Print

ကလေးငယ်များတွင် ချာချာလည်အောင် မူးဝေခြင်းကိုဖြစ်စေသော အကြောင်းများက ဘာ...

  07-Nov-2018
Preview Image

သင့်ကလေးငယ်သည် မတ်တပ်ရပ်လျက်အနေအထားတွင် ရှိနေသော်လည်း သူ့ကို ဆွဲလှည့်ထားသလို မူးဝေခြင်း၊ လှုပ်ရှားနေသလို ခံစားရခြင်းများသည် ချာချာလည်အောင်မူးဝေခြင်းပင်ဖြစ်သည်။ ယင်းသည် လူကို နေထိုင်ရခက်စေသော်လည်း စိုးရ်မ်စရာ ကျန်းမာရေး အခြေအနေတော့မဟုတ်ပါ။ ထိုရောဂါသည် သက်သာမှုရရှိစေရန် ကုသနိုင်သောရောဂါဖြစ်ပါသည်။


ဟန်ချက်အကြောင်းသိနားလည်ခြင်း

ကျွန်ုပ်တို့ ခန္ဓာကိုယ် တွင် နား၏အတွင်းပိုင်းသည် ခန္ဓာကိုယ်၏ ဟန်ချက်ကို ထိန်းပေးရာတွင် အရေးပါပါသည်။ ထို့ပြင် ခန္ဓာကိုယ်၏လှုပ်ရှားမှုများနှင့် အနေအထားများကို ပါထိန်းပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ဟန်ချက်အနေအထားအားလုံးသည်  နားအတွင်းပိုင်းအပေါ်မူတည်နေခြင်းဖြစ်သည်။ လှုံ့ဆော်မှုများသည် ဦးနှောက်မှတဆင့် နားအတွင်းပိုင်းသို့ရောက်ရှိကာ ထိုမှတဆင့် မျက်လုံးများ နှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ရောက်ရှိခြင်းဖြစ်ပြီး လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်းဖြစ်ပါသည်။


ချာချာလည်အောင်မူးဝေလျှင် ဘာဖြစ်မလဲ။

ချာချာလည်အောင်မူးဝေရခြင်း အကြောင်းကို တိကျစွာမသိသေးပါ။ သို့သော် ကလေးများတွင် နားအတွင်းပိုင်းတွင် ပြသနာများရှိခြင်းကြောင့် ဦးနှောက်မှ အချက်ပေးစနစ်များ မှားယွင်းကယ ချာချာလည်အောင်မူးဝေခြင်းဖြစ်ပါသည်။ ကလေးများတွင် အဖြစ်များသော နားအတွင်းပိုင်းရောဂါ လက္ခဏာများမှာ အောက်ပါတို့ဖြစ်ပါသည်။


နားအတွင်းပိုင်းတွင် ပိတ်ဆို့စေသောအခြေအနေမျာ

အအေးမိခြင်း၊ ဓာတ်မတည့်မှုများဖြစ်ခြင်း၊ လေအိတ်ငယ်များတွင် ပိုးဝင်ခြင်း စသည်တို့သည် နားနှင့် လေအိတ်များကို ဆက်ထားသော နားပြွန်ထဲတွင် အရည်များစုပုံလာခြင်းကို ဖြစ်စေနိုင်ပါသည်။

·       နားအတွင်းဆုံးခန်းအတွင်းရှိပြွန်များတွင် ဗိုင်းရပ်စ်ပိုးများကူးစက်ဝင်ရောက်ခြင်း

·       ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်း

တစ်ခါတရံတွင် ကလေးများသည် ဦးနှောက်ကို ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နားအတွင်းပိုင်းတွင် ဒဏ်ဖြစ်ပြီး ချာချာလည်အောင်မူးခြင်းဖြစ်ရပါသည်။ တခါတရံတွင် ဦးခေါင်းကို ထိခိုက်မိခြင်းကြောင့် နားအတွင်းတွင် ဒဏ်မဖြစ်ဘဲ ဦးနှောက်ထဲတွင် ဒဏ်ဖြစ်သွားပြီး ခေါင်းမူးခြင်း၊ ချာချာလည်အောင်မူးဝေခြင်းတို့ကို ခံစားရတတ်ပါသည်။

·       မီးနီးယားရောဂါစု

ယင်းသည် နားထဲတွင် အရည်များစုဝေပြီး နားလေထွက်ခြင်း၊ ချာချာလည်အောင်မူးခြင်းတို့ဖြစ်သော ရောဂါဖြစ်ပြီး နောက်ပိုင်းတွင် နားအူခြင်း၊ နားမကြားတော့ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုရောဂါသည် ဖြစ်ခဲသော်လည်း ကလေးများတွင် ဖြစ်နိုင်ကြောင်းတွေ့ရသည်။

·       ရုတ်တရက်ချာချာလည်အောင်မူးခြင်း

ထိုသို့ဖြစ်ခြင်းသည် ကလေးဘဝတွင် အဖြစ်များပြီး ချာချာလည်အောင်မူးခြင်းမပြင် ဟန်ချက်မညီမျှခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် တစ်နှစ်အတွင်း၊ တစ်လအတွင်း အကြိမ်ကြိမ်ဖြစ်နိုင်ပြီး အသက် ၈ နှစ်ခန့်အထိဖြစ်နိုင်ပါသည်။

  မိုင်ဂရိန်း ခေါင်းကိုက်ရောဂါ

ထိုရောဂါသည် ဦးနှောက်အောက်ပိုင်းရှိသွေးလွှတ်ကြောများတွင် သွေးလည်ပတ်မှုမမှန်ကန်ခြင်းကြောင့်ဖြစ်ခြင်းဖြစ်ပြီး ခေါင်းကိုက်ခြင်း နှင့် ချာချာလည်အောင်မူးခြင်းတို့ ခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းဝေဒနာ ပြင်းထန်လေလေ ချာချာလည်အောင်မူးခြင်းကို ဆိုးရွားစွာ ခံစားရလေေလေဖြစ်ပါသည်။


ချာချာလည်အောင်မူးခြင်းရောဂါကို ဘယ်လိုသိနိုင်မလဲ။

ကလေးဆရာဝန်များသည် ကလေးငယ်များခံစားနေရသော ဝေဒနာများကို စစ်ဆေးမေးမြန်းခြင်းသည် ချာချာလည်အောင်မူးခြင်းရောဂါကို သိရှိစေနိုင်သည့် အဓိကနည်းလမ်းဖြစ်ပါသည်။ အထူးသဖြင့် ကလေးများ၏ ဦခေါင်းများနှင့် နားများကို စစ်ဆေးခြင်းပြုလုပ်ရပါသည်။ ထိုရောဂါအတွက် တိကျသော စစ်ဆေးရှာဖွေမှုများ မရှိသေးသော်လည်း အချို့သော ကလေးများတွင် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ဖြင့် ချာချာလည်အောင်မူးခြင်းကို ဖြစ်စေနိုင်သော အခြားကျန်းမာရေးပြသနာများကို သိရှိစေနိုင်ပါသည်။


ချာချာလည်အောင်မူးခြင်းကို ဘယ်လို ကုသမလဲ။

ချာချာလည်အောင်မူးခြင်းသည် ဆေးကုသမှုမလိုဘဲနှင့် အလိုလိုပျောက်ကင်းနိုင်သောရောဂါဖြစ်ပါသည်။ နားအတွင်းပိုင်းပြသနာကြောင့် ချာချာလည်အောင်မူးခြင်းဖြစ်သော ကလေးများတွင် ကလေးဆရာဝန်ပေးသောဆေးများကို မှီဝဲခြင်းဖြင့် သက်သာစေနိုင်ပြီး ဟန်ချက်များကိုလည်း မှန်လာစေမည်ဖြစ်ပါသည်။ အများဆုံးအသုံးပြုသော ဆေးများမှာ

·       ဟစ်စတာမင်းဓာတ်ကို ဆန့်ကျင်သောဆေးများ သည် နားအတွင်းပိုင်းပြသနာများကို သက်သာစေပါသည်။

·       လိုအပ်လျှင် အမူးပျောက်ဆေးများထပ်ပေးပါသည်။

·       နားအတွင်းပိုင်းပိုးဝင်ခြင်းသံသယရှိပါလျှင် ဘက်တီးရီးယား၊ ဗိုင်းရပ်သတ်ဆေးများ၊ အရောင်ကျဆေးများကို ပေးပါသည်။

ကလေးများအနေနှင့် ဟန်ချက်ကို ထိန်းပြီး ကစားခြင်း၊ လှုပ်ရှားမှုများပြုလုပ်ခြင်းတို့ကို ရောဂါမပျောက်မချင်း ရှောင်ကျဉ်သင့်ပါသည်။ ယင်းတို့မှာ စကိတ်စီးခြင်း၊ စက်ဘီး၊ စကူတာစီးခြင်း၊ ဒလှိမ့်တုံးများဖြင့် စကိတ်စီးခြင်း၊ ကာမောင်းခြင်းစသည်တို့ဖြစ်ပါသည်။


မိဘများအနေဖြင့် မိမိတို့ ကလေးများကို ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသင့်သလဲ။

အောက်ပါအချက်များဖြစ်ပါက ကလေးဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။

·       ချာချာလည်အောင်မူးခြင်းမကြာခဏဖြစ်နေလျှင်၊ ဖြစ်လာလျှင်လည်း အချိန်ကြာမြင့်စွာ ခံစားနေရလျှင်

·       ကလေးငယ်သည် မလှုပ်ရှားနိုင်လောက်အောင် ပြင်းထန်စွာ မူးဝေခြင်းဖြစ်လျှင်

·       ချာချာလည်အောင်မူးခြင်းနှင့် အတူ နားအူခြင်း၊ နားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နားပိတ်ခြင်း သို့မဟုတ် နားမကြားခြင်း စသည့် နားပြသနာများနှင့် တွဲပြီး ခံစားရလျှင်

·       ကလေးငယ်များသည် စိတ်အာရုံများရှုပ်ထွေးပြီး နေ့စဉ်လှုပ်ရှားမှုများ မပြုလုပ်နိုင်တော့လျှင် ကလေးဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။

Credit: Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18