Print

နှလုံးရောဂါ ဖြစ်ပွားနေသူများ စားသုံးသင့်သော အစားအစာများ

  04-May-2018
Preview Image

နှလုံးရောဂါခံစားနေရသူတွေဟာ အစားအသောက်၊ လူမှုနေထိုင်မှုဂရုစိုက်ရန် အရေးကြီးပါတယ်။ ဒီထဲကမှ ဘယ်အစားအစာတွေက စားသုံးသင့်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါမယ်။ 



၁။ ဟင်းနုနယ်


 ဟင်းနုနယ်က နှလုံးရောဂါဖြစ်ပွားခြင်းမှ ရပ်တန့်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို အထောက်အကူလည်း ပြုပါတယ်။ ရောဂါခံစားနေရသူများ စားသုံးလျှင်လည်း ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။


၂။ ခရမ်းချဉ်သီး


 ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းများက ကိုလက်စထရောကို ကျဆင်းစေပါတယ်။ ကိုလက်စထရောဆိုတာ နှလုံးရောဂါဖြစ်နိုင်စေတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။


၃။ ပဲဝါ


 ပဲဝါမှာ အမိုင်နိုအက်စစ်များကြွယ်ဝစွာပါဝင်ပါတယ်။ ပဲဝါက နှလုံးရောဂါကို ကြိုတင်ကာကွယ်နိုင်တဲ့ အစားအစာများထဲက တစ်ခုလည်းဖြစ်ပြီး ကိုလက်စထရောကိုလည်း လျော့ကျစေပါတယ်။


၄။ ဂဏန်း


 ဂဏန်းထဲမှာ ကယ်လ်ဆီယမ်၊ ကြေးဝါ၊ ဇင့်ဓါတ်နဲ့ ပရိုတင်းဓါတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ စားသုံးပေးခြင်းဖြင့် သွေးတိုးကိုကျဆင်းစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။ 


၅။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ


 ကြက်သွန်ဖြူ။ ကြက်သွန်နီ စားပေးပါက နှလုံးရောဂါကြောင့် အန္တရာယ်ဖြစ်ပွားမယ့် အခြေအနေများကို မဖြစ်စေရန်လျှော့ချပေးနိုင်ပါတယ်။ သွေးကြောမာခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ 


၆။ အာလူး


 အာလူးထဲတွင် ဗီတာမင်စီ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ သံဓါတ်တို့ကြွယ်ဝစွာပါဝင်ပါတယ်။ အထူးသဖြင့် ပိုတက်စီယမ်ဓါတ်ကြွယ်ဝတဲ့အတွက် များများရစေရန် အာလူးကို မကြာခဏစားပေးပါ။ ပရိုတင်းဓါတ်နဲ့သတ္တုဓါတ်များကို ပြန်လည်ဖြည့်တင်းပေးပြီး နှလုံးရောဂါဖြစ်ခြင်းကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ 


၇။ တရုတ်နံနံ


 တရုတ်နံနံစားပေးပါက နှလုံးသွေးကြောများ၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေရန် ပြုပြင်ပေးနိုင်ပါတယ်။ တရုတ်နံနံအရိုးနှင့်အရွက်တွင် အရွက်ကိုသာ ပိုစားပေးသင့်ပါတယ်။ ဗီတာမင်စီဓါတ်လည်း ကြွယ်ဝစွာပါဝင်ပြီး သုတေသနပြုချက်များအရလည်း တရုတ်နံနံဟာ နှလုံးရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ 


၈။ ပြောင်းဖူး


 ပြောင်းဖူးက သွေးဖိအားကို တည်ငြိမ်စေရန် ကူညီပေးပြီး ကိုလက်စထရောဓါတ်များကိုလည်း လျော့ကျစေပါတယ်။ 


၉။ မြေပဲ


 မြေပဲတွင် နှလုံးရောဂါကို ကြိုတင်ကာကွယ်ပေးတဲ့ဓါတ်များစွာပါဝင်ပါတယ်။ မြေပဲမှာပါဝင်တဲ့ဗီတာမင် အီး က နှလုံးသွေးကြောများတွင် ကပ်နေသော သွေးကြောပိတ်ဆို့စေမည့် အဆီခဲများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ 


၁၀။ ကမာကောင်


 ကမာကောင်ထဲမှာ ဗီတာမင်ဘီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ပရိုတင်းဓါတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ကမာကောင်စားပေးခြင်းဖြင့် အသက်ကြီးသူများတွင် ဖြစ်တတ်သော လေဖြတ်ခြင်း၊ သတိမေ့ခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်ပေးသောကြောင့် အဝလွန်သူများ စားသုံးပေးသင့်ပါတယ်။


 ၁၁။ အုတ်ဂျုံ


 မနက်စောစောတွင် အုတ်ဂျုံ၊ ကွေကာတစ်ပန်းကန် စားပေးပါ။ ဖောလစ်အက်ဆစ်ဓါတ်နှင့် ပိုတက်ဆီယမ်ဓါတ်များ ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ 


၁၂။ သံလွင်ဆီ


 သံလွင်ဆီက ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့အဆီဓါတ်များကို လျှော့ချပေးနိုင်ပါတယ်။ စားသုံးနိုင်သော သံလွင်ဆီကို အသုံးပြုပြီး ဟင်းချက်ရာမှာထည့်သွင်း စားသုံးပေးနိုင်ပါတယ်။ 


၁၃။ နှမ်းနက်


 နှမ်းနက်စားပေးပါ။ နှမ်းနက်က နှလုံးသွေးကြောများကို ကောင်းမွန်စေ၍ နှလုံးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ 


၁၄။ ဗာဒံစေ့


 စားသုံးနိုင်သော ဗာဒံစေ့ဟာ နှလုံးရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်လည်း အဆမတန်အကျိုးပြုနိုင်ပါတယ်။


ဒေါက်တာကောင်း

Credit:ယမုံအေး(စမ်းချောင်း)၊ အလှအပနှင့်ကျန်းမာရေးမဂ္ဂဇင်း၊ No.128,September, 2017.



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18