းမာမာ အင်္ဂါစုံစုံနဲ့ နေ့စေ့လစေ့ မွေးဖွားနိုင်စေဖို့ အရေးတကြီး လိုအပ်တဲ့ဓာတ်ပဲဖြစ်ပါတယ်။ သံဓာတ်များကို Microminerals များလို့ခေါ်ပါတယ်။ Trace ခေါ် ပမာဏ နည်းနည်းလေးသာ လိုအပ်တာမို့ Trace Element များလို့လည်း ခေါ်ပါတယ်။ သံဓာတ်၊ ဇင့် (သွပ်) ဓာတ်၊ အိုင်အိုဒင်း၊ ခရိုမီယမ်၊ စီလီနီယမ်၊ မန်းဂနိ(စ်) Mananase ၊ ကိုဘော့ Gbalt ၊ ဖလိုရင်း Fluorine ၊ ကော့ပါးခေါ် ကြေးနီဓာတ် Copper ၊ မောလစ်ဒီနမ် Folydenum စတာတွေဟာ Element များဖြစ်ကြပါတယ်။



          လူတစ်ယောက် သံဓာတ်ပါဝင်မှုက သုံးဂရမ်မှ ငါးဂရမ်မျှ ရှိပါတယ်။ သံဓာတ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအားဖြင့် သွေးများမှာ သွေးနီဥများအဖြစ် အဓိကပါဝင်ဖွဲ့စည်းထားရပါတယ်။ သွေးနီဥ Red Blood Cells များမှာ သံဓာတ်ဟာ အဓိက ပါဝင်ဖွဲ့စည်းရတဲ့ ပစ္စည်းဖြစ်ပါတယ်။ သံဓာတ်နဲ့ ပတ်သက်ပြီး တခြား စိတ်ဝင်စားစရာကောင်းတာက ကြွက်သားများထဲမှာ ပါဝင်ခြင်းဖြစ်ပါတယ်။ ကြွက်သားများမှာ Myoglobin မိုင်အိုဂလိုဘင်အဖြစ် ပါဝင်ပါတယ်။ လူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအတွက် သံဓာတ်ဟာ အရေးကြီးလိုအပ်ချက်လည်း ဖြစ်ပါတယ်။ ကြွက်သားများ လှုပ်ရှားနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့ ရှင်သန်ကြီးထွားနိုင်ဖို့အတွက် အထူးလိုအပ်ပါတယ်။ Myoglobin များဟာ ကြွက်သားများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိဖို့ သယ်ပို့ပေးရ၊ မလိုအပ်တဲ့ ပစ္စည်းများကို ပြန်လည်ထုတ်ယူ စွန့်ပစ်ပေးဖို့ လုပ်ပေးရပါတယ်။ ကိုယ်ဝန်ဆောင်များ၊ ကာယလုပ်အားရှင်များ၊ အားကစားသမားများအတွက် အထူးလိုအပ်ပါတယ်။


          သံဓာတ်ဟာ လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးလိုအပ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း မှတ်သားပြီး လိုအပ်သလို ဆောင်ရွက်သင့်ပါတယ်။

 

Credit: ဒေါက်တာမြင့်သန်း (ညောင်လေးပင်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18