Print

ကလေးကိုနို့ချိုတိုက်ကျွေးစဉ်မှာ ရှောင်သင့်တဲ့အစားအစာများ

  27-Oct-2018
Preview Image

နို့ချိုတိုက်ကျွေးနေချိန်မှာ မတူညီတဲ့စားစရာမျိုးစုံပါဝင်တဲ့ ညီညွတ်မျှတတဲ့စားသောက်မှုပုံစံနဲ့ စားသောက်သင့်ပါတယ်။ ဒါမှသာ သင့်ကလေး အပြည့်အ၀ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျန်းမာစွာကြီးပြင်းလာဖို့အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာရရှိနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နို့ချိုတိုက်ကျွေးချိန်မှာ စားစရာတွေအားလုံးက သင့်အတွက်သင့်လျော်နေတာတော့မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးမှာတော့ သင်ရှောင်သင့်တဲ့အချက်အလက်တွေကို ရေးသားတင်ပြထားပါတယ်။


ကဖိန်း

ကဖိန်းကိုသောက်လိုက်တာနဲ့ သင့်သွေးကြောထဲစီးဆင်းသွားပြီး နို့ရည်ထဲရောက်သွားပါလိမ့်မယ်။ ကဖိန်းဟာ သင့်ကလေးကို စနိုးစနှောင့်ဖြစ်စေပြီး နိုးကြားလွယ်တာမျိုးဖြစ်စေပါတယ်။ တကယ်လို့သင့်ကလေးဟာ အင်အားအပြည့်နဲ့ နိုးကြားတက်ကြွနေပြီဆိုရင် သင့်ကလေးကို ပြုစုဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ သင့်အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်လာဖို့သေချာသလောက်ပါပဲ။ဒါပေမယ့် သင့်တော်ရုံလောက် (မနည်းမများ)သောက်ခြင်းဟာ သင့်ရဲ့နို့ရည်ကိုရော ကလေးကိုပါ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ သင့်အတွက်သင့်လျော်တဲ့ပမာဏကတော့ တစ်ရက်မှာ ကော်ဖီ ၁ခွက်ကနေ ၂ခွက်ထိ သောက်သုံးတာပါပဲ။


ပူဒီနာ

ပူဒီနာပမာဏများများစားသုံးလိုက်တဲ့အခါမှာ သင့်ရဲ့နို့ထွက်နှုန်းကို အနှောင့်အယှက်ဖြစ်စေပါတော့တယ်။ ကလေးတွေကိုနို့ဖြတ်တဲ့အခါမှာ နို့ထွက်တာရပ်သွားအောင် အမျိုးသမီးတွေက ပူဒီနာများများစားကြပါတယ်။ ဒါပေမယ့် ပူဒီနာကို သင်ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စားစရာအဖြစ်သို့မဟုတ် လက်ဖက်ရည်အဖြစ်သုံးဆောင်လို့တော့ရပါသေးတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိရပါ။ နို့ထွက်တာနည်းသွားပြီဆိုရင်တော့ ပူဒီနာစားခြင်းကို ရပ်လိုက်တာအကောင်းဆုံးပါပဲ။


ကလျာဏီပင် (Sage)

Sage ဟာ ပူဒီနာတွေလို နို့ထွက်နှုန်းနည်းစေတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် ဒါကိုလည်းများများစားဖို့မသင့်ပါဘူး။ ဒီဆေးပင်ဟာ နို့ထွက်နှုန်းနည်းစေတာကြောင့် ကလေးအတွက်လည်းမကောင်းလှပါဘူး။


မြေပဲ

တကယ်လု့ိသင့်မိသားစုမှာ မြေပဲနဲ့ဓာတ်မတည့်သူရှိခဲ့ရင် နို့ဖြတ်ပြီးချိန်အထိ မြေပဲမစားမိအောင်သတိထားပါ။ မိခင်နို့ရည်ကတစ်ဆင့် ဘယ်လိုဓာတ်မတည့်စေတဲ့ ဒြပ်ပေါင်း မဆို သင့်ကလေးဆီရောက်သွားနိုင်ပါတယ်။ သင့်ကလေးဟာ မြေပဲနဲ့ဓာတ်တည့်လားမတည့်လား မသေချာသေးရင် ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့ အင်ပြင်တွေ၊ ဖုထတာတွေနဲ့ အသက်ရှူကြပ်တာတွေ သင့်ကလေးမှာဖြစ်မဖြစ် သတိထားစောင့်ကြည့်ပါ။


ဂျုံ

တကယ်လု့ိသင့်ကလေးမှာ ဂျုံတွေမှာပါတတ်တဲ့ပရိုတိန်းဓာတ်ကို အစာမခြေနိုင်တဲ့ပြဿနာ (gluten intolerance) ရှိနေတယ်လို့ တွေ့ရှိထားရင် အကောင်းဆုံးကတော့ gluten မပါတဲ့ပစ္စည်းတွေကို စတင်အသုံးပြုတာပါပဲ။ သင်က gluten ပါဝင်တဲ့ ဂျုံတွေကိုစားမယ်ဆိုရင် သင့်ကလေးဟာ ဗိုက်ရစ်ခြင်း ဗိုက်နာခြင်း၊ သွေးဝမ်းသွားခြင်းစတာတွေဖြစ်နိုင်ပါတယ်။


နို့ထွက်ပစ္စည်း

နို့ထွက်ပစ္စည်းဟာ နို့စို့ကလေးငယ်တွေအတွက် ပြဿနာအပေးနိုင်ဆုံးသော စားစရာပါပဲ။ ကလေးဟာ နို့စို့ပြီးချိန်မှာ စိတ်တိုင်းမကျတဲ့အမူအရာမျိုးတွေ၊ဒေါသထွက်တဲ့အမူအရာတွေပြနေခြင်း၊ အင်ပြင်ထခြင်း၊ အခြားသော အရေပြားပြဿနာတွေဖြစ်ခြင်း သို့မဟုတ် အိပ်စက်ခြင်းဆိုင်ရာပြဿနာရှိနေခြင်း စတာတွေဖြစ်ခဲ့ရင် ဒါတွေဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ အစားအသောက်ရှောင်ရှားခြင်းပါပဲ။


အရက်

အရက်ဟာ နို့ရည်အဖြစ်ပြောင်းလဲစီးဆင်းနိုင်တာမို့ ကလေးအတွက် ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဆိုးကျိုးမှမဖြစ်ပေါ်စေချင်ဘူးဆိုရင် နို့တိုက်ကျွေးနေစဉ်မှာ အရက်မသောက်တာ အကောင်းဆုံးပါပဲ။ဒါပေမယ့် သောက်ရမှဖြစ်မယ်ဆိုရင်တော့ တစ်ခွက်သာသောက်ပါ။ ဒါ့အပြင် အရက်ကို ချေဖျက်ဖို့အချိန်က ၁နာရီမှ   ၂ နာရီခန့်ထိကြာတတ်ပါတယ်။ အရက်တွေဟာ သွေးကြောထဲမှာနေသလောက် နို့ရည်ထဲမှာကြာကြာမရှိနိုင်ပါဘူး။ ဒါကြောင့် အမူးပြေသွားတဲ့အချိန်မှာ နို့ပြန်တိုက်လို့ရပါပြီ။


မတူညီတဲ့စားစရာတွေကိုစားတာကကောင်းပါတယ်။ ဒါပေမယ့် ဒီစားစရာတွေက နို့ထွက်နှုန်းနဲ့ နို့ရဲ့အရည်အသွေးကိုဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကို သတိပြုပြီးစားသင့်ပါတယ်။ တကယ်လို့သင်ဟာ စားသောက်ပုံနဲ့ပတ်သက်ပြီးခက်ခဲနေတယ်ဆိုရင် သို့မဟုတ် မေးစရာတွေနဲ့ စိုးရိမ်ပူူပန်မှုတွေရှိနေတယ်ဆိုရင် ဆရာဝန်၊အာဟာရပညာရှင် သို့မဟုတ် ကျန်းမာရေးအကြံပေးနိုင်သူတွေကိုဆက်သွယ်ပြီး အကြံဉာဏ်တောင်းခံမှုတွေ၊ လမ်းညွှန်မှုခံယူဖို့တွေ နဲ့ ကုသမှုတွေခံယူဖို့ တွန့်ဆုတ်မနေပါနဲ့။


Credit: Hello Health Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18