Print

သွားဖုံးသွေးယိုခြင်း

  04-Jun-2018
Preview Image


          သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာလျှံကာ ဖြစ်နိုင်သလို Gum disease သွားဖုံးရောဂါရှိနေတာလည်း ဖြစ်နိုင်တယ်။ ခဏခဏသွေးယိုရင် Leukemia (လူကီးမားယား) သွေးကင်ဆာ၊ Bleeding and Platelet disorders သွေးယိုရောဂါတွေကို သံသယရှိဖို့လိုတယ်။

          Inadequate plaque သွားနံ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ Gingivitis ဆိုတဲ့ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲ ထားတာတွေက Tartar ဆိုတာ ဖြစ်လာပြီး ကြာရင် သွေးယိုမယ်။ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောက်တာ ဖြစ်လာနိုင်တယ်။

 

အခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။

·         သွေးယိုတတ်သူ

·         သွေးလွန်တုပ်ကွေး

·         သွားတိုက်တာ ကြမ်းတမ်းတာ

 

ကိုယ်ဝန်ရှိစ ဟော်မုန်းအပြောင်းအလဲကြောင့် -

·         သွေးရောဂါတစ်မျိုး

·         သွားတုတပ်တာ အထာမကျ

·         သွား သန့်ရှင်းရေးလုပ်တာ မမှန်ကန်

·         ရောဂါပိုးဝင်တာ

·         လူကီးမီးယား

·         ဗီတာမင် စီ နည်း (စကာဗီ) ရောဂါ

·         ဗီတာမင် ကေ နည်းနေသူ

·         သွေးကျဲဆေး သောက်နေရသူ

 

Blood CBC သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန်နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂ မိနစ်မှ ၉ မိနစ် Clotting time = ၅ မိနစ်မှ ၈ မိနစ်၊ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver Failure, Uremia, Congenital Afibrinogenemia, Factor V Deficiency နဲ့ Factor X Deficiency သွေးရောဂါတွေ မဟုတ်တာ ဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။

 

အကြံပြုချက်

·         Plaque removal အတွက် သွားဆရာဝန်နဲ့ ခြောက်လတစ်ခါ ပြသင့်တယ်။

·         သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံရွေးတာ မပျော့လွန်း၊ မမာလွန်းတာ ရွေးပါ။

·         အစာစားပြီး တိုက်တဲ့အကျင့်က ကောင်းတယ်။

·         ခံတွင်းသန့်ပေးဖို့ ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင် - ပါအောက်ဆိုဒ်) ကောင်းတယ်။

·         ကြေညာပြီးရာင်းတဲ့ ပါးစပ်ဆေး ဆေးရည်ထဲမှာ Alcohol ပါတာ မကောင်းပါ.

·         သွားကို Flossing တစ်ပတ် နှစ်ခါလုပ်ပါ။

·         သရေစာ ခဏခဏ စားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။

·         အချိုလျှော့စားတာ ကောင်းတယ်။

·         ဗီတာမင် စီ နဲ့ ကေ မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။

·         ကယ်လ်စီယမ် သောက်တာလည်း သွေးယိုတာအတွက် အထောက်အကူ ပြုတယ်။

·         ဆေး၊ ဆေးလိပ် မကောင်းပါ။

·         Aspirin (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။

·         သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါလို့ ပြောချင်ပါတယ်။

 

Credit: ဒေါက်တာတင့်ဆွေ

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18