Print

ကလေးများတွင် ဆံပင်ကျွတ်ခြင်း

  27-Nov-2018
Preview Image

အရွယ်ရောက်သူ များတွင်သာမကဘဲ ကလေးများတွင်လည်း နေ့စဉ်ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော် ကလေးများတွင် ဆံပင်ကျွတ်ခြင်းသည် ကလေးဆရာဝန်ထံ လာပြသမျှ လူနာစုစု ပေါင်း၏ ၃ ရာခိုင်နှုန်းခန့်သာရှိပြီး အောက်ပါအခြေအနေများကြောင့်ဖြစ်ရပါသည်။

ကလေးများတွင် ဆံပင်ကျွတ်ရသော အကြောင်းရင်းများ

ကလေးများတွင် ပုံမှန်ထက် ဆံပင်ကျွတ်နေရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ ယင်းအကြောင်းရင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။

Tinea capitis

ဦးရေပြားပွေး သို့မဟုတ် ဒက် ဟုခေါ်ဆိုနိုင်ပြီး ကလေးများတွင် အလွန်ဖြစ်ပွားလွယ်သော ရောဂါဖြစ်ပါသည်။ ပုံစံ အမျိုးမျိုးနှင့် တွေ့ရနိုင်ပြီး ဆံပင်ကျွတ်ပြီး အနာဖေးများ ကွာနေသောပုံစံမှာ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံရှိပါသည်။ ဦးရေပြားမှ ဆံပင်များ လွယ်တကူ ကျွတ်ထွက်တတ်ပြီး ယင်းကို မျက်တောင်မွေးများနှင့် မျက်ခုံးတွင်ပါ တွေ့ရနိုင်ပါသည်။ ဤရောဂါ ဆရာဝန်များက အမြင်နှင့်ပင် ဆုံးဖြတ်နိုင်ပြီး မှိုသတ်ဆေး (griseofulvin) နှင့် သော်လည်းကောင်း ဆေးပါဝင်သော ခေါင်းလျော်ရည်များ နှင့် သော်လည်းကောင်း ကုသပါလိမ့်မည်။

Alopecia areata

Alopecia areata သည် ဆံပင်ကျွတ်ထွက်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကူးစက်တတ်သော ရောဂါမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ဖောက်ပြန်ရာမှတစ်ဆင့် ဆံသားရင်းရှိ အိတ်ငယ်လေးများကို ကိုယ်ခံအာ စနစ်မှ တိုက်ခိုက်မှု့ကြောင့်ဖြစ်သော ရောဂါဟုယူဆကြပါသည်။ စက်ဝိုင်းပုံ သို့မဟုတ် ဘဲဥပုံ အကွက်လိုက် ရုတ်တရက် ကျွတ်ထွက်တတ်ပြီး ကျွတ်ကျန်ခဲ့သော နေရာမှာ ချောမွေ့နေပြီး အနာဖေးထခြင်း၊ ဆံပင်ပြတ်ကျန်ခြင်းများ  တွေ့ရမည်မဟုတ်ပါ။ ကုသ၍ ရသောရောဂါမျိုးမဟုတ်ဘဲ အချိန်တစ်ခုကြာပြီးနောက် ဆံပင်ပြန်ပေါက်လာပါမည်။ သို့သော် ပြန် ပေါက်မည့်အချိန်ကို ခန့်မှန်းနိုင်ခြင်းမရှိသလို ထပ်လည်းကျွတ်နိုင်ပါမည်။ ၅ ရာခိုင်နှုန်းသော ကလေးများတွင် alopecia totalis ဟုသော ဦးရေပြား ဆံပင်များမရှိခြင်းနှင့် အချို့ကလေးများတွင်မူ ဆံပင်တွင်မက တစ်ကိုယ်လုံးရှိ အမွေးများပါ ဆုံးရှုံနိုင်ပါသည်။ ငယ်ရွယ်သော ကလေးများတွင်မူ ထိပ်ပြောင်သော နေရာကို စတီးရွိတ်ဆေးပြင်းများ လိမ်းခြင်းဖြင့် ကုသနိုင်ပြီး အရွယ်ရောက်  ပြီးသူများတွင်မူ ဦးရေပြားကို ထိုးဆေးများဖြင့် ကုသနိုင်ပါသည်။ သင့်အနေဖြင့် minoxidil ကို စတီးရွိက် လိမ်းဆေးများနှင့် အတူ သုံးစွဲနိုင်ပါသည်။

ဆံပင်နှစ်ခွကွဲခြင်း

ဆံပင်နှစ်ခွကွဲခြင်းကြောင့်လည်း ဆံပင်ဆုံးရှုံးမှု ရှိနိုင်ပါသည်။ ဆံပင်ကို တင်းကျပ်စွာစည်းနှောင်ခြင်း (ဥပမာ ponytails ဆံထုံး)၊ ပွတ်တိုက်များခြင်း (ဥပမာ ခေါင်းအုံးနှင့် ပွတ်တိုက်ခြင်း) နှင့် ဓာတုပစ္စည်းများ ထိတွေ့မှု့များခြင်း စသည်တို့ကြောင့် ဖြစ်ရပါသည်။ ထို့ အပြင် trichotillomania စိတ်ရောဂါရှင်များတွင် မိမိဆံပင်ကို မိမိဘာသာ ဆွဲနှုတ်တတ်သောကြောင့် ဆံပင်နှစ်ခွကွဲကာ ဆံပင်ဆုံးရှုံးမှု့ ဖြစ်နိုင်ပါသည်။ အကယ်၍ သင့်ဆရာဝ် အနေဖြင့် သင့်ကလေး ဆံပင်ဆုံးရှုံးမှုရှိနေပါက ဖြစ်စေသောအကြောင်းရင်းကို သေချာစွာရှာဖွေမည်ဖြစ်ပြီး တွေ့ရှိပါက အကြောင်းရင်းကို ရပ်တန့်စေမည် ဖြစ်ပါသည်။ သို့မှသာ ဆံပင်အသစ် ပြန်ပေါက်သော အခါကောင်းသွားမည် ဖြစ်သော်လည်း ကာလရှည်ဖြစ်ပွားခြင်းများတွင်မှု အနာရွတ်ဖြစ်သွားပါက ပြန်ပေါက်တော့မည် မဟုတ်ပါ။

Credit: Hello Health Group

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18