Print

စိတ်ကျန်းမာရေး

  09-Oct-2018
Preview Image

ကျွန်တော်တို့အားလုံးမှာ ကိုယ်ကျန်းမာရေးရှိ သလို၊ စိတ်ကျန်းမာရေးလည်းရှိပါတယ်။ စိတ်ကျန်းမာရေးမှာ စိတ်ခံစားမှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေပါဝင်နေပြီး အဲဒါတွေက ကျွန်တော်တို့ တွေးတောမှု၊ ခံစားမှု၊ ပြုမူဆောင်ရွက်မှု ဆိုတာတွေအပေါ် အကျိုးသက် ရောက်မှုရှိပါတယ်။


အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြသနာများ

စစ်တမ်းတွေအရ အင်္ဂလန်နိုင်ငံက အရွယ်ရောက်ပြီးလူ လေးယောက်မှာ တစ်ယောက်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့လေ့ရှိတယ်လို့ ဆိုပါတယ်။ ဥရောပမှာတော့ တစ်နှစ်ကို လူပေါင်း ၈၃ သန်းခန့်ဟာ စိတ်ကျန်းမာရေးပြသနာတွေနဲ့ ကြုံတွေ့ နေရပါတယ်။ ရွိုင်ရယ်ကောလိပ်က စိတ်ကျန်းမာရေး ပါရဂူများရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ အဖြစ်များတဲ့စိတ်ကျန်းမာရေး ပြသနာများကို ယခုလိုဖော်ပြထားပါတယ်


စိုးရိမ်ကြောင့်ကြမှု (Anxiety)

 စိုးရိမ်ကြောင့်ကြမှုမှာ မပြေလည်မှု၊ ပူပန်မှုနဲ့ အကြောက်တရားတို့ပါဝင်ပါတယ်။ အဲဒီစိတ်ဟာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကို အမြဲသက်ရောက် နေပါတယ်။ 


အတက်အကျပြသနာ (Bipolar disorder)

ဒီပြသနာဖြစ်တဲ့သူတွေဟာ စိတ်အား တက်ကြွခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့ကို ခနခန ခံစားရသူတွေဖြစ်ပါတယ်။ တက်လွယ် ကျလွယ်ရှိတဲ့ သူတွေလို့ ဆိုရပါမယ်။ လူအယောက် ၁၀၀ မှာ ၁ ယောက်ဟာ အဆိုပါ စိတ်ကျန်းမာရေးပြသနာကို ခံစား နေရပါတယ်။ လူဦးရေ (၂၀)ရာခိုင်နှုန်းဟာ သူတို့ ဘဝမှာစိတ်ဓာတ်ကျဆင်းတဲ့ ရောဂါ(Depression) ခံစားနေရပါတယ်။ အသက် ၁၅ နှစ်အရွယ် မိန်းကလေး အယောက် ၁၅၀ မှာ တစ်ယောက်နှုန်းနဲ့၊ ယောကျာ်းလေး အယောက် ၁၀၀၀ မှာ တစ်ယောက်ဟာ ခံတွင်းပျက်ခြင်းဝေဒနာ(Anorexia) ကို ခံစားနေရပါတယ်။       ( ဝလာမှာ ဆိုးတဲ့အတွက် အစားရှောင်ရင်းမှ အန္တရာယ်ရှိလောက်အောင် ကိုယ်အလေးချိန် ကျဆင်းလာတဲ့ ရောဂါဖြစ်ပါတယ်)


စိတ်ကစဉ့်ကလျားဖြစ်ခြင်း ( Schizophrenia)

စိတ်ကစဉ့်ကလျားဖြစ်ခြင်းမှာတော့ စိတ်အာရုံခြောက်ခြားခြင်း၊ လေထင်ယောင်ထင်မှား ဖြစ်ခြင်းနဲ့ ယုံမှားသံသယလွန်ကဲခြင်းတို့ ပါဝင်ပါတယ်။ လူတစ်ယောက်မှာ တစ်ယောက်ဖြစ်လေ့ရှိပါတယ်။


စိတ်ကျန်းမာရေးပြသနာများကို ခွဲခြားခြင်း

          စိတ်ကျန်းမာရေးပြသနာများအတွက် မှန်ကန်တဲ့ ဂရုစိုက်မှု၊ ကုသမှုပေးရန်အတွက် ခွဲခြားသတ်မှတ်ဖို့ လိုပါတယ်။ အဓိကအားဖြင့် အုပ်စုနှစ်ခု ခွဲခြားထားပါတယ်။ မူမမှန်မှု (neurotic) နဲ့ စိတ်ဝေဒနာ (psychotic) တို့ဖြစ်ပါတယ်။  Neurotic လို့ခေါ်တဲ့ စိတ်မူမှန်မှုဟာ ကျွန်တော်တို့ ပုံမှန်ကြုံရလေ့ရှိတဲ့ စိတ်ကျရောဂါ၊ ပူပန်ကြောင့်ကြမှု နဲ့ မိမိကိုယ်ကို မယုံကြည်မှု တွေကို အလွန်အမင်းခံစားနေရခြင်းဖြစ်ပါတယ်။ Psychotic လို့ခေါ်တဲ့ စိတ်ဝေဒနာ အပိုင်းကတော့ လူ ၁၀၀ မှာ ၁ ယောက်ဖြစ်လေ့ရှိပြီး အတွေးအခေါ်တွေ၊ အယူအဆတွေဟာ သဘာဝနဲ့ ဆန့်ကျင်နေတဲ့သူများဖြစ်ပါတယ်။ စိတ်ကစဉ်ကလျား ဖြစ်သူများနဲ့ အတက်အကျမြန်သူများ ပါဝင်ပါတယ်။


စိတ်ကျန်းမာရေးပြသနာဖြစ်စေသောအကြောင်းအရာများ

          အကြောင်းအရာတိတိကျကျကို မသိရတာများပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်ဝန်းကျင်အခြေနေအားလုံုးက စုစည်းသက်ရောက် တာဖြစ်ပါတယ်။ တချို့ စိတ်ဝေဒနာများဟာ မျိုးရိုးလိုက် ဖြစ်လေ့ရှိတယ်လို့ ကျွမ်းကျင်တဲ့ ပညာရှင်များက ဆိုပါတယ်။ ဘဝမှာ ခက်ခက်ခဲခဲကြုံခဲ့ရသူတွေလည်း စိတ်ကျန်းမာရေးပြသနာတွေကို ခံစားရလေ့ရှိပါတယ်။

-       ကလေးဘဝတုန်းက အနိုင်ကျင့်ခံရမှု၊ ထိခိုက် ဒဏ်ရာရရှိမှုနဲ့ ပစ်ပယ်ခံရမှု

-       အသိုင်းဝိုင်းရဲ့ စွန့်ပစ်ခြင်းကိုခံရမှု

-       ခွဲခြားဆက်ဆံခံရမှု၊ အမည်းစက် ထင်ကျန်မှု

-       မိမိနဲ့ နီးနီးကပ်ကပ်နေသူတစ်ယောက် သေဆုံးမှု

-       ဆိုးရွားတဲ့ ဖိအားတွေကို ကြာရှည်စွာခံစားရမှု

-       အလုပ်လက်မဲ့ ဖြစ်မှု

-       ဆင်းရဲမွဲတေမှု၊ အကြွေးဖိစီးမှု

-       အိမ်ခြေယာမဲ့ဖြစ်မှု စတဲ့အကြောင်းအရာတွေဟာ စိတ်ကျန်းမာရေး ပြသနာဖြစ်ပေါ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။


ကုသမှုခံယူခြင်း

စိတ်ကျန်းမာရေးပြသနာခံစားနေရသူများအတွက် အဓိက ကုသမှုမှာ ပြောဆို ဆွေးနွေးခြင်း ဖြစ်ပါတယ်။ စိတ်းကျန်းမာရေးပါရဂူ (သို့မဟုတ်) စိတ်ပညာရှင် (သို့မဟုတ်) ကျွမ်းကျင်သူ တစ်ဦးဦးအား မိမိခံစားနေရသော ပြသနာများကို ဖွင့်ဟ ဆွေးနွေး တိုင်ပင်ခြင်းက ဦးစွာလုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်။

                                                                                                          

Ref; www.bbc.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18