Print

စိတ်ဖိစီးမှုကြောင့် အရေပြားမထိခိုက်စေရန်

  20-Jul-2018
Preview Image


စိတ်ဖိစီးမှုကြောင့် အရေပြားထိခိုက်မှု မရှိစေဖို့ အကောင်းဆုံးနည်းလမ်းက စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ လိုပါတယ်။

 

၁။ စိတ်ဖိစီးမှု လျှော့ချနိုင်သော နည်းလမ်းများကို အသုံးပြုပါ

စိတ်ဖိစီးမှုတွေနဲ့ ထိုင်ငိုင်မနေပါနဲ့။ ရေချိုးတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာတွေ ပြုလုပ်ပေးတာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေပါ။

 

၂။ အရေပြားရောဂါများ ခံစားရခြင်း

စိတ်ဖိစီးမှုများတာက ဆိုရီယေးစစ်၊ နှင်းခူနဲ့ အရေပြားပေါ်မှာ အနီစက်ဖြစ်တာစတဲ့အရေပြားပြဿ နာဖြစ်ပွားတတ်ပါတယ်။

 

၃။ အရေပြားသန့်စင်မှုများပြုလုပ်ရန် ပျက်ကွက်ခြင်း

စိတ်ဖိစီးမှုများတဲ့အခါ အလှပြင်ချင်စိတ်တွေ မရှိတော့သလို အရေပြားသန့်ရှင်းရေး ပြုလုပ်ဖို့လည်း အချိန်မပေးဖြစ်တော့ပါဘူး။ စိတ်ဖိစီးမှုများတာကြောင့် အသားအရေထိခိုက်မှုတွေ ရှိနေတဲ့အပြင် အရေပြားသန့်ရှင်းရေးလုပ်ဖို့လည်း အချိန်မပေးတာကြောင့် သင့်အသားအရေ ပျက်စီးမှုတွေ ဖြစ်တတ်ပါတယ်။

 

၄။ အရေပြားထိန်းသိမ်းမှုကို လျစ်လျူမရှုပါနှင့်

စိတ်ဖိစီးမှုများနေတယ်ဆိုပြီး အသားအရေထိန်းသိမ်းမှုတွေကို မလုပ်ဘဲမနေပါနဲ့။

 

၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်း ပုံမှန်လုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့အပြင် သွေးလှည့်ပတ်မှု ကောင်းမွန်တာကြောင့် အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။

 

၆။ ခဏ အနားယူပါ

စိတ်ဖိစီးမှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေကြောင့် ထိုင်ပြီး စိတ်ညစ်နေတာမျိုးက အကျိုးမရှိနိုင်ပါဘူး။ အဲဒါတွေနဲ့ ဝေးရာမှာ ခဏလောက်တော့ အနားယူဖို့လိုပါတယ်။ အလုပ်တွေများလွန်းလို့ ခဏလောက်တောင် အနားယူဖို့အချိန်မပေးနိုင်ဘူးဆိုရင်တော့ စိတ်ဝင်စားစရာစာအုပ်ကို ၁၀ မိနစ်လောက် အချိန်ပေးပြီး ဖတ်လိုက်တာကလည်း စိတ်ဖိစီးမှုကို လျှော့ချရာရောက်ပါတယ်။

 

၇။ လမ်းထလျှောက်ပါ

အလုပ်တွေရှုပ်ပြီး စိတ်ဖိစီးမှုတွေ များနေခဲ့ရင် သင့်အိမ်ပြန်တဲ့အခါ အိမ်နားမှာ ခဏလောက် လမ်းပတ်လျှောက်ပြီးမှ အိမ်ထဲဝင်ပါ။

 

၈။ အိပ်ရေး၀၀ အိပ်စက်ပါ

စိတ်ဖိစီးမှုများလို့ မအိပ်စက်နိုင်ဘဲ ဖြစ်နေပါသလား။ တစ်ညကို ၇-၈ နာရီလောက်တော့ အချိန်ပေးပြီး အိပ်စက်ပါ။

 

Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18