Print

စိတ်ပျော်ရွှင်အောင် နေထိုင်နည်းများ

  29-Jun-2018
Preview Image


          နေ့စဉ်နေထိုင် ရှင်သန်ရုန်းကန်ရသည်မှာ လွန်စွာပင်ပန်းလှပါတယ်။ ကျောင်းသား ကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်နေသော အမျိုးသား၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ စိတ်ပျော်ရွှင်မှု ရရှိစေဖို့က လွန်စွာမှ အရေးကြီးပါတယ်။ ဒါမှ လုပ်ငန်းဆောင်တာများကို စိတ်ပျော်ရွှင်စွာ၊ အေးချမ်းစွာ လုပ်နိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုနည်းမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အန်ဒေါ်ဖင်းလို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထွက်စေတဲ့နည်းတွေဆိုရင်လည်း မမှားနိုင်ပါ။ ဒါဟာ မူးယစ်ဆေးဝါးကို အပြင်မှ သုံးစွဲရတဲ့ ပစ္စည်းမဟုတ်တဲ့အတွက် အန္တရာယ်ကင်းလှပါတယ်။

 

၁။ အစားအသောက်

          တစ်ခါတလေ အပူအစပ်များ၊ စားလိုက်ခြင်းဟာလည်း စိတ်ထွက်ပေါက်ပေးရာ ရောက်ပါတယ်။ အစာအိမ်ရောဂါ ရှိသူတွေကတော့ အလွန်အကျွံ မစားသင့်ပါဘူး။ ကော်ဖီတစ်နေ့တစ်ခွက်မှ သုံးခွက်သောက်ခြင်းဟာလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ သို့သော် ညနေပိုင်း၊ ညပိုင်းများတွင် ကော်ဖီမသောက်သင့်ပါ။ ချောကလက်အနည်းငယ် စားခြင်းဖြင့်လည်း သွေးလှည့်ပတ်မှုကောင်းပြီး နှလုံးကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဝိုင်သောက်ခြင်းသည်လည်း အထိုက်အလျောက် စိတ်ဖိစီးမှုနည်းပြီး စိတ်ပျော်ရွှင်မှု ပေးနိုင်ပါတယ်။

 

၂။ တရားမှတ်ခြင်း ယောဂကျင့်ခြင်း

          တစ်နေ့တာကို အနည်းဆုံး ငါးမိနစ် ၁၀ မိနစ်ခန့် အချိန်ပေးသင့်ပါတယ်။ အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းများသည် စိတ်ဖိစီးမှုကို အလွန်ပင်လျော့နည်းစေပါတယ်။ တရားမှတ်ခြင်းအားဖြင့်လည်း ဦးနှောက်မှ စိတ်အေးချမ်းသာပါတယ်။ ဒီ့အပြင် နေ့စဉ် အလုပ်တွေလုပ်ရာမှာလည်း မှတ်ဉာဏ်ကောင်းလာခြင်း၊ စိတ်အေးချမ်းပြီး အလုပ်တွင်ကျယ်ခြင်းစတဲ့ အကျိုးတရားတွေ ရလာမှာဖြစ်ပါတယ်။

 

၃။ အချစ်များ မျှဝေခြင်း

          မှန်ပါတယ်။ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေထိုင်ရတာဖြစ်တဲ့အတွက် အထီးကျန်တဲ့ ဝေဒနာတွေ ဖြစ်လာလျှင် စိတ်ပျော်ရွှင်နိုင်မည် မဟုတ်ပါ။ အတူတူနေလျက်ပင် အချင်းချင်း အမြင်မကြည်လျှင် အထီးကျန်နေရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အချင်းချင်းနားလည်ပေးခြင်း၊ အချစ်များမျှဝေခြင်းသည် မိဘနှင့်သားသမီး၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊ ချစ်သူအားလုံးနှင့် အဆင်ပြေမှု ဖြစ်စေသလို စိတ်ကိုလည်း ချမ်းမြေ့စေပါသည်။ ချစ်သောမျက်စိဖြင့် နားလည်ပေးခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ လက်ခံနိုင်ခြင်းတို့မှာ လွန်စွာအရေးကြီးလှပါတယ်။

 

၄။ လည်ပတ်ခြင်း

          တစ်ခါတလေ အလုပ်ခွင်မှ ခဏနားပြီး ခရီးထွက်လိုက်တာလည်း စိတ်ထွက်ပေါက် ပေးနိုင်ပါတယ်။ သူငယ်ချင်းများဖြင့် မိမိအခက်အခဲများကို ပြောပြခြင်း၊ စကားစမြည်းပြောခြင်း၊ ဈေးဝယ်ထွက်ခြင်းတို့ဟာလည်း စိတ်ထွက်ပေါက်ကို များစွာပေးနိုင်ပါတယ်။ မိမိလုပ်ရမယ့် အလုပ်တွေကို ခဏမေ့ထားပြီး အသက်ရှူချောင်နေနိုင်ပါတယ်။

၅။ အနှိပ်ခံခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းနှင့် ရနံ့ကုထုံးများ အနှိပ်ခံပေးခြင်းဖြင့် ကိုယ်ခန္ဓာ ကြွက်သားတွေကို ပြေလျှော့စေသလို ိ အမြောက်အများ ထွက်စေပါတယ်။ ရေနွေးဖြင့်ရေချိုးခြင်းဟာလည်း အလှည့်အပြောင်းဖြစ်သလို စိတ်ပြေပျောက်စေပါတယ်။ ရောင်ရမ်းတဲ့ ရောဂါရှိတဲ့ သူတွေတော့ မချိုးသင့်ပါ။ ရနံ့ကုထုံးကလည်း လွန်စွာအလုပ်ဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ မိမိကြိုက်နှစ်သက်သော ရနံ့များ ရှူရှိုက်ခြင်းဟာ ပျော်ရွှင်စေတဲ့ ဟေ်ာမုန်းတွေကို ထွက်စေပါတယ်။

 

၆။ အားလပ်ချိန်များတွင် မိမိဝါသနာပါရာများ ပြုလုပ်ခြင်းဆိုတာ မိမိလုပ်ချင်တာ လုပ်နေရလျှင် ပျော်နေတတ်ပါတယ်။ အားလပ်ချိနတွင် သီချင်းနားထောင်ခြင်း၊ ဂီတသံများ နားထောင်ခြင်း၊ သီချင်းဆိုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်း စသဖြင့် မိမိစိတ်ပါရာ ပြုလုပ်နိုင်ပါတယ်။ သစ်ပင်များစိုက်ခြင်း၊ မိမိအဖော်ဖြစ်သော အိမ်မွေးတိရစ္ဆာန်များဖြင့်လည်း စိတ်ပျော်ရွှင်မှု ရှာနိုင်ပါတယ်။

 

၇။ အနားယူခြင်း၊ အိပ်စက်ခြင်း

          ကောင်းစွာ အနားယူ့ခြင်းဟာ ဦးနှောက်ကို လွန်စွာ အနားရစေပါတယ်။ ဒါ့အပြင် နိုးထနေချိန်မှလုပ်တဲ့ဲ အလုပ်အကိုင်တွေကို သေချာစဉ်းစားနိုင်တာမို့ ကောင်းစွာ အနားယူခြင်း အိပ်စက်ခြင်းတွေကို ပြုလုပ်ပေးပါမယ်။

 

၈။ ကိုယ်လက် နှီးနှောပြုခြင်း

          မြန်မာလူမျိူးများအတွက် နားယဉ်ချင်မှယဉ်မှာ ဖြစ်ပေမယ့် မိမိချစ်တဲ့သူ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ အတူနေထိုင်ခြင်းဟာလည်း စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်စေပါတယ်။ တစ်ဦးနှင့်တစ်ဦး နားလည်ခြင်း၊ ဖေးမခြင်းများဖြင့် ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

 

Credit: ဒေါက်တာဘုန်းမြတ်ကျော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18