Print

(HIV/AIDS) နဲ့ (STD)ဘာကွာခြားလဲ

  03-Oct-2018
Preview Image

အေအိုင်ဒီအက်စ်

(အိတ်ချ်အိုင်ဗွီ) ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ခုခံအားကို ကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုး တမျိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ရောဂါပိုးက ဗိုင်းရပ်စ် အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် မျိုးပွားနိုင်ပါတယ်။ အတ်ချ်အိုင်ဗွီပိုး များလာလေလေ ကိုယ်ခန္ဓာကိုယ်ခုခံမှုအား ကျဆင်းလေလေဖြစ်ပြီးအချိန်ကာလကြာမြင့်လာတာနဲ့အမျှ ပြင်ပကဝင်လာတဲ့ သာမန်ရောဂါ အသေးအမွှားလေးတွေ ကိုတောင်ခုခံတွန်းလှန်နိုင်စွမ်းမရှိတော့ပဲ နောက်ဆုံး အသက်ဆုံးရှုံးရတဲ့ အထိဖြစ်သွားနိုင်ပါတယ်။ပြီးတော့ ဒီနေ့အထိ ဒီရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်တဲ့ဆေးမျိုးမရှိသေးပါဘူး။ 


 ကာလသားရောဂါ(STD)

ကာလသားရောဂါဆိုတာကဂနို၊ ဆစ်ဖလစ်၊ မှို၊ ကြွက်နို့ အစရှိတဲ့ ကူးစက်နိုင်တဲ့ရောဂါမျိုးတွေကို ဆိုလိုတာဖြစ်ပါတယ်။ဒီရောဂါကအသက်ဆုံးရှုံးနိုင်လောက်တဲ့အထိ အန္တရာယ်မပေးနိုင်ပေမယ့် မျိုးဆက်ပွါးအင်္ဂါတွေပျက်စီးသွားအောင်တော့ ကောင်းကောင်းဒုက္ခပေး နိုင်ပါတယ်။ဒီရောဂါလေးတွေကိုတော့အမြစ်ပြတ်သွားအောင်ကုသလို့ရပါတယ်။ ဒါပေမယ့် ဒီရောဂါကုသလို့ ရနိုင်တယ်ဆိုပြီးတော့လည်းပေါ့ပေါ့နဲ့လျှော့မတွက်သင့်ပါဘူး။ မခံမရပ်နိုင်လောက်အောင် ကောင်းကောင်းစိတ်အနှောက်အယှက်ပေးနိုင်သလို ကြာရင်ကုသရခက်ခဲတဲ့ အဆင့်ကိုရောက်ရှိ သွားနိုင်ပါတယ်။


 အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါနှစ်ခုလုံး ဘယ်လိုကူးစက်လဲ။

*        ရောဂါပိုးရှိတဲ့သူနဲ့အကာအကွယ်မဲ့လိင်ဆက်ဆံတဲ့အခါမျိုး (ယောကျ်ားနဲ့မိန်းမဖြစ်ဖြစ်၊ မိန်းမချင်းပဲဖြစ်ဖြစ်၊ယောကျ်ားချင်းပဲဖြစ်ဖြစ် အကာအကွယ်မဲ့ လိင်ဆက်ဆံရင်တော့ အဲဒီရောဂါနှစ်မျိုးလုံး အလွယ်တကူကူးစက်နိုင်ပါတယ်)

*        အိတ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးပါဝင်နေတဲ့အရည်ကြည်၊ သုတ်ရည်တွေကနေကူးစက်ခြင်း။

*        အိတ်ချ်အိုင်ဗွီဗိုင်းရပ်ပိုးတွေကလိင်အင်္ဂါကထွက်တဲ့ အရည်ကြည်နဲ့ သုတ်ရည်တွေမှာ ပါဝင်နေတာကြောင့် အဲဒီသုတ်ရည်တွေ၊ လိင်အင်္ဂါကထွက်တဲ့အရည်ကြည်တွေကနေပြီးတော့လည်း အိတ်ချ်အိုင်ဗွီပိုး ကူးစက်တတ်ပါတယ်။ သုတ်ပိုးနဲ့ အရည်ကြည်တွေမှာရောဂါပါဝင်မှုနှုန်းပမာဏ များလေလေ ရောဂါပိုးကူးစက်နိုင်မှု အလားအလာကလည်း ပိုများနိုင်မှာဖြစ်ပါတယ်။

*        ပါးစပ်နဲ့လိင်ဆက်ဆံရာမှ ကူးစက်ခြင်း

*        အများသောအားဖြင့်လိင်တူဆက်ဆံတဲ့ အမျိုးသားတွေအတော်တော်များများက လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံရတာကိုသဘောကျနှစ်ခြိုက်ကြပါတယ်။ ဒါကြောင့်  ပါးစပ်နဲ့လိင်ဆက်ဆံရင်လည်းရောဂါပိုးကူးစက်နိုင်တယ်ဆိုတာကို သတိမမေ့သင့်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံတာကတော အခြားနည်းတွေနဲ့လိင်ဆက်ဆံတာထက်စာရင် ကူးစက်နိုင်မှုအလားအလာ နည်းပေမယ့် လျော့တော့ မတွက်သင့်ပါဘူး။ သွေးယိုနေတဲ့သွားဖုံးတွေထဲကို သုတ်ရည်ဒါမှမဟုတ် လိင်အင်္ဂါကနေထွက်တဲ့ အရည်ကြည်တို့ကနေတဆင့် ကူးစက်နိုင်ပါတယ်။ဒါ့အပြင် ကြမ်းကြမ်းတမ်းတမ်း နမ်းရှုပ်ရာကလည်း မထင်မှတ်တဲ့ သွေးယိုစီးမှုကြောင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။

 *       စအိုနဲ့လိင်ဆက်ဆံရာမှ ကူးစက်ခြင်း။

*       ဒီလိင်ဆက်ဆံနည်းက လိင်တူချင်းဆက်ဆံတဲ့အမျိုးသားတွေအတော်များများက သုံးလေ့ရှိတဲ့ နည်းလမ်းတခုပါပဲ။ သိထားသင့်တဲ့ အချက်ကတော့ စအိုနဲ့ လိင်ဆက်ဆံတာဟာကိုယ်ကလက်ခံတဲ့ နေရာကနေပြီးတော့ပဲ ဆက်ဆံဆက်ဆံ၊ ပို့တဲ့နေရာကနေပြီးတော့ ဆက်ဆံသည်ပဲဖြစ်စေအခြားနည်းလမ်းတွေနဲ့ လိင်ဆက်ဆံတာထက်စာရင် ဒီလိင်ဆက်ဆံနည်းက အိတ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်ဖို့၈၀ ရာခိုင်နှုန်းပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စအိုကို အလွန်တရာမှ နူးညံ့တဲ့ သွေးကြောမျှင်လေးတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့် လိင်ဆက်ဆံနေတုန်း သွေးကြောတွေ ပေါက်ပြဲထွက်သွားဖို့ အင်မတန်မှလွယ်ကူစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

*        သွေး-ကနေကူးစက်ခြင်း။

*        အိတ်ချ်အိုင်ဗွီရောဂါပိုးပါတဲ့သွေးကိုသွင်းမိမယ်၊ ရောဂါပိုးပါတဲ့ သွေးဟာ ထိခိုက် ဒဏ်ရာရှိထားတဲ့ နေရာထဲ မတော်တဆဝင်သွားမယ်ဒါမှမဟုတ် ဆေးထိုးအပ်တခုထဲ အတူတကွသုံးစွဲမယ် ဆိုရင်တော့ အိတ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်နိုင်ပါတယ်။


Credit :  အိတ်ချ်အိုင်ဗွီအိတ်စ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18